အိမ်ထောင်ဘက်ကို ယူမှာလား အိမ်ဖော်ကို ယူမှာလား

ယောက်ျားတယောက် သူ့အဝတ်သူ လျှော်နေတာတွေ့ရင် လူတွေက "မိန်းမ ယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ဘူးပေါ့" လို့ ပြောကြတယ်။

ယောက်ျားတယောက် ထမင်းဟင်း ချက်နေတာ မြင်ရင် လူတွေက "မိန်းမ ယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ဘူးပေါ့" လို့ ပြောမယ်။

အသက် ၃၅ နှစ်အရွယ် ယောက်ျားတယောက် သူ့အတွင်းခံသူ မလျှော်တတ်၊ သူ့ကော်ဖီသူ ဖျော်ဖို့ ရေနွေးတောင် မတည်တတ်၊ သူ့အိပ်ယာသူတောင် မပြင်တတ်၊

သူစားပြီးသား ပန်းကန်တောင် သူ့ဘာသာ မဆေးတတ်တဲ့အခါ သူ့အမေက "မင်း အခြေကျဖို့ လိုပြီ၊ မင်းကို ဂရုစိုက် ပြုစုဖို့ မိန်းမယူတော့" လို့ ပြောမယ်။

ဘယ်လို ဖြစ်တာလဲ။ ဒါတွေကို တခြားတဖက်က နားလည်ရရင် လူတွေရဲ့ စိတ်ထဲကနေ မသိမသာနဲ့ "မိန်းမယူတာ ဒီအလုပ်တွေ လုပ်ဖို့ ဖြစ်တယ်" လို့ ပြောသလို ဖြစ်နေတယ်။

သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့ အတွက်သာ မိန်းမယူကြပါလို့ ပြောနေသလို ဖြစ်နေတယ်။ (များသောအားဖြင့် မိန်းမတွေဟာ သူတို့ချစ်တဲ့ ယောက်ျား၊ သူတို့ချစ်တဲ့ သားသမီးအတွက် ဒါတွေကို လုပ်ပေးချင်ပါတယ်)

ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲ မြင်နေ ပြောနေတဲ့အခါ အဲဒီလို ယောက်ျားတွေဟာ "အိမ်ထောင်ဘက်" ကို လိုတာလား၊ အိမ်ထောင်ဘက် အမည်ခံ "အိမ်ဖော်" ကို လိုတာလားလို့ ဝေခွဲမရ ဖြစ်လာတယ်။

မိန်းမတွေဟာ သူတို့ ရှိရင်းစွဲ အသက်ထက် ၃ ဆပိုပြီး ရုပ်ရင့်နေကြတာဟာ စိတ်ဖိစီးမှုများပြီး ပင်ပန်းကြရလို့ပါ။

ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့ အချိန်မှာ မိန်းမက အိမ်အလုပ်တွေ မနားတမ်း လုပ်နေရမယ် ဆိုရင် ဖြစ်သင့်ပါ့မလား။ ယောက်ျားတွေ ကိုယ့်ပန်းကန် ကိုယ်ဆေးတာ မှားတယ်လို့ ဘယ်သူပြောလဲ။

ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ် လျှော်တာ မှားတယ်လို့ ဘယ်သူပြောလဲ၊ ယောက်ျားတွေ အိပ်ယာခင်း လဲတာ၊ စောင်ခေါက်တာတွေက မှားတယ်လို့ကော ဘယ်သူပြောလဲ။

ကိုယ် လက်ထပ် ယူထားတဲ့ အမျိုးသမီး၊ ကိုယ်နဲ့အတူ နေနေတဲ့ ချစ်သူကို ကူညီပေးဖို့အတွက် ဘာတွေများ အများကြီး စဉ်းစားဦးမှာလဲ။

ကလေးတယောက်လို အပြုစုအယုယ ခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများ မွေးစားတာ ခံလိုက်ဖို့သာ သင့်ပါတယ်။ Crd

Post a Comment

0 Comments