တနေ့မှာ မြေခွေးတကောင်ဟာ ကြက်ခြံတခြံကို တွေ့တော့ ခြံထဲကိုဝင်ပြီး ကြက်ခိုးစားဖို့ ကြံတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး။
ဘယ်လိုရှာရှာ တိုးတိုး မရတာနဲ့ အစာငတ်ခံတဲ့ နည်းကိုသုံးပြီး ၃ ရက် အငတ်ခံပြီး ကိုယ်လုံး သေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ ရသွားရော။
ဒါပေမဲ့ ကြက်တွေကို ခိုးစားလို့ ဝပြီး ပြန်ထွက်မယ် လုပ်တော့ ပြန်ဝနေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူး ဖြစ်နေပြန်ရော။
အဲဒါနဲ့ မြေခွေးဟာ နောက်ထပ် သုံးရက် အစာအငတ်ခံ တော့မှပဲ ကြက်ခြံထဲက ပြန်ထွက်လာလို့ ရပါတော့တယ်။
နောက်ဆုံးတော့ မြေခွေးလည်း စဉ်းစားမိတယ်။ ကိုယ့်ရဲ့ တုံးအမှုကြောင့် ကိုယ့်အခြေအနေကို ကိုယ်ပြောင်းလဲ နေမိတယ်။ နောက်ဆုံးတော့ဘာ အကျိုးမှလဲ မရှိဘူး ဆိုတာပါပဲ။
ကျနော်တို့ ဘဝတွေဟာလည်း အတူတူပါပဲ။ ဘာမှ သိပ်မကွာခြားလှပါဘူး။ ကျနော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ်နဲ့ လက်ဗလာ မွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာနဲ့ပဲ ပြန်သွားကြရတာပါ။
ဘယ်အရာမှ သယ်သွားလို့ မရပါဘူး။ ဘယ်သူကမှလည်း ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဓနတွေကို မသယ်သွားနိုင် ကြဖူးပါဘူး။
ကျနော်တို့ နုပျိုငယ်ရွယ်တုန်း အချိန်မှာ ကြိုးစားရုန်းကန်ပြီး ငွေကို အသဲအသန် ရှာဖွေခဲ့ ကြပေမဲ့ အဲ့ဒီပိုက်ဆံတွေနဲ့ ကျနော်တို့ ရဲ့ ပျိုရွယ်တဲ့ ဘဝတွေကို ပြန်ဝယ်လို့ ဘယ်လိုမှ မရ နိုင်ပါဘူး။
ပျော်ရွင်မှုတွေကို ငွေနဲ့ သွားလဲခဲ့ကြပေမဲ့ အဲ့ဒီငွေတွေ နဲ့ ပျော်ရွင်မှုနဲ့ အချိန်တွေကို ပြန်သွားဝယ်လာလို့ မရနိုင်ပါဘူး။ တကမ္ဘာ လုံးမှရှိတဲ့ ဥစ္စာပစ္စည်းတွေနဲ့လဲ ကိုယ့်ရဲ့ဘဝကို ပြန်ဝယ်လို့ မရနိုင်ပါဘူး။
ဒါကြောင့် အလုပ် လုပ်တဲ့အခါ ဆိုရင်လဲ လုပ်ပါ။ အနားယူတဲ့ အခါမှာလဲ အနားယူပါ။ အလုပ် လုပ်နေရင်းနဲ့လဲ ဘဝရဲ့ ပျော်ရွင်မှု့လေးတွေနဲ့ တန်ဖိုးတွေကို ရိတ်သိမ်းသွားဖို့ သိတတ်ပါစေ။ ကိုယ့်မှာရှိနေတဲ့ တန်ဖိုးကို ရှာတွေ့ပါစေ။ Crd
0 Comments