လောဘကြီးသော ခြင်္သေ့ကြီး

တခါတုန်းက တောအုပ်ကြီးတခုရဲ့ ဂူကြီးထဲမှာ ခြင်္သေ့ကြီးတကောင် ရှိနေသတဲ့။ ပူပြင်းလွန်လှတဲ့ နေ့တနေ့မှာ ခြင်္သေ့ကြီးဟာ အရမ်းကို ဆာလောင်နေလေတယ်။ ဒီလိုနဲ့ ခြင်္သေ့ကြီးက ဂူထဲကနေ ထွက်လာပြီး အစာရှာပါတယ်။

ခြင်္သေ့ကြီးက အစာရှာရင်းနဲ့ ယုန်လေးတကောင်ကို ဖမ်းမိတယ်။ ခြင်္သေ့ကြီးက ယုန်လေးကို ခြေထောက်အောက်မှာ ဖမ်းထားရင်းနဲ့ သူက ဒီလိုတွေးမိတယ်။

"ငါဗိုက်ဆာလို့ အစာရှာ ထွက်လာတာ ယုန်တကောင်ပဲ ရတယ်။ ယုန်က အကောင်သေးတော့ ငါ ဗိုက်ဝမှာ မဟုတ်ဘူး။

ဒီထက်ပိုကြီးတဲ့ တိရိစ္ဆာန်တကောင်လောက် ဖမ်းမိပြီး စားလိုက်ရရင်ဖြင့် ပိုပြီး ဗိုက်တင်းသွားမှာ" ဆိုပြီး တွေးနေသတဲ့။

ခြင်္သေ့ကြီးဟာ အတွေးထဲမှာ မျောနေရင်းနဲ့ ယုန်လေးကို ဖမ်းထားတဲ့ ခြေထောက်ဟာ ကြွမိသွားတာကြောင့် ယုန်လေးဟာ ခြင်္သေ့ကြီး သတိမထားမိခင် ထွက်ပြေးနိုင်ခဲ့တယ်။

ယုန်ကလေး ထွက်ပြေးသွားတဲ့ အခါကျမှ ခြင်္သေ့ကြီးက သူမစားရတော့ဘူး ဆိုပြီး စိတ်မကောင်း ဖြစ်နေတယ်။ ဒါပေမဲ့ ခြင်္သေ့ကြီးက သူ့အရှေ့ကနေ သမင်တကောင် ဖြတ်ပြေးသွားတာကို မြင်လိုက်တယ်။

ဒီလိုနဲ့ သမင်လေးကို လိုက်ဖမ်းပြန်တယ်။ ဒါပေမယ့် သူဖမ်းလို့ မမိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ မိုးချုပ်သွားတဲ့အခါမှာ ခြင်္သေ့ကြီးဟာ သူစားဖို့ သားကောင် တကောင်မှ မရခဲ့တာကြောင့် ဗိုက်ဆာလာတဲ့ အချိန်မှာ သူက ယုန်လေးကို လွှတ်ပေးမိတဲ့အတွက် နောင်တရပြီး ငိုသတဲ့။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ ဗဟုသုတကတော့ လက်ထဲမှ ရရှိနေတဲ့ အခွင့်အရေးကို လက်လွှတ်ခံပြီး မရနိုင်သေးတဲ့ မရနိုင်တဲ့ အရာမျိုးကို မျှော်လင့် မနေသင့်ပါဘူး။

လက်ထဲမှာ ရှိနေတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ဒီထက် ပိုကောင်းတဲ့ အခွင့်အရေးကိုလည်း အရယူသင့်ပါတယ်။ Crd

Zawgyi

ေလာဘႀကီးေသာ ျခေသၤ့ႀကီး

တခါတုန္းက ေတာအုပ္ႀကီးတခုရဲ႕ ဂူႀကီးထဲမွာ ျခေသၤ့ႀကီးတေကာင္ ရွိေနသတဲ့။ ပူျပင္းလြန္လွတဲ့ ေန႔တေန႔မွာ ျခေသၤ့ႀကီးဟာ အရမ္းကို ဆာေလာင္ေနေလတယ္။ ဒီလိုနဲ႔ ျခေသၤ့ႀကီးက ဂူထဲကေန ထြက္လာၿပီး အစာရွာပါတယ္။

ျခေသၤ့ႀကီးက အစာရွာရင္းနဲ႔ ယုန္ေလးတေကာင္ကို ဖမ္းမိတယ္။ ျခေသၤ့ႀကီးက ယုန္ေလးကို ေျခေထာက္ေအာက္မွာ ဖမ္းထားရင္းနဲ႔ သူက ဒီလိုေတြးမိတယ္။ "ငါဗိုက္ဆာလို႔ အစာရွာ ထြက္လာတာ ယုန္တေကာင္ပဲ ရတယ္။ ယုန္က အေကာင္ေသးေတာ့ ငါ ဗိုက္ဝမွာ မဟုတ္ဘူး။ ဒီထက္ပိုႀကီးတဲ့ တိရိစာၦန္တေကာင္ေလာက္ ဖမ္းမိၿပီး စားလိုက္ရရင္ျဖင့္ ပိုၿပီး ဗိုက္တင္းသြားမွာ" ဆိုၿပီး ေတြးေနသတဲ့။

ျခေသၤ့ႀကီးဟာ အေတြးထဲမွာ ေမ်ာေနရင္းနဲ႔ ယုန္ေလးကို ဖမ္းထားတဲ့ ေျခေထာက္ဟာ ႂကြမိသြားတာေၾကာင့္ ယုန္ေလးဟာ ျခေသၤ့ႀကီး သတိမထားမိခင္ ထြက္ေျပးႏိုင္ခဲ့တယ္။

ယုန္ကေလး ထြက္ေျပးသြားတဲ့ အခါက်မွ ျခေသၤ့ႀကီးက သူမစားရေတာ့ဘူး ဆိုၿပီး စိတ္မေကာင္း ျဖစ္ေနတယ္။ ဒါေပမဲ့ ျခေသၤ့ႀကီးက သူ႔အေရွ႕ကေန သမင္တေကာင္ ျဖတ္ေျပးသြားတာကို ျမင္လိုက္တယ္။

ဒီလိုနဲ႔ သမင္ေလးကို လိုက္ဖမ္းျပန္တယ္။ ဒါေပမယ့္ သူဖမ္းလို႔ မမိခဲ့ပါဘူး။ ဒီလိုနဲ႔ပဲ မိုးခ်ဳပ္သြားတဲ့အခါမွာ ျခေသၤ့ႀကီးဟာ သူစားဖို႔ သားေကာင္ တေကာင္မွ မရခဲ့တာေၾကာင့္ ဗိုက္ဆာလာတဲ့ အခ်ိန္မွာ သူက ယုန္ေလးကို လႊတ္ေပးမိတဲ့အတြက္ ေနာင္တရၿပီး ငိုသတဲ့။

ဒီအေၾကာင္းအရာေလးကေန ေပးခ်င္တဲ့ ဗဟုသုတကေတာ့ လက္ထဲမွ ရရွိေနတဲ့ အခြင့္အေရးကို လက္လႊတ္ခံၿပီး မရႏိုင္ေသးတဲ့ မရႏိုင္တဲ့ အရာမ်ိဳးကို ေမွ်ာ္လင့္ မေနသင့္ပါဘူး။ လက္ထဲမွာ ရွိေနတဲ့ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ၿပီး ဒီထက္ ပိုေကာင္းတဲ့ အခြင့္အေရးကိုလည္း အရယူသင့္ပါတယ္။ Crd

Post a Comment

0 Comments