ရာဇဂြိုဟ်ပြည်မှာပါ ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားလေးတယောက် ရှိတယ်။ သူ့နာမည်က ဇမ္ဗုကတဲ့။ ငယ်ငယ်က ထမင်းကျွေးရင်ငိုတယ် မစားဘူး။ ကိုယ့်မစင်ပဲ လျှာလေးနဲ့ လျက်လျက်ပြီး စားတယ်။
ကလေးအရွယ်မို့ မသိတတ်သေးတာပဲလို့ ထင်ခဲ့တာပေါ့။ အကျင့်က မပျောက်ဘူး။ ကြီးလာတော့ မိဘတွေက ရှက်လို့ အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေထံ ပို့လိုက်တယ်။ အချိန်တန် ဆွမ်းစားခေါ်တော့ သူက မလိုက်ဘူး။ ဗိုက်မဆာဘူးလိုလို ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ။
သူက ဘာစားလဲဆိုတော့ မစင်တွင်းကို ဖွင့်ပြီး အားရပါးရ စားသတဲ့။ နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့ မိပါတယ်။
သူ့ကို ကျောင်းက ထုတ်လိုက်တယ်။ အဲဒါနဲ့ အိမ်သာများတဲ့နေရာ ဈေးတန်းကို ရွေးလိုက်ပါတယ်။ သူ့အတွက် အတော်ဟန်ကျဆိုပဲ။
သူနေတဲ့ ပုံစံက ဒီလိုပါ။ လက်တဖက်က ကျောက်ဖျာကိုထောက် ခြေတဖက်က မြှောက်ပြီး ဒူးထောက်နေပါတယ်။ ပြီးတော့ ပါးစပ်လဲ ဖွင့်ထားပြီး သူများတွေ မေးရင် လေကိုသာ စားတယ်လို့ ဖြေပါတယ်။ ခြေတဖက် မြှောက်ထားရတာက ကမ္ဘာကြီးလေးမှာ စိုးလို့တဲ့။ ဒီလိုနဲ့ မစင်တွေ စားခဲ့တာ (၅၅) နှစ် ကြာသွားခဲ့ပါတယ်။
တနေ့တော့ ဘုရားရှင် ကြွတော်မူပြီး တရားဟောရပါတယ်။ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတယ်။ (၅၅) နှစ် ဘာလို့ မစင်တွေစားခဲ့ရတာလဲ ဆိုတော့ တခုသောဘဝမှာ သူက ရဟန်းတပါး ဖြစ်ခဲ့တယ်။
ကျောင်းကိုလာတဲ့ ရဟန်းတပါးကို ရွာထဲက ဒကာ က ကြည်ညိုလို့ ကုတင်၊ ဆွမ်၊ ဆတ္တာသည် သင်္ကန်းထို လေးမျိုးကို ဒကာက လှူမယ်ဆိုလို့ ကျောင်းနေရဟန်းက အာဂန္တု ရဟန်းကို ထိုလာဘ်လာဘတွေကို မရစေချင်တာ။
ဒါနဲ့သူက ညနေချမ်းအခါ အာဂန္တုရဟန်းထံသွားပြီး သင်သည် ငါ့ဒကာ လှူမယ့်ဆွမ်းကို စားမဲ့အစား မစင်စားတာကမှ မြတ်သေးတယ်လို့ ပြောခဲ့မိတယ်။
သင်သည် ခေါင်းကို ဓားနဲ့ ရိတ်မယ့်အစား ဆံပင်ကို နှုတ်တာကမှ မြတ်သေးတယ်လို့ ပြောခဲ့မိတယ်။ သင်သည် သင်္ကန်းဝတ်မဲ့အစား အဝတ်မစည်းပဲ နေတာကမှ မြတ်သေးတယ်လို့ ပြောခဲ့မိတယ်။ သင်သည် ကုတင်နဲ့ အိပ်ရတာထက် မြေကြီးမှာ အိပ်ရတာက မြတ်သေးတယ်လို့ပြောခဲ့မိတယ်။
တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန်ကျန်ခဲ့မှာ ယူသွားလို့လည်း မရပါဘူး။ ဒီလိုလေးများ စဉ်းစားမိလိုက်ရင်။ အခုတော့ သူပြောခဲ့မိတာက ရဟန္တာဆိုတာ သူ မသိခဲ့ဘူး။
(၅၅) နှစ်တိုင်အောင် အဝတ်မဝတ်ရဘူး။ ဆံပင် အနှုတ်ခံရတယ်။ မြေကြီးပဲ အိပ်ရတယ်။ မစင်ကိုပဲ (၅၅) နှစ်ကြာအောင် စားခဲ့ရတယ်။ ´သူ့ကို ခဏလေး မုန်းတဲ့စိတ်နဲ့ ပြောဖြစ်ခဲ့ပေမဲ့ ကိုယ့်မှာတော့ ဘဝတိုင်း ရှုံးခဲ့ရတယ်။
ငရဲမှာ ဘယ်လောက်ကြာ ခံရသလဲဆိုရင် ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား (ဘုရားနှစ်ဆူကြား) အဝီစိငရဲမှာ ခံခဲ့ရပါတယ်။ အဲလောက်ထိ ကြာပါတယ်။
ကြောက်စရာ ကောင်းလိုက်တာနော်။ သြော် သူ့ကိုမုန်းရင် ကိုယ်ရှုံးသည်။ ဝန်တိုမိတာ ခဏလေးရယ်ပါ။ ဝန်တိုခြင်း မစ္ဆရိယဆိုတာ တယ်ကြောက်စရာ ကောင်းပါလား ရှောင်နိုင်ကြပါစေ။ June Pyae Sone
0 Comments