ငါးကြီးကြီး လိုချင်ရင် ပင်လယ်ထဲကို သွားပါ၊ ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ်။ ဘဝကို ကြက်တူရွေးလို မနေဘဲ သိန်းငှက်လို ကျင့်ကြံပါ။ ကြက်တူရွေးက စကားတတ်ပေမဲ့ အမြင့်မပျံနိုင်ဘူး၊ သိန်းငှက်က နှုတ်ဆိတ်ပေမဲ့ မိုးထိအောင် ပျံနိုင်တယ်။
ကြိုးစားတဲ့ လူတိုင်းက မအောင်မြင်ပါဘူး၊ ဒါပေမယ့် အောင်မြင်နေတဲ့ သူတိုင်းက ကြိုးစားခဲ့ကြပါတယ်။ လမ်းပျောက်နေလို့ စိတ်ဓာတ်မကျပါနဲ့၊ ကိုယ်လျှောက်မယ့် လမ်းက ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ။
လူ့သက်တမ်းက အကန့်အသတ်ရှိတာ မှန်ပါတယ် ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး။ အစိတ်စိတ် ကွဲနေတဲ့ ဖန်ကွဲစက ပြောတယ် "ဖြစ်ပြီးမှ နောင်တရနေရင် အလကားဘဲ" တဲ့။
ဘောပင်က ပြောတယ် "မင်ကုန်ရင် လွင့်ပစ်လိုက်ပါ မင်းအတွက် အသုံးမဝင်တာကို သိမ်းမထားပါနဲ့" တဲ့။ တံခါးပေါက်က ပြောတယ် "ငါ့ကို ဖွင့်ပြီး မင်းအောင်မြင်မှု လမ်းကြောင်းကို ရောက်အောင်သွား" တဲ့။ မီးသီးက ပြောတယ် "ဘဝကို တောက်ပအောင် လုပ်ပါ" တဲ့။
ပြတင်းပေါက်က မြင်ရတဲ့ လမင်းက ပြောတယ် "ရည်မှန်းချက်ကို မြင့်မြင့်ထား" တဲ့။ ပြက္ခဒိန်က ပြောတယ် "ကုန်လွန်သွားတဲ့ ရက်စွဲတွေက နောက်ပြန်လှည့်လို့ မရဘူး" တဲ့။ စာအုပ်တွေက ပြောတယ် "ဗဟုသုတကို ဝယ်လို့မရဘူး ဖတ်ပြီး မှတ်လို့ဘဲ ရတယ်"
ဓားတလက်က ပြောတယ် "မသုံးဘဲထားရင် တုံးသွားလိမ့်မယ်" တဲ့။ နာရီလေးက ပြောတယ် "အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး" တဲ့။
ရေသန့်ဘူးက ပြောတယ် စိတ်ကိုကြည်လင်အောင်ထား ဘဝကို သန့်ရှင်းအောင်နေတဲ့။ ပိုက်ဆံလေးက ပြောတယ် "များများ သုံးချင်ရင် များများရှာ" တဲ့။ Crd
Zawgyi
ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ
0 Comments