ပခြုပ်ထဲက မြွေတကောင်

တခါတုန်းက လူတယောက်ဟာ မြွေတကောင်ကို နေ့စဉ်ကျွေးမွေးပြီး ပခြုပ်ထဲမှာ ထည့်ထားပါသတဲ့။ အဲဒီမြွေကို အစာကျွေးရာမှာ တနေ့လျှင် ကြွက်တကောင်အားဖြင့် ပခြုပ်အတွင်း ထည့်ပြီးတော့ စားစေပါတယ်။

ဒါပေမယ့် မြွေကတော့ သူပခြုပ်ထဲက ဘယ်လို လွတ်မြောက်နိုင်မလဲလို့ အမြဲတွေးပြီး အကြံထုတ်နေတာပေါ့။ ဒါပေမယ့် သူလွတ်လမ်းကို ဘယ်လိုမှ ရှာမတွေ့ဘူး ဖြစ်နေသတဲ့။

တနေ့ မြွေက စဉ်းစားမိတယ်။ "သူလည်း ဒီထဲ ရောက်နေတာကြာပြီ ဘယ်လိုမှလည်း ပြန်မထွက်နိုင်ဘူး။ သူမကြာခင် သေရတော့မှာပဲ။ ဒီတော့ ဒီနေ့ သူစားရမယ့် ကြွက်လေးကို မစားပဲ လွှတ်ပေးလိုက်တော့မယ်"

မြွေက အဲဒီလို တွေးပြီးတော့ သူ့အတွက် မြွေဖမ်းသမား နေ့စဉ် ထည့်ပေးနေကျ ကြွက်လေးတကောင်ကို ဒီတခါတော့ မစားဘဲ သာသာ ငြိမ်နေသတဲ့။ အဲဒီလို လွှတ်ပေးလိုက်ရလို့ သူ့စိတ်ထဲ ပီတိတွေ ဖြစ်နေမိတယ်။

နာရီဝက်လောက်လည်း ကြာရော သူမစားဘဲ ဒီအတိုင်း ထားလိုက်တဲ့ ကြွက်ကလေးက ပခြုပ်ကို ကိုက်ဖြတ်လိုက် နိုင်ခဲ့တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့ အပေါက်ကနေ ထွက်ပြီး သူပါ လွတ်သွားတော့တာပေါ့။

ကျနော်ဟာ ကိုယ့်အတွက်ကိုပဲ ဘာလုပ်သည်ဖြစ်စေ ပိုပြီး စဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ် လုပ်နေတဲ့လူတွေကို အမြဲလိုလို အပေါ်စီးကပဲ ဆက်ဆံနေမိတယ်။ ကိုယ်အဆင်ပြေဖို့အတွက် တခြားသူကို ချနင်းချင်ကြတာ မဆန်းပါဘူး။

အလုပ်တခု လုပ်တဲ့ နေရာမှာ ကိုယ်ကပဲ ရသမျှ အကုန်ယူတာထက် လက်အောက်ငယ်သား အပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင် ပေးခြင်းက အလုပ်ကို ပိုတွင်ကျယ်စေသလို မိမိအလုပ်သမားကလည်း မိမိအပေါ် လေးစားချစ်ခင် လာမှာပါ။

လက်အောက်ငယ်သားအပေါ် ညှာတာမှုထားခြင်းက လုပ်ငန်းအပေါ် ပိုပြီးအောင်မြင်နိုင်တဲ့ အချက်တချက်ပါပဲ။ မြွေလို လက်အောက်ငယ်သား ကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာ လွတ်မြောက်ရသလိုပဲ

အလုပ်တခုမှာ မိမိလက်အောက်ငယ်သားအပေါ် အမြတ်မထုတ်ပဲ မေတ္တာနဲ့သာ ဆက်ဆံမယ် ဆိုရင် အခက်အခဲ ဖြစ်ချိန်မှာတောင်လက်အောက်ငယ်သားရဲ့ အကူအညီနဲ့ ကြိုးစားလွတ်မြောက် နိုင်မှာပါ။

ဒါ့ကြောင့် မိမိလုပ်ငန်း အောင်မြင်ချင်တယ် ဆိုရင်တော့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို အခွင့်အရေးပေးဖို့ မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက်ပါရစေ။ crd

Post a Comment

0 Comments