နှင်းတောထဲမှာ လမ်းပျောက်နေတဲ့ ဝက်လေးကို အိမ်ပြန်ပို့ပေးခဲ့တဲ့ ရဲအရာရှိ

တကယ်လိုအပ်နေတဲ့သူတွေကို ကူညီခွင့်ရလိုက်တာဟာ ပျော်ရွှင်မှုတစ်မျိုးပါပဲ။ မကြာသေးခင်တုန်းက ဝက်လေးတစ်ခုက အေးတဲ့ရာသီဥတုထဲမှာ လမ်းပျောက်နေခဲ့ပါတယ်။

လမ်းပျောက်နေတဲ့ဝက်လေးကို ရဲအရာရှိတစ်ယောက်က ကယ်တင်ပေးခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ အမေရိကန်နိုင်ငံ၊ Alaska ပြည်နယ်၊ Anchorage ရဲစခန်းရဲ့ facebook မှာ တင်ထားခဲ့တာပါ။

ဝက်တစ်ကောင်က နှင်းတောထဲမှာ လမ်းပျောက်နေကြောင်းကို တွေ့မြင်သူတစ်ယောက်က ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

ဒီလိုကိစ္စက ရဲအရာရှိတွေရဲ့လုပ်ငန်းမဟုတ်ပေမယ့်လည်း ကြင်နာတတ်တဲ့ရဲအရာရှိကြီးက ကူညီပေးခဲ့ပါတယ်။

ဝက်လေးက အေးပြီး အထီးကျန်နေတာကြောင့် ကားနဲ့ ဝက်လေးကို သွားခေါ်ခဲ့ပါတယ်။ ဝက်လေးက ရဲအရာရှိကြီးကို မကြောက်ဘဲ ကားပေါ်မှာ ပါလာခဲ့ပါတယ်။


ကံကောင်းစွာနဲ့ပဲ ဝက်လေးကို မိသားစုထံမှာ အပ်နှံနိုင်ခဲ့ပါတယ်။ ဝက်လေးရဲ့နာမည်ကတော့ Elvis Pigsley ပါ။ Elvis Pigsley လေးကို ပြန်တွေ့လို့ မိသားစုဝင်တွေက အရမ်းဝမ်းသာသွားခဲ့ပါတယ်။

မနှစ်က ဧပြီလတုန်းကလည်း လမ်းကူးနေတဲ့ ကြက်ဆင်တစ်ကောင်ကို ရဲတွေက ကူညီပေးခဲ့ဖူးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments