တခါက လေယာဉ်တစီးပေါ်မှာ ရှေ့နေတယောက်၊ ဆရာဝန်တယောက်၊ ဘုန်းကြီးအိုတပါးနဲ့ ကလေးငယ်တဦးတို့ တခရီးတည်းစီးလာကြတယ်။ ဒီလိုနဲ့ စီးလာရာက လေယာဉ်အင်ဂျင်ဟာ ရုတ်တရက် ပြဿနာ တက်ပါတော့တယ်။
လေယာဉ်မောင်းသူလည်း အကောင်းဆုံး ကြိုးစားပြီး အခြေအနေ မဟန်တော့ "ခင်ဗျားတို့ အခုနေ ခုန်ဆင်းကြရင် ကောင်းမယ်" လို့ ပြောပြီး သူလည်း လေထီးကို ယူပြီး အရင်ဆုံး ခုန်ဆင်းသွားတယ်။
လေယဉ်ပေါ်မှာ ကျန်တာက ၄ ယောက်။ အဲဒါမှ ပြဿနာ။ လေထီးက ၃ ခုပဲ ကျန်တော့တယ်။ အဲဒီချိန်မှာ ဆရာဝန်က
"ကျုပ်က ဆရာဝန်။ ကျုပ်က နေ့တိုင်းလိုလို လူတွေရဲ့ အသက်ကို ကယ်နေရတာ။ ကျုပ်အသက်က တန်ဖိုးရှိတယ်" လို့ ပြောပြီး လေထီး ၁ ခုကို ယူကာ ခုန်ဆင်းသွားတယ်။
နောက်တော့ ရှေ့နေကလည်း "ကျုပ်က ရှေ့နေ။ ရှေ့နေဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံးလူပဲ။ ကျုပ် အသက်ရှင်သင့်တယ်" လို့ပြောပြီး သူလည်း လေထီးအိတ်ယူပြီး ခုန်ဆင်းသွားတယ်။
ကျန်ခဲ့တဲ့ ဘုန်းကြီးအိုက ကလေးကို ပြောတယ်။ "ကောင်လေး ငါကတော့ လောကမှာ နေလာတာ ကြာပြီ၊ အသက်လည်း ကြီးပြီ၊ သက်တမ်းစေ့တော့မယ်။ ဒီတော့ မင်းပဲ နောက်ဆုံးကျန်တဲ့ လေထီးကို ယူပြီး သွားတော့။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါလေတော့"
ကလေးက လေထီးအိတ်ကို ဘုန်းတော်ကြီးကို လှမ်းပေးရင်း "မပူနဲ့ ဖာသာ။ ခုနက ကမ္ဘာ့အတော်ဆုံး လူကြီးက ကျွန်တော့ ကျောပိုးအိတ်ကို ယူပြီး ခုန်ချသွားတာ" လို့ ပြောလိုက်သတဲ့။
moral သင့်ရဲ့ အလုပ်အကိုင်က သင်ဘယ်လိုလူလဲ ဆိုတာ မသတ်မှတ်ပါဘူး၊ သင်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကသာ အရေးပါပါတယ်။ crd
Zawgyi
ကမာၻ႔အေတာ္ဆုံးလူသား
တခါက ေလယာဥ္တစီးေပၚမွာ ေရွ႕ေနတေယာက္၊ ဆရာဝန္တေယာက္၊ ဘုန္းႀကီးအိုတပါးနဲ႔ ကေလးငယ္တဦးတို႔ တခရီးတည္းစီးလာၾကတယ္။ ဒီလိုနဲ႔ စီးလာရာက ေလယာဥ္အင္ဂ်င္ဟာ ႐ုတ္တရက္ ျပႆနာ တက္ပါေတာ့တယ္။
ေလယာဥ္ေမာင္းသူလည္း အေကာင္းဆုံး ႀကိဳးစားၿပီး အေျခအေန မဟန္ေတာ့ "ခင္ဗ်ားတို႔ အခုေန ခုန္ဆင္းၾကရင္ ေကာင္းမယ္" လို႔ ေျပာၿပီး သူလည္း ေလထီးကို ယူၿပီး အရင္ဆုံး ခုန္ဆင္းသြားတယ္။
ေလယဥ္ေပၚမွာ က်န္တာက ၄ ေယာက္။ အဲဒါမွ ျပႆနာ။ ေလထီးက ၃ ခုပဲ က်န္ေတာ့တယ္။ အဲဒီခ်ိန္မွာ ဆရာဝန္က "က်ဳပ္က ဆရာဝန္။ က်ဳပ္က ေန႔တိုင္းလိုလို လူေတြရဲ႕ အသက္ကို ကယ္ေနရတာ။ က်ဳပ္အသက္က တန္ဖိုးရွိတယ္" လို႔ ေျပာၿပီး ေလထီး ၁ ခုကို ယူကာ ခုန္ဆင္းသြားတယ္။
ေနာက္ေတာ့ ေရွ႕ေနကလည္း "က်ဳပ္က ေရွ႕ေန။ ေရွ႕ေနဆိုတာ ကမာၻေပၚမွာ အေတာ္ဆုံးလူပဲ။ က်ဳပ္ အသက္ရွင္သင့္တယ္" လို႔ေျပာၿပီး သူလည္း ေလထီးအိတ္ယူၿပီး ခုန္ဆင္းသြားတယ္။
က်န္ခဲ့တဲ့ ဘုန္းႀကီးအိုက ကေလးကို ေျပာတယ္။ "ေကာင္ေလး ငါကေတာ့ ေလာကမွာ ေနလာတာ ၾကာၿပီ၊ အသက္လည္း ႀကီးၿပီ၊ သက္တမ္းေစ့ေတာ့မယ္။ ဒီေတာ့ မင္းပဲ ေနာက္ဆုံးက်န္တဲ့ ေလထီးကို ယူၿပီး သြားေတာ့။ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းပါေလေတာ့"
ကေလးက ေလထီးအိတ္ကို ဘုန္းေတာ္ႀကီးကို လွမ္းေပးရင္း "မပူနဲ႔ ဖာသာ။ ခုနက ကမာၻ႔အေတာ္ဆုံး လူႀကီးက ကြၽန္ေတာ့ ေက်ာပိုးအိတ္ကို ယူၿပီး ခုန္ခ်သြားတာ" လို႔ ေျပာလိုက္သတဲ့။ moral သင့္ရဲ႕ အလုပ္အကိုင္က သင္ဘယ္လိုလူလဲ ဆိုတာ မသတ္မွတ္ပါဘူး၊ သင္ရဲ႕ ေကာင္းမြန္တဲ့ လုပ္ရပ္ကသာ အေရးပါပါတယ္။ crd
0 Comments