တခါတုန်းက မြို့ကြွက်တကောင်ဟာ ဆွေမျိုးတော်စပ်သူရှိတဲ့ တောရွာကို အလယ်သွားသတဲ့။ ဆွေမျိုးဖြစ်သူက ရိုးသားပွင့်လင်းတယ်။
မြို့ကမိတ်ဆွေ ရောက်လာတော့ ခင်ခင်မင်မင် ဝမ်းပမ်းတသာ ဧည့်ခံသတဲ့။ ပဲသီးတို့၊ ဝက်ပေါင်သားတို့၊ ဒိန်ခဲတို့၊ ပေါင်မုန့်တို့နဲ့ အကုန် ချကျွေးသတဲ့။ ဒါပေမယ့် ကြည်ဖြူပျုငှာစွာ ကျွေးတာပဲ ဖြစ်တယ်။
မြို့ကြွက်က နှစ်ခေါင်းရှည်ရှည်ကို ရှုံ့လိုက်ပြီး အစားအစာကို ကြည့်ရင်း ဆိုတာက "အဆွေရယ်၊ ငါ နားမလည်နိုင် လောက်အောင်ပါပဲ။ ဒီလို အစားအသောက်တွေနဲ့ မင်းဘယ်လို နေနိုင်သလဲ။
ဒါပေမယ့် တောဆိုတော့လည်း စားကောင်းသောက်ဖွယ်တွေ ဘယ်ရှိမလဲလေ။ ငါနဲ့ မြို့မှာ လိုက်နေပါလားကွာ၊ မြို့မှာ တပတ်လောက် နေပြီးတဲ့အခါ တောမှာလို နုံနုံချာချာ နေရတဲ့ ဘဝမှာ အမြဲမနေဖို့ မင်းစဉ်းစားတတ် လာလိမ့်မယ်"
ပြောနေ ကြာပါတယ်လေ ကြွက်နှစ်ကောင်ဟာ မြို့ကို လာခဲ့ရော။ ညမိုးချုပ်မှာ မြို့က ကြွက်ရဲ့ အိမ်ဆီ ရောက်လာသတဲ့။
"ခရီးဝေးကလာတာ ဆိုတော့ မင်းအနားယူချင် နေမှာပဲ" လို့ ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကြွက်ဟာ ပြောဆိုရင်း သူ့မိတ်ဆွေကို ခမ်းနားလှတဲ့ ဧည့်ခန်းဆီ ခေါ်သွားသတဲ့။
အထဲရောက်တော့ စားကောင်းသောက်ဖွယ် အကျန်တွေ တွေ့ပြီလေ။ မကြာမီ ကြွက်နှစ်ကောင်ဟာ ကျောက်ကျောမုန့်တွေ၊ကိတ်မုန့်တွေနဲ့ အရသာ ကောင်းပေ့ဆိုတဲ့ စားဖွယ်ရာတွေကို စားကြရောတဲ့။
ရုတ်တရက် မာန်မဲပြီး ဟောက်သံကို ရုတ်တရက် ကြားလိုက်တဲ့အခါ တောကြွက် ကမေးတာပေါ့။
"ဘာပါလိမ့်"
"အိမ်ကခွေးပေါ့ကွာ"
"ဘယ်နှယ်ကွာ၊ ညစာစားတုန်း ဒီလို သီချင်းသံမျိုး မကြားချင်ဘူး"
ဒီတုန်းမှာပဲ တံခါးပွင့်သွားပြီး ခွေးဘီလူးကြီးနှစ်ကောင် ဝင်လာလို့ ကြွက်နှစ်ကောင် ခုန်ဆင်းပြေးရသတဲ့။ အဲဒါကြောင့် တောကြွက်က မြို့ကြွက်ကို ဆိုခဲ့တာပေါ့။
"ရွာကိုပြန်တော့မယ် မိတ်ဆွေရေ"
"အလို ရွာပြန်တော့မယ် မြန်လှချီလား"
ထိုအခါ တောကြွက်က "မြန်မြန်ပဲကွာ။ စားကောင်းသောက်ကောင်း ခိုးဝှက်စားနေရခြင်းထက် ရိုးရိုးအစားအစာကို အေးချမ်းစွာ စားသောက်ရခြင်းက ပိုကောင်းပါတယ်" လို့ ပြန်ပြောလိုက်ပါတော့တယ်။ crd
0 Comments