အပေါ်ယံကိုပဲ မကြည့်နဲ့

တခါက အရမ်းကို ကြင်နာတတ်ပြီး ကူညီတတ်တယ် လူကောင်းတယောက် ရှိတယ်။ အမြဲတမ်း လူတဖက်သားကို ကူညီတတ်ပြီး သူ့အတွက် ဘာကိုမှ ပြန်မလိုချင်စိတ် မရှိတဲ့သူမျိုး ဖြစ်တယ်။ အခြားသူကို ကူညီတယ် ဆိုတာကို သူလုပ်ချင်တဲ့အတွက်ကြောင့် လုပ်တာ ဖြစ်တယ်။

တနေ့မှာတော့ သူဟာ ဖုန်ထူတဲ့လမ်းကို လမ်းလျှောက်လာနေတုန်း ပိုက်ဆံအိတ်တလုံးကို ကောက်ရတယ်။ ပိုက်ဆံအိတ်ထဲမှာ ဘာမှတော့ မရှိပါဘူး။

ရုတ်တရက် မိန်းမတယောက် ရောက်လာပြီး ရဲသားတယောက်ကို ပြပြီး ထိုလူကို ဖမ်းခိုင်းလိုက်ပါတယ်။ ပြီးတော့ အမျိုးသမီးက မေးပါတယ်။

"ကျမငွေတွေကို ဘယ်မှာ ဝှက်ထားသလဲ"

"ကျနော်တွေ့ကတည်းက ပိုက်ဆံအိတ်ထဲမှာ ဘာမှမရှိပါဘူး" လို့ ကြင်နာတတ်တဲ့လူက ဖြေလိုက်ပါတယ်။ ထိုအခါ အမျိုးသမီးက ထိုလူကို အော်လိုက်ပါတယ်။

"အဲဒီ ငွေတွေ ကျေးဇူးပြုပြီး ပြန်ပေးပါ။ အဲဒါက ကျမသား ကျောင်းလခတွေ"

အမျိုးသမီးကို ကြည့်လိုက်တဲ့အခါ တကယ် ဝမ်းနည်းနေပုံ ရတဲ့အတွက် လိမ်နေတာ မဖြစ်နိုင်ဘူးလို့ ကြင်နာတတ်တဲ့ လူကြီးက တွေးမိပါတယ်။ အဲဒါကြောင့်

"ဟုတ်လား ကျနော်ယူမိပါတယ်။ စိတ်မရှိပါနဲ့ခင်ဗျာ။ ဒီမှာ ခင်ဗျားငွေတွေပါ"

အမျိုးသမီးက ထွက်သွားတဲ့အခါ ရဲသားက မေးခွန်းတွေမေးဖို့ ကြင်နာတတ်တဲ့ ဦးလေးကို ခေါ်ထားလိုက်ပါတယ်။ အမျိုးသမီးက အရမ်းကို ပျော်ရွှင်သွားပါတယ်။ ဒါပေမယ့် ငွေကို ရေတွက်လိုက်တဲ့အခါ နဂိုငွေထက် နှစ်ဆ ပိုများနေတာကို တွေ့လိုက်ရပါတယ်။

တရက်မှာတော့ အားနည်းဖျော့တော့ နေပုံရတဲ့ လူတယောက်က အမျိုးသမီးရဲ့ အနောက်ကနေ လိုက်လာတာကို အမျိုးသမီးက သတိထားမိပါတယ်။

အမျိုးသမီးက သူမရဲ့ငွေကို ထိုလူလုယူမယ်လို့ တွေးပြီး ရဲသားရှိရာဆီ အမြန် လျှောက်သွားလိုက်ပါတယ်။ ထိုရဲသားက ပထမတခေါက် သူမပိုက်ဆံအိတ် ပျောက်တုန်းက ရဲသားပဲ ဖြစ်နေပါတယ်။

အမျိုးသမီးက ရဲသားကို အကျိုးအကြောင်း ပြောပြတဲ့အခါ ရဲသားက အနောက်က လိုက်လာသူကို ကြည့်လိုက်ပါတယ်။ ထိုအခါမှာတော့ အနောက်က လိုက်လာသူက အရမ်းကို အားနည်းပြီး နေမကောင်းဟန် ပေါ်နေပါတယ်။

ထိုလူကလည်း ပထမတခေါက်တုန်းက ငွေတွေစိုက်ပေးခဲ့တဲ့ ဦးလေးပဲ ဖြစ်ပါတယ်။ ထိုသူကို တွေ့တဲ့အခါ ရဲသားက အမျိုးသမီးကို ရှင်းပြလိုက်ပါတယ်။

"ဒီလူက လုမယ့်သူ မဟုတ်ပါဘူး။ ပထမတခေါက်တုန်းက ခင်ဗျားကို ငွေစိုက်ပေးခဲ့တာ သူပါပဲ။ တကယ်တော့ သူက လူဆိုးမဟုတ်ပါဘူး။ ခင်ဗျားသားရဲ့ ကျောင်းလခ ပျောက်သွားလို့ ခင်ဗျားစိတ်မကောင်း ဖြစ်နေတာကို သနားလို့ သူ့မှာရှိသမျှ ငွေတွေ ခင်ဗျားကို ပေးခဲ့တဲ့လူပါ"

"ခင်ဗျားသားရဲ့ ကျောင်းလခ ပေးလိုက်နိုင်ရဲ့လား" လို့ ကြင်နာတတ်တဲ့ လူကြီးက အမျိုးသမီးကို မေးလိုက်ပါတယ်။ ထိုအခါမှအမျိုးသမီးက အံ့အားသင့် သွားပါတော့တယ်။ တခါတလေ ကျရင် ဘဝက အံ့အားသင့်စရာကောင်းတဲ့ သင်ခန်းစာတွေ ပေးတတ်ပါတယ်။

တချို့အရာတွေကို သင်အံ့အားသင့်ရ ပါလိမ့်မယ်။ သင်မှားယွင်းပြီး ယူဆနေတဲ့အရာတွေ ရှိတယ်ဆိုတာလည်း သင်သိလာပါလိမ့်မယ်။ တချို့လူတွေက သင်ထင်ထားသလိုမျိုး၊ အပြင်ပန်းသွင်ပြင်နဲ့ စိတ်ဓာတ်တွေက အရမ်း ကွာခြားနေတတ်တယ် ဆိုတာကို သင်ကြုံရပါလိမ့်မယ်။ အဲဒါကြောင့် လူတယောက်ရဲ့ အပေါ်ယံ အမြင်ကို ကြည့်ပြီး ထိုလူရဲ့ အကျင့်စာရိတ္တကို မဆုံးဖြတ်သင့်ပါဘူး။

လူတိုင်းကို အသိအမှတ်ပြုနိုင်ဖို့ သင်ယူသင့်ပါတယ်။ လမ်းဘေးက သူတောင်းစား ဖြစ်နေပေမယ့် သူများပစ္စည်း မခိုးမဝှက်တတ်တဲ့ သူမျိုးတွေလည်း အများကြီးပါပဲ။ အဲဒါကြောင့် လူတိုင်းကို လေးစားစွာ ဆက်ဆံတတ်ဖို့ သင်ယူသင့်ပါတယ်။ Crd

Post a Comment

0 Comments