တရက်မှာ လိပ်တကောင်က သစ်ပင်အောက်မှာ အနားယူ နေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တကောင်က အသိုက်လုပ်ပြီးနေထိုင်ပါတယ်။ လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။
"သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ်ပဲ့လွယ်တဲ့ အကိုင်းတွေနဲ့ လုပ်ထားတယ်။ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။
ကိုယ့်အတွက် ဆောက်တဲ့ အိမ်တောင်မှ ဘာလို့ စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံဆိုရင် မင်းရဲ့ အသိုက်ထက်တောင် ပိုကောင်းသေး" လို့ လှောင်လိုက်ပါတယ်။
ထိုအခါ ငှက်ကလေးက "ဟုတ်တယ် ကျိုးပဲ့လွယ်တဲ့ အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ ဒါပေမယ့် ငါကိုယ်တိုင် ဆောက်လုပ်ထားတာ။ ငါကြိုက်တယ်" လို့ ပြန်ပြောတယ်။
"ငါထင်တယ် မင်းအသိုက်က အခြားအသိုက်တွေနဲ့ အတူတူပါပဲ။ ဘာမှ မထူးပါဘူး။ ငါ့ထက်တော့ ပိုမကောင်းနိုင်ပါဘူး။ ငါ့အခွံတွေ ကိုတောင် မင်းမနာလို ဖြစ်နေအုံးမှာ" လို့ လိပ်က ပြောလိုက်ပါတယ်။
ထိုအခါမှာတော့ ငှက်ကလေးက "ဆန့်ကျင်ဘက်ပဲ။ ငါ့အိမ်က ငါ့အတွက်တော့ ငါ့မိသားစုတွေ ငါ့သူငယ်ချင်းတွေ အတွက်တော့ ငါ့အိမ်က အကောင်းဆုံးပဲ။
မင်းရဲ့ အခွံ့က မင်းတယောက်ကလွဲပြီး အခြားသူတွေအတွက် အဆင်မပြေနိုင်ဘူး။ မင်းအတွက်တော့ အကောင်းဆုံးအိမ် ဖြစ်ရင်ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ ငါ့အတွက် အကောင်းဆုံးပဲ" လို့ ပြန်ပြောလိုက်ပါတယ်။
သင်ခန်းစာ။ ။ အထီးကျန်နေတဲ့ အိမ်ကြီး အိမ်ကောင်းထက် ဆင်းရဲ နိမ့်ကျနေပေမယ့် ဖော်ရွေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စုပြုံနေရတာက ပိုပျော်စရာ ကောင်းပါတယ်။
ဘယ်လောက်ပဲ ခိုင်ခံတဲ့ အိမ်ကြီးဖြစ်ပါစေ၊ ကိုယ့်ကို ချစ်ခင်သူတွေ မရှိဘဲ အထီးကျန်နေရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာ ကောင်းလိုက်မလဲ။
ငွေမပေါပေမယ့် သင့်ကို ချစ်ခင်တဲ့သူတွေနဲ့သာ နေရခြင်းက ဘဝမှာ ချမ်းသာခြင်း တမျိုးပါပဲ။ ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးပါလို့ ဒီအကြောင်းအရာလေးက သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments