မသမာသော အမြတ်အစွန်းများ

တခါတုန်းက နွားနို့သည် တယောက်ဟာ မသမာတဲ့ နည်းနဲ့ အလွန်ပဲ ချမ်းသာ ကြီးပွားလာသတဲ့။ သူဟာ နေ့စဉ် သူ့ဖောက်သည်တွေရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကို ဖြတ်ကူးပြီး သွားရပါတယ်။

အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်ကြီးရဖို့ နွားနို့ထဲကို မြစ်ရေတွေ ရောပြီးမှ ရောင်းပါတယ်။

တနေ့မှာတော့ သူ့သား မင်္ဂလာဆောင် အခမ်းအနား ကျင်းပဖို့အတွက် ရစရာရှိတဲ့ အကြွေးတွေကို လှည့်ပြီး တောင်းပါတယ်။

အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ အဖိုးတန် ရွှေထည်တွေ ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။

အိမ်အပြန် မြစ်ကို ဖြတ်ကူးချိန်မှာတော့ သူစီးလာတဲ့ လှေဟာ ရုပ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေ အားလုံး ရေထဲမှာ မျောပါကုန် ပါတော့တယ်။

နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ စကားတလုံးမှ မဆိုနိုင်အောင် ပူလောင် ခံစားနေပါတယ်။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတခုကို သူကြားလိုက်ရပါတယ်။

"မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့ နွားနို့ကို ဝယ်သောက်တဲ့ လူတွေဆီက လိမ်လည်လှည်ဖြားပြီး မသမာတဲ့ နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေ ပါပဲ" တဲ့။

မတရားမှုတွေ၊ သူတပါးမျက်ရည်တွေနဲ့ ရလာတဲ့ ပိုက်ဆံဆိုတာ တနည်းမဟုတ် တနည်းနဲ့တော့ ပြန်အန်ထွက်တတ်ပါတယ်။ လင်းမြတ် (ပန်းတောင်း)

Zawgyi

မသမာေသာ အျမတ္အစြန္းမ်ား

တခါတုန္းက ႏြားႏို႔သည္ တေယာက္ဟာ မသမာတဲ့ နည္းနဲ႔ အလြန္ပဲ ခ်မ္းသာ ႀကီးပြားလာသတဲ့။ သူဟာ ေန႔စဥ္ သူ႔ေဖာက္သည္ေတြရွိတဲ့ ၿမိဳ႕ကိုေရာက္ေအာင္ ျမစ္ကို ျဖတ္ကူးၿပီး သြားရပါတယ္။ အဲဒီအခ်ိန္မွာ ႏြားႏို႔သည္ဟာ အျမတ္ႀကီးရဖို႔ ႏြားႏို႔ထဲကို ျမစ္ေရေတြ ေရာၿပီးမွ ေရာင္းပါတယ္။

တေန႔မွာေတာ့ သူ႔သား မဂၤလာေဆာင္ အခမ္းအနား က်င္းပဖို႔အတြက္ ရစရာရွိတဲ့ အေႂကြးေတြကို လွည့္ၿပီး ေတာင္းပါတယ္။ အေႂကြးရလာတဲ့ ပိုက္ဆံေတြနဲ႔ ဆန္းျပားတဲ့ အဝတ္အစားေတြ အဖိုးတန္ ေ႐ႊထည္ေတြ ပစၥည္းေတြကို ဝယ္ယူခဲ့ပါတယ္။

အိမ္အျပန္ ျမစ္ကို ျဖတ္ကူးခ်ိန္မွာေတာ့ သူစီးလာတဲ့ ေလွဟာ ႐ုပ္တရက္ တိမ္းေမွာက္ကာ ဝယ္လာသမွ် ပစၥည္ေတြ အားလုံး ေရထဲမွာ ေမ်ာပါကုန္ ပါေတာ့တယ္။

ႏြားႏို႔သည္မွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ စကားတလုံးမွ မဆိုႏိုင္ေအာင္ ပူေလာင္ ခံစားေနပါတယ္။ ဒီအခ်ိန္မွာ ျမစ္ထဲက အသံႀကီးတခုကို သူၾကားလိုက္ရပါတယ္။

"မငိုပါနဲ႔ကြာ။ ဆုံးရႈံးသြားတာေတြက မင္းရဲ႕ ႏြားႏို႔ကို ဝယ္ေသာက္တဲ့ လူေတြဆီက လိမ္လည္လွည္ျဖားၿပီး မသမာတဲ့ နည္းနဲ႔ ရယူထားတဲ့ အျမတ္အစြန္းေတြ ပါပဲ" တဲ့။

မတရားမႈေတြ၊ သူတပါးမ်က္ရည္ေတြနဲ႔ ရလာတဲ့ ပိုက္ဆံဆိုတာ တနည္းမဟုတ္ တနည္းနဲ႔ေတာ့ ျပန္အန္ထြက္တတ္ပါတယ္။ လင္းျမတ္ (ပန္းေတာင္း)

Post a Comment

0 Comments