ဒေါသကြီးသော မြင်းရိုင်း

အာဖရိကတောအုပ်ထဲက သွေးစုပ်လင်းနို့တွေဟာ ဘာမှမဟုတ်တဲ့ အကောင်တွေ ဖြစ်တယ်။ သူတို့ဟာ တခြားတိရိစ္ဆာန်ရဲ့ သွေးကို စုပ်ယူ စားသုံးပြီး အသက်ရှင်ကြတယ်။

ဒီလို ဘာမှ မဟုတ်တာကပဲ မြင်းရိုင်းတွေကို သေစေတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ တိရိစ္ဆာန် ပညာရှင်များက ခန့်မှန်းကြတယ်။

လင်းနို့တွေဟာ မြင်းရိုင်းတွေကို သွေးစုပ်တော့မယ် ဆိုရင် မြင်းရိုင်းရဲ့ ပေါင်ကို အရင်ဆုံး တွယ်ကပ်ကြတယ်။ တွယ်ကပ်ပြီး ပေါင်ကို ချွန်ထက်နေတဲ့ သူ့တို့ရဲ့ သွားနဲ့ ထိုးလိုက်ပြီး သွေးတွေကို စုပ်ယူတော့တယ်။

မြင်းရိုင်း ဘယ်လောက်ပဲ ခုန်ပါစေ၊ လှုပ်ခါပါစေ လင်းနို့တွေက ပြုတ်မကျတဲ့အပြင် သွေးစုပ် မပျက်ခဲ့ဘူး။ သွေးတွေကို စိတ်ကြိုက် စုပ်ယူတော့တယ်။ သနားစရာ မြင်းရိုင်းကတော့ ခုန်ရင်း၊ ပေါက်ရင်း မောပန်းပြီး သေပွဲဝင်ကြရပါတယ်။

လင်းနို့က မြင်းရိုင်းရဲ့ သွေးကိုပဲ စုပ်ယူတာ မဟုတ်ပါဘူး။ တခြား တိရိစ္ဆာန်တွေရဲ့ သွေးကိုလည်း စုပ်ယူပါသေးတယ်။ ဒါပေမဲ့ မြင်းရိုင်းတွေကပဲ ဒီသွေး အနည်းငယ်အတွက်နဲ့ ဒေါသထွက်ပြီး သေကြရတာပါ။

ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ မြင်းရိုင်းသေရတာက လင်းနို့ စုပ်ယူလိုက်တဲ့ သွေးတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဒေါသနဲ့ကိုယ် ခုန်ပေါက်ပြီး မောပန်းလို့ သေရတာ ဖြစ်တယ်။

လင်းနို့က စုပ်ယူလိုက်တဲ့ သွေးအနည်းငယ်က မြင်းရိုင်းကို ဘာမှ မထိခိုက်စေနိုင်ဘူး။ တခြား တိရိစ္ဆာန်လို့ အမြီးလေး လှုပ်ရမ်းပြီး မောင်းထုတ်ရုံပါပဲ။ ဒေါသတကြီး ခုန်ပေါက်မနေရင် သေးငယ်တဲ့ လင်းနို့ကြောင့် မြင်းရိုင်းတွေ သေပွဲမဝင်နိုင်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာလဲ မြင်းရိုင်းလို ဒေါသကြီးတဲ့ လူတွေကို တွေ့ဖူးကြမှာပါ။ ကိစ္စ သေးသေးမွှားမွှားလေးနဲ့ ကြိတ်ခဲမရ ဖြစ်ပြီး ဒေါသတွေက မိုးကြိုးထက် ထန်ကြတယ်။

ထစ်ခနဲဆို ဒေါသထွက်ပြီး လက်ပါ ပါချင်ကြတယ်။ မိသားစု၊ သူငယ်ချင်းတွေကို အဲဒီဒေါသက ထိခိုက်ဒဏ်ရာတွေ ရစေတယ်။ သူတို့ ကိုယ်တိုင်ကိုလဲ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း သတိမမူတဲ့ အခါတွေမှာ မြင်းရိုင်းလို ဖြစ်သွားတတ်လွန်းလို့ ကိုယ့်ကိုယ်ကို ဆုံးမချင်ရင် ဒီစာလေးကိုကောက်ဖတ်ဖို့ ဆုံးဖြတ်မိတယ်။ Crd

Post a Comment

0 Comments