တခါတုန်းက လယ်သမားတဦး၏ သားလေးသည် မြွေတကောင်ကို မတော်တဆ တက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေး သေဆုံးသွားလေ၏။
သားလေး သေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ ဖခင်က ပုဆိန်တလက်ဖြင့် သူ၏သားကို ကိုက်သတ်သွားသော မြွေအား လိုက်လံ ရှာဖွေ၍ မြွေကို ခုတ်သတ်သောအခါ မြွေ၏ အမြီးကိုသာ ခုတ်ဖြတ်မိ လေသည်။
ထို့နောက် မြွေကတဖန် အဆိုပါ ကောင်လေး၏ဖခင် လယ်သမားဖြစ်သူ ပိုင်ဆိုင်သော ကျွဲ နွား တိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန် လုပ်ဆောင် ပြန်၏။
ထို့နောက်တွင် ကောင်လေး၏ ဖခင်ဖြစ်သူက ဤမြွေနှင့် ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်ဟု ယူဆကာ အစားအစာများနှင့် ပျားရည်များကို ယူဆောင်လာပြီး အခုလို ပြောသည်။
"အရာအားလုံးကို ခွင့်လွှတ်ပေးပြီး မေ့ပစ်လိုက်ကြစို့။ မင်းက ငါ့သားကို အပြစ်ပေးတာ မှန်တယ်။ ငါကျွဲနွား တိရစ္ဆာန်တွေကိုလည်း မင်းလက်စားချေ သင့်တယ်။ ငါက မင်းအပေါ် လက်တုံ့ပြန် ခဲ့တာလည်း မှန်တာပဲ။ ဒီတော့ ငါတို့တွေ ကျေအေးပြီး ပြန်လည် သင့်သင့် မြတ်မြတ် နေကြရအောင်"
ထိုအခါ မြွေက "မဟုတ်ဘူး။ သင့်လက်ဆောင်တွေကို ပြန်ယူ သွားလိုက်ပါ။ သင့်သား၏ သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို ငါ့အမြီး ဆုံးရှုံးရမှု ကိုလည်း ငါမေ့နိုင်မှာ မဟုတ်ပါဘူး"
ဟု ပြန်လည် ပြောကြားလိုက် ပါသည်။ နာကျင်မှုဆိုသည်မှာ ခွင့်လွှတ်ပေးနိုင်သော်လည်း မမေ့ပျောက်နိုင်သော အရာဖြစ်လေသည်။ phoomyatchal
Zawgyi
ေမ့ပစ္လို႔ မရနိုင္ဘူး
တခါတုန္းက လယ္သမားတဦး၏ သားေလးသည္ ေႁမြတေကာင္ကို မေတာ္တဆ တက္နင္းမိရာ ေႁမြက ထိုေကာင္ေလးအား ေပါက္သတ္လိုက္သျဖင့္ ထိုေကာင္ေလး ေသဆုံးသြားေလ၏။
သားေလး ေသဆုံးသြားသျဖင့္ ေဒါသထြက္ေနေသာ ေကာင္ေလး၏ ဖခင္က ပုဆိန္တလက္ျဖင့္ သူ၏သားကို ကိုက္သတ္သြားေသာ ေႁမြအား လိုက္လံ ရွာေဖြ၍ ေႁမြကို ခုတ္သတ္ေသာအခါ ေႁမြ၏ အၿမီးကိုသာ ခုတ္ျဖတ္မိ ေလသည္။
ထို႔ေနာက္ ေႁမြကတဖန္ အဆိုပါ ေကာင္ေလး၏ဖခင္ လယ္သမားျဖစ္သူ ပိုင္ဆိုင္ေသာ ကြၽဲ ႏြား တိရစာၦန္မ်ား ေႁမြဆိပ္တက္၍ ေသဆုံးသြားၾကရန္ လုပ္ေဆာင္ ျပန္၏။
ထို႔ေနာက္တြင္ ေကာင္ေလး၏ ဖခင္ျဖစ္သူက ဤေႁမြႏွင့္ ညႇိႏႈိင္းျခင္းသည္သာ အေကာင္းဆုံး ေျဖရွင္းနည္း ျဖစ္သည္ဟု ယူဆကာ အစားအစာမ်ားႏွင့္ ပ်ားရည္မ်ားကို ယူေဆာင္လာၿပီး အခုလို ေျပာသည္။
"အရာအားလုံးကို ခြင့္လႊတ္ေပးၿပီး ေမ့ပစ္လိုက္ၾကစို႔။ မင္းက ငါ့သားကို အျပစ္ေပးတာ မွန္တယ္။ ငါကြၽဲႏြား တိရစာၦန္ေတြကိုလည္း မင္းလက္စားေခ် သင့္တယ္။ ငါက မင္းအေပၚ လက္တုံ႔ျပန္ ခဲ့တာလည္း မွန္တာပဲ။ ဒီေတာ့ ငါတို႔ေတြ ေက်ေအးၿပီး ျပန္လည္ သင့္သင့္ ျမတ္ျမတ္ ေနၾကရေအာင္"
ထိုအခါ ေႁမြက "မဟုတ္ဘူး။ သင့္လက္ေဆာင္ေတြကို ျပန္ယူ သြားလိုက္ပါ။ သင့္သား၏ ေသဆုံးမႈကို သင္ေမ့ႏိုင္မွာ မဟုတ္သလို ငါ့အၿမီး ဆုံးရႈံးရမႈ ကိုလည္း ငါေမ့ႏိုင္မွာ မဟုတ္ပါဘူး" ဟု ျပန္လည္ ေျပာၾကားလိုက္ ပါသည္။ နာက်င္မႈဆိုသည္မွာ ခြင့္လႊတ္ေပးႏိုင္ေသာ္လည္း မေမ့ေပ်ာက္ႏိုင္ေသာ အရာျဖစ္ေလသည္။ phoomyatchal
0 Comments