ကံကြမ္မာကိုချည်း အပြစ်မတင်ပါနဲ့

တခါတုန်းက တောသားလေး တယောက်ဟာ သူ့ရဲ့ လယ်မြေကို ထယ်ထိုးနေတုန်း မမျှော်လင့်ဘဲ ရတနာ အစုအပုံကြီး တခုကိုတွေ့သွားခဲ့တယ်။ တောသားလေးဟာ ဝမ်းသာမှုကြောင့် မြူးထူးပျော်ရွှင်သွားပြီး မြေကြီးပေါ်သို့ လဲချလိုက်၏။

ထိုအခါ တောသားလေးက မြေကြီးရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုအတွက် ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုက် ပါတော့တယ်။

အဲဒီအချိန်မှာ ကံကြမ္မာက ပေါ်လာပြီး "မင်းက မြေကြီးကို ကျေးဇူးတင်နေတယ်။ ငါ့ကိုကျတော့ ကျေးဇူးတင်ဖို့ ထည့်မစဉ်းစားတော့ဘူး။ အကယ်၍ ဒီရတနာတွေဟာ တွေ့တာ မဟုတ်ဘဲနဲ့ ပျောက်ဆုံးသွားတာ ဆိုရင်တော့ မင်းအပြစ်တင်မည့်သူက ငါသာ ပထမဦးဆုံး ဖြစ်ပေလိမ့်မယ်" ဟု တောသားလေးကို ပြောလိုက်ပါတယ်။

ဒီပုံပြင်တိုလေးကလို ကျွန်တော်တို့ရဲ့ ကုသိုလ်ကံ ကောင်းတာကို ချီးကျူးရတာထက် မကောင်းတဲ့ ကုသိုလ်ကံကို အပြစ်တင်ရတာက ပိုပြီး လွယ်ကူကြပါတယ်။

ကျွန်တော်တို့ဟာ ကံကောင်းတဲ့ အချိန်မှာ ကံကြမ္မာကို ကျေးဇူးတင်ဖို့ မေ့နေပြီး ကံဆိုးတဲ့ အချိန်မှာကျတော့ ကံကြမ္မာကို အပြစ်တင်ဖို့ သတိရတာက ပိုများကြပါတယ်။

ထို့အတူ ကြိုးစားတဲ့ အခါမှာလည်း အောင်မြင်တဲ့ အချိန်အခါမှာ ငါတော်လို့၊ ငါတတ်လို့ စသည်ဖြင့် ချီးကျူးစကားများ ပြောတတ်ကြပြီး၊ ကျရှုံးတဲ့ အခါကျတော့ ကံကြမ္မာကို အပြစ်တင် တတ်ကြတယ်။

ကျရှုံးတဲ့အခါ "ကံမကောင်းလို့" ကျရှုံးတာလို့ ကံကြမ္မာကိုပဲ အပြစ်တင်မနေပါနဲ့။ မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာကိုလည်း အပြစ်တင်ဖို့ သတိရကြပါ။

ဒီလိုမိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာတွေကို မြင်သာအောင် ကြည့်ရှုတတ်လာသောအခါ မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်းတွေ တဖြည်းဖြည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ထိုသို့ကြိုးစားမှု ရာခိုင်နှုန်း တိုးတက်လာသောအခါ အောင်မြင်မှုနှင့် တဖြည်းဖြည်း နီးစပ်၍ တစ်နေ့နေ့ကျရင် အောင်မြင်ရဲ့ ရလဒ်ကို ခံစားရလာမည်ဖြစ်၏။

ကျရှုံးမှုနဲ့ ကြုံတွေ့လာရသောအခါ ဘယ်သူဘယ်ဝါကြောင့် ဖြစ်သွားတာ၊ ကံကြမ္မာကြောင့် ဖြစ်သွားတာ စသည်ဖြင့် အပြစ်တင်နေမည့်အစား မိမိရဲ့ အားနည်းချက် လိုအပ်ချက်တွေကိုသာ အပြစ်တင်ပြီး အကောင်းမွန်ဆုံးဖြစ်အောင် ပြုပြင် ကြိုးစားလိုက်တာက ပိုပြီး သဘာဝကျပါတယ်။

အောင်မြင်မှုအတွက် မိမိရဲ့လိုအပ်ချက်၊ အားနည်းချက်တွေကို ပြုပြင်ကြိုးစားပြီး ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ Crd

Post a Comment

0 Comments