တခါက သိုးကျောင်းလေးတယောက်က သိုးတွေကို ကျောင်းနေရင်းနဲ့ တောင်ကုန်းပေါ်မှာ ရောက်လာခဲ့တယ်။ သိုးတွေကို ထိန်းရင်းကျောင်းရင်း ပျင်းလာတဲ့အတွက် သူဟာ တခုခုလုပ်ချင်စိတ် ဖြစ်ပေါ်လာတယ်။
သူ့ကိုယ်သူလည်း ပျော်စရာ ဖြစ်စေချင်တာကြောင့် ကောင်လေးက ဝံပုလွေဗျို့ ဝံပုလွေ ဝံပုလွေ" လို့ အကျယ်ကြီး အော်လိုက်တယ်။
ကောင်လေးရဲ့ အော်သံကြောင့် ကောင်လေးကို ကယ်ဆယ်ဖို့နဲ့ သိုးတွေကို ကယ်ဖို့အတွက် ရွာသားတွေက အပြေးအလွှား ရောက်လာကြတယ်။
ရွာသားတွေ တောင်ကုန်းပေါ် ရောက်တဲ့အခါ ဝံပုလွေနဲ့တူတာ ဘာမှ မတွေ့ရတဲ့အခါ စိတ်ဆိုးဒေါသ ထွက်ကြတယ်။ သိုးကျောင်းသားလေးက ဒေါသထွက်နေတဲ့ ရွာသားတွေကို ကြည့်ပြီး ရယ်မောနေခဲ့ ပါတယ်။
"တကယ့် ဝံပုလွေမလာဘဲနဲ့ ငိုပြီး မအော်ခေါ် နဲ့" လို့ သိုးကျောင်းသားလေးကို ရွာသားတွေက ဒေါသတကြီး ပြောသွားပြီး ထွက်ခွာသွားကြတယ်။ သိုးကျောင်းသားလေးက ရွာသားတွေကိုရယ်မောနေခဲ့တယ်။
အချိန်အတန်ကြာပြီးတဲ့အခါမှာ သိုးကျောင်းသားလေးက ထပ်ပြီး ပျင်းရိလာ ပြန်တယ်။ အဲဒီအခါ အထက်ကလိုပဲ ငိုသံကြီးနဲ့ ဝံပုလွေ လာပြီလို့ အော်ပြန်တယ်။ ရွာသားတွေကလည်း ယုံကြည်ပြီး ဒုတိယအကြိမ် ရောက်လာပြန်တယ်။
ဒေါသထွက်နေတဲ့ရွာသားတွေက သိုးကျောင်းသားလေးကို သတိပေးပြီး ပြန်သွားပြန်တယ်။ သိုး ကျောင်းသားလေးကတော့ လူအုပ်ကြီးကို ကြည့်ပြီး ရယ်မောနေခဲ့ပြန်တယ်။
ခဏအကြာမှာတော့ တကယ့် ဝံပုလွေအစစ်ကို မြင်ရပြီး ငိုသံပါကြီးနဲ့ ကျယ်လောင်စွာ အော်ပါတော့တယ်။
"ဝံပုလွေကြီး၊ ကျေးဇူးပြုပြီး ကယ်ကြပါအုံး။ ဝံပုလွေကြီးက သိုးတွေနားကို ကပ်လာနေပြီ။ ကယ်ကြပါ" ဆိုပြီး ကျယ်လောင်စွာ အော်ခေါ်ပေမယ့် ဘယ်သူကမှ ကူညီဖို့ ရောက်မလာပါဘူး။
ညနေစောင်းချိန်မှာတော့ သိုးကျောင်းသားလေးဟာ အိမ်ကို ပြန်မလာခဲ့ပါဘူး။ ရွာသားတွေက တောင်ကုန်းပေါ်မှာ ဘာများဖြစ်နေသလဲလို့ တောင်ကုန်းပေါ် သွားကြည့်ခဲ့ကြပါတယ်။ သိုးကျောင်းသားလေးဟာ တောင်ကုန်းမှာ ထိုင်ရင်း ငိုကြွေးမြည်တမ်းနေခဲ့ပါတယ်။
"ဝံပုလွေကြီးလို့ ကျနော် အော်ခေါ်နေခဲ့တုန်းက ဘာလို့များ မလာခဲ့ကြတာလဲ" လို့ သိုးကျောင်းသားလေးက ရွာသားတွေကို မေးလိုက်ပါတယ်။ "ခုတော့ သိုးအုပ်စုက တကွဲတပြား ဖြစ်ကုန်ကြပြီ" လို့ သိုးကျောင်းသားလေးက ပြောလိုက်တယ်။
အသက်ကြီးတဲ့ ရွာသားတယောက်က သိုးကျောင်းသားလေးကို ပြန်ပြောလိုက်ပါတယ်။ "လူတွေက လိမ်တတ်တဲ့လူတွေကို မယုံကြည်ကြတော့ဘူး၊ သူတို့အမှန်အတိုင်း ပြောနေတယ် ဆိုရင်တောင်မှပေါ့။ မင်းရဲ့သိုးတွေကို ငါတို့ မနက်ဖြန် မနက်မှာ ပြန်ရှာပေးပါ့မယ်။ ခုတော့ အိမ်ပြန်ကြစို့"
သင်ခန်းစာ။ ။ လိမ်ညာခြင်းက အမှန်အတရားကို ချိုးဖျက်နိုင်ပါတယ်။ ဘယ်သူကမှ လွယ်လွယ် လိမ်ညာတတ်တဲ့သူကို မယုံကြည်နိုင်ပါဘူး။ လိမ်တတ်တဲ့ သူတယောက်က အမှန်အတိုင်း ပြောနေရင်တောင်မှ ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ဘယ်လိုအကြောင်းအရာ ကိစ္စမျိုးအပေါ်မှာမှ စနောက်စရာ အဖြစ်နဲ့တောင် လိမ်ညာတာမျိုး မလုပ်သင့်ဘူးလို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ BAWA
0 Comments