တခါတုန်းက ပင်လယ်ကမ်းစပ်က တံငါရွာလေးတရွာမှာ အဘိုးအိုနဲ့ အဘွားအို လင်မယားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်။
သားသမီးမရှိတော့ သူတို့နှစ်ယောက်တည်းပဲ တဦးကိုတဦး အရမ်းဂရုစိုက်ပြီး ချစ်ချစ်ခင်ခင်လေး နေထိုင်ကြတာပေါ့။
တနေ့တော့ အဘိုးအိုက စကားပြောတဲ့အခါ အဘွားက လုံးဝ ပြန်မပြောတော့ပါဘူး။ အဖိုးအို ဝမ်းနည်းသွားပါတယ်။ ငါဇနီး နားလေးသွားပါပြီ။ ငါဘာပြောပြော သူ မကြားတော့ပါဘူး။
အဖိုးအိုက မြို့ကို သွားပြီး နား နှာခေါင်း အထူးကု ဆရာဝန်နဲ့ တွေ့ဆုံ အကူအညီ တောင်းပါတယ်။ ဆရာဝန်က အဘိုးအိုနဲ့ တနာရီလောက် စကားပြောပါတယ်။
ပြီးတော့ အဘိုးအိုကို သူ့ဇနီးကို စမ်းသပ်ဖို့ နည်းလမ်း ပြောလိုက်ပါတယ်။ "အဘိုး အိမ်ရောက်တဲ့အခါ အဘွားကို ပေနှစ်ဆယ် အကွာကနေ စကားလှမ်းပြောပါ။
အဘွားက မကြားလို့ ပြန်မဖြေရင် ရှေ့ကို ဆယ်ပေထပ်တိုးပြီး ဆယ်ပေအကွာက စကား ထပ်ပြောပါ။ အဖွားက မကြားဘူးဆိုရင် အနားနား ကပ်ပြီး ပုခုံးကို ကိုင်ပြီးပြောပါ။
အဲ့ဒီလို သုံးကြိမ် စမ်းသပ်ပြီးရင် ဘယ်လို ရလဒ်တွေရလဲ အဖွားက ဘယ်လို တုံ့ပြန်လဲဆိုတာ မှတ်လာခဲ့ပြီး ကျနော့်ကို နောက်နေ့လာပြန်ပြောပါ" လို့ ဆရာဝန်က အဘိုးအိုကို မှာလိုကိပါတယ်။
အဘိုးအို အိမ်ပြန်ရောက်တဲ့အခါ ဇနီးက ငါးမျှားနေပါတယ်။ အဘိုးက ပေနှစ်ဆယ်အကွာ ကနေ မေးခွန်း လှမ်းမေးပါတယ်။
"မိန်းမ ဘာဟင်းချက်လဲ"
အဘွားကြီး ပြန်မဖြေပါဘူး။ အဲဒါနဲ့ ရှေ့ကို ဆယ်ပေ ထပ်တိုးပြီး မေးတယ်။
"မိန်းမ ဘာဟင်းချက်လဲ"
အဖွားက ပြန်မဖြေပါဘူး။ ဒါကြောင် နောက်ဆုံး အဖွားကြီးနားကို ကပ်ပြီ ပုခုံးကို ကိုင်လိုက်ပါတယ်။ ပြီးတော့ ဒီဘက်ကို ဆွဲလှည့်ပြီး မေးလိုက်တယ်။
"မိန်းမ ဘာဟင်းချက်လဲ"
အဖွားက သက်ပြင်းချတယ်။ ပြီးတော့ ငါးမျှားနေရာက ထပြီး ကျောက်သင်ပုန်းမှာ စာရေးလိုက်တယ်။
"ရှင် မေးတဲ့ မေးခွန်း ဘာဟင်းချက်လဲ ဆိုတာကို ကျမက ငါးဟင်းချက်တယ်လို့ ပြန်ဖြေတာ ဒီတခါနဲ့ဆို သုံးခါရှိပြီ" လို့ ကျောက်သင်ပုန်းမှာ စာရေးပြပါတယ်။
ဒါပါပဲ သူငယ်ချင်းတို့ရယ် တခါတခါ သူများတွေ ကန်းနေတယ်လို့ ကျနော်တို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင် ကန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ phoomyatchal
0 Comments