တခါတုန်းက မျောက်ကလေး တကောင်ဟာ ပဲစေ့တွေ လက်နှစ်ဘက်နဲ့ အပြည့် ဆုပ်ကိုင်ယူလာရင်း ပဲစေ့လေး တစေ့ဟာ လက်ထဲက ထွက်ကျသွားတယ်။
မျောက်ကလေးဟာ ကျသွားတဲ့ ပဲစေ့ကို လိုက်ကောက်တော့ အစေ့နှစ်ဆယ်လောက် ထပ်ကျပြန်တယ်။
အဲဒီလိုနဲ့ လိုက်ကောက်လိုက် ထွက်ကျလိုက်၊ လိုက်ကောက်လိုက် ထွက်ကျလိုက်နဲ့ နောက်ဆုံးမှာ မျောက်ကလေးဟာ စိတ်တိုပြီး ပဲစေ့တွေ အားလုံးကို လွင့်ပစ်ပြီး ထွက်ပြေးသွားပါတော့တယ်။
အသေးအဖွဲကို လိုက်ရှင်းရင်း မနိုင်မနင်း ဖြစ်ပြီး အလုပ်တခုလုံး ပျက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပဲစေ့တစေ့လောက်နဲ့ ပြီးမယ့် ကိစ္စကို နောက်ထပ် အနာမခံပဲ အရှုံးခံသင့်ရင် အရှုံးခံလိုက်ပါ။
လောကမှာ သင့်တင့်လျောက်ပတ်တဲ့ အောင်မြင်မှု ရရှိဖို့အတွက် တချို့သော အရာများကို မိမိတို့ ကောင်းတယ်၊ မှန်တယ်၊ သင့်တော်တယ်၊
မိမိအတွက်လည်း အကျိုးဖြစ်ထွန်းမယ် ဆိုရင် အဲ့ဒီ အနေအထားအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာ ဖြေရှင်းတာက အမှန်ဆုံးနည်းလမ်းပဲ ဖြစ်တယ်။ Crd
Zawgyi
ေမ်ာက္ကေလးနွင့္ ပဲေစ့
တခါတုန္းက ေမ်ာက္ကေလး တေကာင္ဟာ ပဲေစ့ေတြ လက္ႏွစ္ဘက္နဲ႔ အျပည့္ ဆုပ္ကိုင္ယူလာရင္း ပဲေစ့ေလး တေစ့ဟာ လက္ထဲက ထြက္က်သြားတယ္။
ေမ်ာက္ကေလးဟာ က်သြားတဲ့ ပဲေစ့ကို လိုက္ေကာက္ေတာ့ အေစ့ႏွစ္ဆယ္ေလာက္ ထပ္က်ျပန္တယ္။
အဲဒီလိုနဲ႔ လိုက္ေကာက္လိုက္ ထြက္က်လိုက္၊ လိုက္ေကာက္လိုက္ ထြက္က်လိုက္နဲ႔ ေနာက္ဆုံးမွာ ေမ်ာက္ကေလးဟာ စိတ္တိုၿပီး ပဲေစ့ေတြ အားလုံးကို လြင့္ပစ္ၿပီး ထြက္ေျပးသြားပါေတာ့တယ္။
အေသးအဖြဲကို လိုက္ရွင္းရင္း မႏိုင္မနင္း ျဖစ္ၿပီး အလုပ္တခုလုံး ပ်က္သြားတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ပဲေစ့တေစ့ေလာက္နဲ႔ ၿပီးမယ့္ ကိစၥကို ေနာက္ထပ္ အနာမခံပဲ အရႈံးခံသင့္ရင္ အရႈံးခံလိုက္ပါ။
ေလာကမွာ သင့္တင့္ေလ်ာက္ပတ္တဲ့ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ တခ်ိဳ႕ေသာ အရာမ်ားကို မိမိတို႔ ေကာင္းတယ္၊ မွန္တယ္၊ သင့္ေတာ္တယ္၊
မိမိအတြက္လည္း အက်ိဳးျဖစ္ထြန္းမယ္ ဆိုရင္ အဲ့ဒီ အေနအထားအတိုင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပႆနာ ေျဖရွင္းတာက အမွန္ဆုံးနည္းလမ္းပဲ ျဖစ္တယ္။ Crd
0 Comments