ပကာသနတွေရဲ့ အစေခံများ

ပထမလူက သိန်းသုံးထောင်ကျော်တန် နောက်ဆုံးပေါ် လင်ခရူဇာကားကြီး စီးတယ်။ သိန်းသောင်းကျော်တန် အိမ်ရှိတယ်။ သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီး ရှိတယ်။ သို့ပေမယ့် အကြွေးသိန်း ပေါင်းတသိန်းကျော် ရှိနေတယ်။

ဒုတိယလူ သိန်းတရာ့ငါးဆယ်တန် ကား‌လေး မောင်းတယ်။ သိန်းရာကျော် အိမ်လေးနဲ့ နေတယ်။ သူ လုပ်ငန်း တိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေး တင်နေတယ်။ သူ့ဘဝမှာ အမြဲသောက ဖြစ်နေရတယ်။

တတိယလူ ၁၀ သိန်းဝန်းကျင် ဆိုင်ကယ် မောင်းတယ်။ သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်။

သူ့ ဘဝက ပုံမှန်အလုပ်သွား၊ လူမှုရေးလုပ်၊ အများအတွက်လုပ်၊ မိသားစုကို တတ်နိုင်သလောက် အချိန်ပေး၊ ဘုရားတရားမြဲနဲ့ နေတယ်။ မိဘအိမ်မှာ ကပ်နေတယ်။

သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ်မောင်းနေတဲ့သူက သိန်းတရာတန်ကား မောင်းတဲ့လူကို အားကျတယ်။

သိန်းတရာတန်ကား မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ်။ လင်ခရူဇာ မောင်းတဲ့လူကလည်း ဆိုင်ကယ် မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျ နေပြန်တယ်။

ဒါဟာ လောကမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရာတွေပါ။ လူတိုင်း တယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ်။

ကြောင်က ငါးကို ကြိုက်တယ်။ ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး။ ငါးက တီကောင်ကို ကြိုက်တယ်။ ဒါပေမယ့် ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့ တီတူးပြီး မစားနိုင်ပါဘူး။

ဒီကနေ့ ဘယ်လောက်ပဲ ကြီးတဲ့ ကိစ္စကြီး ဖြစ်နေပါစေ မနက်ဖြန်မှာတော့ သေးသေးမွှားမွှားလေး ပြန်ဖြစ်သွားရော။ ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ် နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော။

အလွန်ဆုံးတော့ ကျနော်တို့လည်း တပါးသူ နားထောင်ဖို့ ပုံပြင်ကိုယ်စီ ရှိနေရုံလေးပါပဲ။ တကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ။ လွတ်လပ်မှုဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်က‌တော့ ရွေးချယ်မှုအပေါ် မူတည်ပါတယ်။ Crd

Post a Comment

0 Comments