လူတိုင်းကျေနပ်အောင် ကြိုးစားဖို့မလိုဘူး

ဘီလ်ဟာ အသက် ၄၀ အရွယ် လူကြီးတယောက် ဖြစ်ပါတယ်။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့ လူကြီးတယောက်ပါ။ သူ့ရဲ့ အဝတ်စတွေပါတဲ့ အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ ကျောပေါ် တင်သွားပြီး မြို့ဈေးကို သွားရောင်းရပါတယ်။

သူ့မှာ အသက် ၁၅ နှစ်ခန့်ရှိတဲ့ သားတယောက်လည်း ရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင် ရောင်းလိုက်နိုင်ပါတယ်။

ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကို ပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကို ပြန်လာတဲ့ လမ်းတလျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်း ပြန်လာခဲ့ပါတယ်။ လမ်းမှာ အခြား လူ၂ ယောက်ကို တွေ့ပါတယ်။

ထိုလူ၂ ယောက်က ဘီလ်တို့ သားအဖကို ကြည့်ပြီး သူတို့ အချင်းချင်း ပြောကြပါတယ်။ "ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတကောင် ပါတာကို ကောင်းကောင်း အသုံးမချဘူး။ မြည်းနဲ့အတူ လမ်းလျှောက်ပြန်လာသတဲ့" လို့ ပြောပါတယ်။

ထိုစကားကို ဘီလ်တို့သားအဖ ကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကို ပြောပါတယ်။ "အဖေ၊ အဖေပဲ မြည်းကို စီးပြီးလာခဲ့လိုက်ပါ" သားဖြစ်သူရဲ့ စကားကို လက်ခံပြီး ဘီလ်က မြည်းပေါ် စီးလိုက်လာပါတယ်။

မကြာခင်မှာပဲ လူကြီးတယောက်က ဘီလ်တို့သားအဖကို လှမ်းအော်ပြောလိုက်ပါတယ်။ "ဟေ့ မင်းရဲ့သားကိုလည်း ငဲ့ပါအုံး။ မင်းသားကို ကြည့်ရတာ အင်မတန် မောနေပုံရတယ်။ သူ့ကိုပဲ မြည်းစီးခိုင်း လိုက်ပါလား။ မင်းက အဖေ ဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား" လို့ ပြောပြန်ပါတယ်။

ဘီလ်က ထိုစကားကိုကြားတဲ့အခါ သူ့သားကို "ဟုတ်တယ် သားရေ သားပဲ မြည်းစီးလာခဲ့ပါတော့။ အဖေ လမ်းလျှောက်လိုက်မယ်" ဆိုပြီး မြည်းကို သူ့သားကို စီးခိုင်းရ ပြန်ပါတယ်။

လမ်းတဝက်လောက် အရောက်မှာပဲ နောက်ထပ် လူစိမ်းတယောက်နဲ့ တွေ့ပြန်ပါတယ်။ ထိုလူစိမ်းက အော်ပြန်ပါတယ်။ "ဟဲ့ ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေက အသက်ကြီးနေပြီလေ။ မင်းနောက်ကနေ ထိုင်လိုက်ခိုင်းလိုက်ပါလား" လို့ ပြောခံရ ပြန်ပါတယ်။

အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံး မြည်းပေါ်က လိုက်ပါဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ နောက်ထပ် နေရာတခု အရောက်မှာ လူတယောက်နဲ့ တွေ့ပြန်ပါတယ်။ ထိုလူက

"မင်းတို့သားအဖက အကြင်နာတရား ခေါင်းပါးလှချည်လား၊ မြည်းတကောင်ကို နှစ်ယောက်လုံး ဝိုင်းစီးကြတယ် ဆိုတော့ မြည်းကို အသေသတ်နေတာလား" လို့ အမေးခံရ ပြန်ပါတယ်။ အဲဒါနဲ့ ဘီလ်နဲ့သူ့သားဟာ ထိုစကားကြောင့် ဘာမှ ထပ်မပြောနိုင် ကြတော့ပါဘူး။

ဒီအကြောင်းအရာလေးက လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့ အထင်မြင်ကို နားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့ မဖြစ်ပါဘူး။

လူတိုင်းရဲ့ စိတ်ကျေနပ်မှုအရ လိုက်ပြီး နေထိုင်မယ်ဆိုရင် ကိုယ့်ဘဝ ကိုယ်ဖြစ်ချင်တာတောင် ဘာမှန်းသိနိုင်မှာ မဟုတ်တော့ပါဘူး။

ပြောချင်တာက လူတိုင်းရဲ့ ကျေနပ်မှုရအောင် ကြိုးစားဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းက မတူညီတဲ့ ဘဝဖြတ်သန်းပုံတွေ ရှိကြပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့တွေက ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သာလျှင် ဘဝကို အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ crd

Post a Comment

0 Comments