တရက်မှာ လူတယောက်ဟာ မြင်းတကောင်ဝယ်ဖို့ ဈေးကို ရောက်လာသတဲ့။ ပြီးတော့ သူအကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို
"မိတ်ဆွေ ဒီမြင်းကို အိမ်ယူသွားပြီး မြင်းက ကောင်းမကောင်း စမ်းသပ်ကြည့် ပါအုံးမယ်။ မြင်းကောင်းဆိုရင် ဝယ်ပါ့မယ်။ မြင်းမကောင်းဘူး ဆိုရင်တော့ ပြန်ပို့ပါမယ်" လို့ ပြောသတဲ့။
မြင်းရောင်းသူကလည်း သဘောတူပြီး ခွင့်ပြုလိုက်တာပေါ့။ မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီး မြင်ဇောင်းထဲမှာ သူ့ရဲ့ မြင်းတွေအတူ ထားလိုက်သတဲ့။
ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာ ကြည့်နေတယ်။ ပြီးတော့ မြင်းတွေထဲက အပျင်းဆုံး၊ အစားအသောက်လည်း အကြီးဆုံး၊ အဆိုးဆုံး လောဘလည်း အကြီးဆုံးဖြစ်တဲ့ မြင်းရဲ့အနားကို ချဉ်ကပ်ပြီး မိတ်ဆွေဖွဲ့ကာ သွားအိပ်နေသတဲ့။
ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည်အပ်နှံ လိုက်တော့တာပေါ့။ မြင်းရောင်းသူလည်း ဝယ်သူ့ရဲ့ အပြုအမူကို အံ့သြသွားပြီး
"မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရတာလဲ။ မြင်းကို စမ်းသပ်ကြည့်ပြီးပြီလား" လို့ မေးလိုက်တာပေါ့။
ဒီတော့ မြင်းဝယ်သူက "ဒီမြင်းကို ထွေထွေထူးထူး စမ်းသပ်နေစရာ မလိုပါဘူး။ ဒီမြင်းဟာ ကျုပ်မြင်းဇောင်းထဲက အပျင်းဆုံး အဖျင်းဆုံး လောဘအကြီးဆုံး မြင်းဆိုးနဲ့ အပေါင်းအသင်း ပြုတယ်။ ဒါကြောင့် ဒီမြင်းရဲ့ စရိုက်ဟာလဲ ဒီသဘောအတိုင်းပဲ ဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး" ပြန်ပြောလိုက်ပါတယ်။
အပေါင်းအသင်းကြောင့် ဂုဏ်တက်ရသလို၊ အအပေါင်းအသင်းကြောင့် ဂုဏ်ပျက်နိုင်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အပေါင်းအသင်းတွေကို စိတ်ညစ်ခံပြီး ပေါင်းမနေပါနဲ့။ crd
Zawgyi
အေပါင္းအသင္းေၾကာင့္ ဂုဏ္ပ်က္
တရက္မွာ လူတေယာက္ဟာ ျမင္းတေကာင္ဝယ္ဖို႔ ေဈးကို ေရာက္လာသတဲ့။ ၿပီးေတာ့ သူအႀကိဳက္ဆုံး ျမင္းတေကာင္ကို ေ႐ြးၿပီး ျမင္းေရာင္းသူကို "မိတ္ေဆြ ဒီျမင္းကို အိမ္ယူသြားၿပီး ျမင္းက ေကာင္းမေကာင္း စမ္းသပ္ၾကည့္ ပါအုံးမယ္။ ျမင္းေကာင္းဆိုရင္ ဝယ္ပါ့မယ္။ ျမင္းမေကာင္းဘူး ဆိုရင္ေတာ့ ျပန္ပို႔ပါမယ္" လို႔ ေျပာသတဲ့။
ျမင္းေရာင္းသူကလည္း သေဘာတူၿပီး ခြင့္ျပဳလိုက္တာေပါ့။ ျမင္းဝယ္သူက ျမင္းကို အိမ္ေခၚသြားၿပီး ျမင္ေဇာင္းထဲမွာ သူ႔ရဲ႕ ျမင္းေတြအတူ ထားလိုက္သတဲ့။
ဒီေတာ့ ဝယ္လာတဲ့ ျမင္းဟာ ျမင္းေဇာင္းထဲက ျမင္းေတြကို ေသခ်ာ ၾကည့္ေနတယ္။ ၿပီးေတာ့ ျမင္းေတြထဲက အပ်င္းဆုံး၊ အစားအေသာက္လည္း အႀကီးဆုံး၊ အဆိုးဆုံး ေလာဘလည္း အႀကီးဆုံးျဖစ္တဲ့ ျမင္းရဲ႕အနားကို ခ်ဥ္ကပ္ၿပီး မိတ္ေဆြဖြဲ႕ကာ သြားအိပ္ေနသတဲ့။
ဒါကို ျမင္းဝယ္လာသူက ျမင္တာနဲ႔ ခ်က္ခ်င္းပဲ ျမင္းကို ဆြဲထုတ္ၿပီး ေရာင္းသူထံ ျပန္လည္အပ္ႏွံ လိုက္ေတာ့တာေပါ့။ ျမင္းေရာင္းသူလည္း ဝယ္သူ႔ရဲ႕ အျပဳအမူကို အံ့ၾသသြားၿပီး "မိတ္ေဆြ ဘာေၾကာင့္ ဒီျမင္းကို မႀကိဳက္ရတာလဲ။ ျမင္းကို စမ္းသပ္ၾကည့္ၿပီးၿပီလား" လို႔ ေမးလိုက္တာေပါ့။
ဒီေတာ့ ျမင္းဝယ္သူက "ဒီျမင္းကို ေထြေထြထူးထူး စမ္းသပ္ေနစရာ မလိုပါဘူး။ ဒီျမင္းဟာ က်ဳပ္ျမင္းေဇာင္းထဲက အပ်င္းဆုံး အဖ်င္းဆုံး ေလာဘအႀကီးဆုံး ျမင္းဆိုးနဲ႔ အေပါင္းအသင္း ျပဳတယ္။ ဒါေၾကာင့္ ဒီျမင္းရဲ႕ စ႐ိုက္ဟာလဲ ဒီသေဘာအတိုင္းပဲ ဆိုတာ ယုံမွားစရာ မလိုေတာ့ပါဘူး" ျပန္ေျပာလိုက္ပါတယ္။
အေပါင္းအသင္းေၾကာင့္ ဂုဏ္တက္ရသလို၊ အအေပါင္းအသင္းေၾကာင့္ ဂုဏ္ပ်က္ႏိုင္ပါတယ္။ ဒါေၾကာင့္ မေကာင္းတဲ့ အေပါင္းအသင္းေတြကို စိတ္ညစ္ခံၿပီး ေပါင္းမေနပါနဲ႔။ crd
0 Comments