ကတိစကားတခု၏ တန်ဖိုး

တခါတုန်းက အရမ်းအေးတဲ့ ညတညတွင် ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်သို့ ပြန်လာခဲ့စဉ် အဝတ်ပါးပါးလေး ဝတ်ပြီး မတ်တတ် ရပ်နေတဲ့ ကင်းသမားအဖိုးအိုကို တွေ့လေသည်။ ထိုအခါ ဘုရင်ကြီးသည် အဖိုးအိုနား ကပ်၍ မေးလေသည်။ "အဘိုး မအေးဘူးလား"

အဖိုးအိုက "ဘုရင်ကြီး အရမ်း အေးပေမဲ့လဲ ဝတ်စရာ အနွေးထည် ကျွန်ုပ်မှာ မရှိပါဘူး။ ဒါကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှအပ တခြား လွတ်မြောက်စရာ နည်းလမ်းမရှိပါ" ဟု ပြန်ဖြေလေသည်။

ဘုရင်ကြီးက မိန့်လေသည်။ "ကောင်းပြီ ကျွန်ုပ် ယခု နန်းတော်ထဲ သွားပြီး အစေခံတယောက်ကို အဘိုးအတွက် အနွေးထည်ပေး၍ လွှတ်ပေးပါမည်"

ကင်းသမားအဖိုးအိုသည် ဘုရင်ရဲ့ ကတိစကား ကြား၍ အတိုင်းမသိ ဝမ်းသာသွားလေသည်။ ဒါပေမဲ့လဲ ဘုရင်ကြီးသည် နန်းတွင်းသို့ ရောက်ပြီးသည်နှင့် မိမိ ကတိစကားကို မေ့သွားလေသည်။

မနက်လင်းသော် ကင်းသမားအဖိုးအိုဟာ သေဆုံးနေပြီး သူ၏ အနားတွင်တော့ တုန်ရီနေသော လက်ရေးဖြင့် ရေးထားသော စာလေးတစောင်ကို တွေ့ရလေသည်။ စာထဲရေးထားသည်မှာ

"ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အအေးဒဏ်ခံရင်း ကျော်ဖြတ်ခဲ့ပါသည်။ သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေထည် ပေးမည်ဆိုတဲ့ ကတိစကားသည်

ကျွန်ုပ်ရဲ့ အအေးဒဏ် ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်" ဟူ၍ ဖြစ်လေသည်။ ကတိစကားတခွန်းကို တန်ဖိုးထားနိုင်သူများ ဖြစ်ကြပါစေ။ Crd

Zawgyi

ကတိစကားတခု၏ တန္ဖိုး

တခါတုန္းက အရမ္းေအးတဲ့ ညတညတြင္ ဘုရင္ႀကီးသည္ မိမိရဲ႕ နန္းေတာ္သို႔ ျပန္လာခဲ့စဥ္ အဝတ္ပါးပါးေလး ဝတ္ၿပီး မတ္တတ္ ရပ္ေနတဲ့ ကင္းသမားအဖိုးအိုကို ေတြ႕ေလသည္။ ထိုအခါ ဘုရင္ႀကီးသည္ အဖိုးအိုနား ကပ္၍ ေမးေလသည္။ "အဘိုး မေအးဘူးလား"

အဖိုးအိုက "ဘုရင္ႀကီး အရမ္း ေအးေပမဲ့လဲ ဝတ္စရာ အေႏြးထည္ ကြၽႏ္ုပ္မွာ မရွိပါဘူး။ ဒါေၾကာင့္ ကြၽႏ္ုပ္အဖို႔ အေအးဒဏ္ကို ခံေနယုံမွအပ တျခား လြတ္ေျမာက္စရာ နည္းလမ္းမရွိပါ" ဟု ျပန္ေျဖေလသည္။

ဘုရင္ႀကီးက မိန႔္ေလသည္။ "ေကာင္းၿပီ ကြၽႏ္ုပ္ ယခု နန္းေတာ္ထဲ သြားၿပီး အေစခံတေယာက္ကို အဘိုးအတြက္ အေႏြးထည္ေပး၍ လႊတ္ေပးပါမည္"

ကင္းသမားအဖိုးအိုသည္ ဘုရင္ရဲ႕ ကတိစကား ၾကား၍ အတိုင္းမသိ ဝမ္းသာသြားေလသည္။ ဒါေပမဲ့လဲ ဘုရင္ႀကီးသည္ နန္းတြင္းသို႔ ေရာက္ၿပီးသည္ႏွင့္ မိမိ ကတိစကားကို ေမ့သြားေလသည္။

မနက္လင္းေသာ္ ကင္းသမားအဖိုးအိုဟာ ေသဆုံးေနၿပီး သူ၏ အနားတြင္ေတာ့ တုန္ရီေနေသာ လက္ေရးျဖင့္ ေရးထားေသာ စာေလးတေစာင္ကို ေတြ႕ရေလသည္။ စာထဲေရးထားသည္မွာ

"ကြၽႏ္ုပ္သည္ ေန႔စဥ္ေန႔တိုင္း အေအးဒဏ္ခံရင္း ေက်ာ္ျဖတ္ခဲ့ပါသည္။ သို႔ေသာ္ ဘုရင္ႀကီး ကြၽႏ္ုပ္ကို အေႏြထည္ ေပးမည္ဆိုတဲ့ ကတိစကားသည္ ကြၽႏ္ုပ္ရဲ႕ အေအးဒဏ္ ခံႏိုင္စြမ္းကို ႐ုတ္သိမ္း၍ ေနာက္ဆုံး ကြၽႏ္ုပ္ကို ေသေစခဲ့သည္" ဟူ၍ ျဖစ္ေလသည္။ ကတိစကားတခြန္းကို တန္ဖိုးထားႏိုင္သူမ်ား ျဖစ္ၾကပါေစ။ Crd

Post a Comment

0 Comments