ကိုယ်ပြုံးပြလို့ သူပြန် မပြုံးဘူးလား။ နေပါစေ၊ သူ့မှာလည်း မပြုံးနိုင်တဲ့ အကြောင်းတရား ရှိမှာပဲလေ။
ကိုယ့်ဘက်က ဘယ်လောက်ထိ ပေးဆပ်နေပါစေ သူ့ဘက်က အသိအမှတ် မပြုဘူးလား။ နေပါစေ၊ တခါတလေ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာက တလွဲစီ ဖြစ်နေတတ်တာပဲလေ ဖြစ်တတ်ပါတယ်။ သူမှ ကိုယ်မဟုတ်တာပဲလေ။
ကိုယ့်ဘက်ကသာ ကိုယ်ချင်းစားစိတ်နဲ့ ကြည့်ပေးလိုက်ရတာ သူ့ဘက်က မမြင်နိုင်ဘူးလား။ နေပါစေ၊ မျက်လုံးချင်း တူပေမယ့် အမြင်ချင်းမတူရင် ရင်ဘတ်ချင်း ပေါင်းလို့ မရဘူးလေ။
ဘဝမှာ ကြုံတွေ့ခဲ့သမျှ အရာအားလုံးက သူများဘက်က တွေးပေးခဲ့လို့ ဒဏ်ရာကြီးပဲ ဖြစ်နေရတာပါ။ တခါတလေ ကိုယ့်စိတ်ကို သူများအတွက်ပဲ မရှင်သန်ပဲ ကိုယ့်အတွက်ကိုယ် ကြည့်ပေးလိုက်ပါ။
ကိုယ်စိတ်ချမ်းသာဖို့အတွက် ကိုယ့်အတွေးတွေက ကောင်းတဲ့အတွေး ဖြစ်နေဖို့ လိုတယ်မဟုတ်လား။ ဒီလိုပဲ ကိုယ်စိတ်ချမ်းမြေ့ဖို့အတွက် မြင်လိုက်တဲ့ အရာတွေက အကောင်းမြင်တာတွေပဲ ဖြစ်နေဖို့လိုတယ် မဟုတ်လား။
သူမကောင်းတာ သူ့အကြောင်းပါ။ ကိုယ့်အကြောင်း ကောင်းဖို့အတွက် အကောင်းမြင် ပေးလိုက်ရတာ မပင်ပန်းပါဘူး။
သူ့စိတ်နဲ့သာ ကိုယ်ရဲ့စိတ်က ပင်ပန်းနေရတာပါ။ ဒါကြောင့် ဘယ်သူ့အတွက်မှ မရှင်သန်ပဲ ကိုယ့်ရှင်သန်မှုအတွက် အကောင်းမြင်ပေးလိုက်တာက စိတ်ချမ်းမြေ့ပါတယ်။ may su
Zawgyi
အေကာင္းျမင္စိတ္ႏွင့္ ရွင္သန္ပါ
ကိုယ္ၿပဳံးျပလို႔ သူျပန္ မၿပဳံးဘူးလား။ ေနပါေစ၊ သူ႔မွာလည္း မၿပဳံးႏိုင္တဲ့ အေၾကာင္းတရား ရွိမွာပဲေလ။
ကိုယ့္ဘက္က ဘယ္ေလာက္ထိ ေပးဆပ္ေနပါေစ သူ႔ဘက္က အသိအမွတ္ မျပဳဘူးလား။ ေနပါေစ၊ တခါတေလ ျဖစ္ခ်င္တာနဲ႔ ျဖစ္သင့္တာက တလြဲစီ ျဖစ္ေနတတ္တာပဲေလ ျဖစ္တတ္ပါတယ္။ သူမွ ကိုယ္မဟုတ္တာပဲေလ။
ကိုယ့္ဘက္ကသာ ကိုယ္ခ်င္းစားစိတ္နဲ႔ ၾကည့္ေပးလိုက္ရတာ သူ႔ဘက္က မျမင္ႏိုင္ဘူးလား။ ေနပါေစ၊ မ်က္လုံးခ်င္း တူေပမယ့္ အျမင္ခ်င္းမတူရင္ ရင္ဘတ္ခ်င္း ေပါင္းလို႔ မရဘူးေလ။
ဘဝမွာ ႀကဳံေတြ႕ခဲ့သမွ် အရာအားလုံးက သူမ်ားဘက္က ေတြးေပးခဲ့လို႔ ဒဏ္ရာႀကီးပဲ ျဖစ္ေနရတာပါ။ တခါတေလ ကိုယ့္စိတ္ကို သူမ်ားအတြက္ပဲ မရွင္သန္ပဲ ကိုယ့္အတြက္ကိုယ္ ၾကည့္ေပးလိုက္ပါ။
ကိုယ္စိတ္ခ်မ္းသာဖို႔အတြက္ ကိုယ့္အေတြးေတြက ေကာင္းတဲ့အေတြး ျဖစ္ေနဖို႔ လိုတယ္မဟုတ္လား။ ဒီလိုပဲ ကိုယ္စိတ္ခ်မ္းေျမ့ဖို႔အတြက္ ျမင္လိုက္တဲ့ အရာေတြက အေကာင္းျမင္တာေတြပဲ ျဖစ္ေနဖို႔လိုတယ္ မဟုတ္လား။
သူမေကာင္းတာ သူ႔အေၾကာင္းပါ။ ကိုယ့္အေၾကာင္း ေကာင္းဖို႔အတြက္ အေကာင္းျမင္ ေပးလိုက္ရတာ မပင္ပန္းပါဘူး။ သူ႔စိတ္နဲ႔သာ ကိုယ္ရဲ႕စိတ္က ပင္ပန္းေနရတာပါ။ ဒါေၾကာင့္ ဘယ္သူ႔အတြက္မွ မရွင္သန္ပဲ ကိုယ့္ရွင္သန္မႈအတြက္ အေကာင္းျမင္ေပးလိုက္တာက စိတ္ခ်မ္းေျမ့ပါတယ္။ may su
0 Comments