လောဘကြီးတဲ့ ခွေးကလေး

တချိန်တုန်းက ခွေးကလေး တကောင်ဟာ အသားတုံး တတုံးကို ခိုးယူလာခဲ့တယ်။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ်ကလေးနဲ့ ကိုက်ချီရင်း ဖြေးညင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းကလေးတခုရဲ့ တံတားတခု ပေါ်ကနေ သူဟာ ဖြတ်သွားနေပါတယ်။

ခွေးကလေးဟာ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ အရိပ်ကို သူမြင်တာပေါ့။ စမ်းချောင်းကလေးနဲ့ တံတားက တထွာလောက်ပဲ ကွာပါတယ်။

ဒါပေမယ့် သူဟာ သူ့အရိပ်လို့ မထင်ခဲ့ဘူး။ တခြားတကောင်က အခြားအသားတုံးတခုကို ကိုက်ချီလာတယ်လို့ သူ့စိတ်ထဲမှာ ထင်မြင်မိတယ်။

ခွေးကလေးဟာ အဲဒီအသားတုံးကို ရယူချင်တဲ့ အတွက်နဲ့ လောဘတကြီး ဆတ်ခနဲ ကိုက်ယူလိုက်တဲ့အခါ သူ့မှာ နဂိုရှိနေတဲ့ အသားတုံးဟာ စမ်းချောင်းကလေးထဲကို ပြုတ်ကျ ပျောက်ဆုံးသွားပါတော့တယ်။

ဒီပုံပြင်လေးကို အားလုံးနီးပါး ကြားဖူးကြပါတယ်။ ဘဝမှာလည်း ဒီပုံပြင်လေးလိုပါပဲ။ လူတွေဟာ မိမိမှာ ရှိတာလေးနဲ့ ကျေနပ်မှု မရှိကြပါ။

ထို့ကြောင့်လည်း လောဘတရား ပွားများကြတာပေါ့။ ပုထုဇဉ် လူသားဟူသမျှဟာ လောဘတရားတော့ အနည်းအများ ကိုယ်စီ ရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လောဘတရားမှာ များရင်လည်း မကောင်းပါ။

တန်ဆေးလွန်ဘေး ဆိုသလိုမျိုးပေါ့။ တန်ရင်ဆေး များလွန်ရင်တော့ ဘေးဒုက္ခနဲ့ ကြုံရတတ်ပါတယ်။ မိမိရှိတာလေးနဲ့ ကျေနပ်တင်းတိမ်မှု မရှိရင် မိမိလိုချင်တာလည်း မရလိုက်၊ မိမိမှာ ရှိတာတွေလည်း ဆုံးရှုံးတတ်ပါတယ်။ မိမိမှာ ရှိတာလေးနဲ့ ကျေကျေနပ်နပ်နဲ့ တင်းတိမ်စွာ နေထိုင်မှသာ ကိုယ့်ပစ္စည်းဥစ္စာလည်း ဆုံးရှုံးမှာ မဟုတ်ပါ။

လောဘကြီးရင်တော့ တနေ့ ဒုက္ခကြီးစွာ ရတတ်ပါတယ်။ လိုတာထက် ပိုများလေလေ ဒုက္ခကြီးကြီးနဲ့ ကြုံတွေ့ရမယ့် နီးစပ်စပ်လေလေပါ။

မိမိမှာ ရှိတာထက်၊ လိုအပ်တာထက် ပိုပြီးများပြားနေပါလျှင် အစစအရာရာ ဂရုစိုက်၍ ပြုမှု လုပ်ဆောင်နိုင်လျှင် ပိုမိုကောင်းမွန် လှပါတယ်။ ရှိတာလေးနဲ့ ကျေနပ်မှု ရှိကြပါလို့ တိုက်တွန်းရင်း။ ကောင်းချစ်

Zawgyi

ေလာဘႀကီးတဲ့ ေခြးကေလး

တခ်ိန္တုန္းက ေခြးကေလး တေကာင္ဟာ အသားတုံး တတုံးကို ခိုးယူလာခဲ့တယ္။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ္ကေလးနဲ႔ ကိုက္ခ်ီရင္း ေျဖးညင္းစြာ စီးဆင္းေနတဲ့ စမ္းေခ်ာင္းကေလးတခုရဲ႕ တံတားတခု ေပၚကေန သူဟာ ျဖတ္သြားေနပါတယ္။

ေခြးကေလးဟာ ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ သူ႔ရဲ႕ အရိပ္ကို သူျမင္တာေပါ့။ စမ္းေခ်ာင္းကေလးနဲ႔ တံတားက တထြာေလာက္ပဲ ကြာပါတယ္။ ဒါေပမယ့္ သူဟာ သူ႔အရိပ္လို႔ မထင္ခဲ့ဘူး။ တျခားတေကာင္က အျခားအသားတုံးတခုကို ကိုက္ခ်ီလာတယ္လို႔ သူ႔စိတ္ထဲမွာ ထင္ျမင္မိတယ္။

ေခြးကေလးဟာ အဲဒီအသားတုံးကို ရယူခ်င္တဲ့ အတြက္နဲ႔ ေလာဘတႀကီး ဆတ္ခနဲ ကိုက္ယူလိုက္တဲ့အခါ သူ႔မွာ နဂိုရွိေနတဲ့ အသားတုံးဟာ စမ္းေခ်ာင္းကေလးထဲကို ျပဳတ္က် ေပ်ာက္ဆုံးသြားပါေတာ့တယ္။

ဒီပုံျပင္ေလးကို အားလုံးနီးပါး ၾကားဖူးၾကပါတယ္။ ဘဝမွာလည္း ဒီပုံျပင္ေလးလိုပါပဲ။ လူေတြဟာ မိမိမွာ ရွိတာေလးနဲ႔ ေက်နပ္မႈ မရွိၾကပါ။ ထို႔ေၾကာင့္လည္း ေလာဘတရား ပြားမ်ားၾကတာေပါ့။ ပုထုဇဥ္ လူသားဟူသမွ်ဟာ ေလာဘတရားေတာ့ အနည္းအမ်ား ကိုယ္စီ ရွိၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေလာဘတရားမွာ မ်ားရင္လည္း မေကာင္းပါ။

တန္ေဆးလြန္ေဘး ဆိုသလိုမ်ိဳးေပါ့။ တန္ရင္ေဆး မ်ားလြန္ရင္ေတာ့ ေဘးဒုကၡနဲ႔ ႀကဳံရတတ္ပါတယ္။ မိမိရွိတာေလးနဲ႔ ေက်နပ္တင္းတိမ္မႈ မရွိရင္ မိမိလိုခ်င္တာလည္း မရလိုက္၊ မိမိမွာ ရွိတာေတြလည္း ဆုံးရႈံးတတ္ပါတယ္။ မိမိမွာ ရွိတာေလးနဲ႔ ေက်ေက်နပ္နပ္နဲ႔ တင္းတိမ္စြာ ေနထိုင္မွသာ ကိုယ့္ပစၥည္းဥစၥာလည္း ဆုံးရႈံးမွာ မဟုတ္ပါ။

ေလာဘႀကီးရင္ေတာ့ တေန႔ ဒုကၡႀကီးစြာ ရတတ္ပါတယ္။ လိုတာထက္ ပိုမ်ားေလေလ ဒုကၡႀကီးႀကီးနဲ႔ ႀကဳံေတြ႕ရမယ့္ နီးစပ္စပ္ေလေလပါ။ မိမိမွာ ရွိတာထက္၊ လိုအပ္တာထက္ ပိုၿပီးမ်ားျပားေနပါလွ်င္ အစစအရာရာ ဂ႐ုစိုက္၍ ျပဳမႈ လုပ္ေဆာင္ႏိုင္လွ်င္ ပိုမိုေကာင္းမြန္ လွပါတယ္။ ရွိတာေလးနဲ႔ ေက်နပ္မႈ ရွိၾကပါလို႔ တိုက္တြန္းရင္း။ ေကာင္းခ်စ္

Post a Comment

0 Comments