သူ့နေရာနှင့်သူ

ဧည့်ခန်းထဲက ကတ္တီပါ လင်ဗန်းပေါ်မှာ စိန်စီတဲ့ ဓားက မီးဖိုချောင်ထဲမှာ အသားလှီးလို့ မရဘူး။ မီးဖိုချောင်ထဲမှာ အသားလှီးတဲ့ဓားကလည်း စိန်စီတဲ့ နေရာမှာ သုံးလို့ မရပြန်ဘူး။ သို့သော်လည်း သူ့နေရာနှင့် သူတော့ အသုံးဝင်နေ ကြတာပဲ။

ကိုယ့်အတွက် အလွယ်တကူ လုပ်လို့ရတဲ့ အလုပ်က တချို့လူတွေအတွက် ခက်ရာခဲဆစ် ဖြစ်ရင် ဖြစ်နေပြန်ရော။ လူတိုင်း အလွယ်လေးပါလို့ အော်ဟစ်နေတဲ့ အရာတွေကလည်း ကိုယ့်အတွက် ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။

သူများကို လှောင်ရယ်ဖို့ မလိုအပ်သလို ကိုယ့်ကိုယ်ကိုလည်း အားငယ်နေဖို့ မလိုပါဘူး။ ပုဆိန်က မာကျောတဲ့ သစ်သားတွေကို ခွဲစိတ်နိုင်ပေမယ့် ပန်းပုဆရာလက်ထဲက ဆောက်ငယ်လို ပန်းစာလုံး မထွင်းနိုင်ဘူး။

ဘယ်လောက်ပဲ အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါစေ သူ့နေရာနဲ့ သူသာလျှင် အသုံးပြုလို့ ရတာပါ။ ဘယ်လောက်ပဲ တော်တဲ့လူတယောက် ဖြစ်နေပါစေ နေရာတကာတော့ အသုံးမတည့်နိုင်ဘူး။

နေရာမှန်ဖို့ လိုပါတယ်။ အားနည်းသူကို လှောင်ပြောင်ခြင်းဟာ စိတ်ထားမြင့်မြတ်သူတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ သျှီ (တမာမြေ)

Zawgyi

သူ့ေနရာနွင့္သူ

ဧည့္ခန္းထဲက ကတၱီပါ လင္ဗန္းေပၚမွာ စိန္စီတဲ့ ဓားက မီးဖိုေခ်ာင္ထဲမွာ အသားလွီးလို႔ မရဘူး။ မီးဖိုေခ်ာင္ထဲမွာ အသားလွီးတဲ့ဓားကလည္း စိန္စီတဲ့ ေနရာမွာ သုံးလို႔ မရျပန္ဘူး။ သို႔ေသာ္လည္း သူ႔ေနရာႏွင့္ သူေတာ့ အသုံးဝင္ေန ၾကတာပဲ။

ကိုယ့္အတြက္ အလြယ္တကူ လုပ္လို႔ရတဲ့ အလုပ္က တခ်ိဳ႕လူေတြအတြက္ ခက္ရာခဲဆစ္ ျဖစ္ရင္ ျဖစ္ေနျပန္ေရာ။ လူတိုင္း အလြယ္ေလးပါလို႔ ေအာ္ဟစ္ေနတဲ့ အရာေတြကလည္း ကိုယ့္အတြက္ ခက္ခဲရင္ ခက္ခဲေနလိမ့္မယ္။

သူမ်ားကို ေလွာင္ရယ္ဖို႔ မလိုအပ္သလို ကိုယ့္ကိုယ္ကိုလည္း အားငယ္ေနဖို႔ မလိုပါဘူး။ ပုဆိန္က မာေက်ာတဲ့ သစ္သားေတြကို ခြဲစိတ္ႏိုင္ေပမယ့္ ပန္းပုဆရာလက္ထဲက ေဆာက္ငယ္လို ပန္းစာလုံး မထြင္းႏိုင္ဘူး။

ဘယ္ေလာက္ပဲ အသုံးဝင္တဲ့ ပစၥည္းျဖစ္ပါေစ သူ႔ေနရာနဲ႔ သူသာလွ်င္ အသုံးျပဳလို႔ ရတာပါ။ ဘယ္ေလာက္ပဲ ေတာ္တဲ့လူတေယာက္ ျဖစ္ေနပါေစ ေနရာတကာေတာ့ အသုံးမတည့္ႏိုင္ဘူး။

ေနရာမွန္ဖို႔ လိုပါတယ္။ အားနည္းသူကို ေလွာင္ေျပာင္ျခင္းဟာ စိတ္ထားျမင့္ျမတ္သူေတြရဲ႕ လုပ္ရပ္ မဟုတ္ပါဘူး။ သွ်ီ (တမာေျမ)

Post a Comment

0 Comments