ရေချိုးဖို့အချိန်မရှိသူတွေအတွက် ခန္ဓာကိုယ်မှာအနံ့အသက်ဆိုးမထွက်အောင် အလျင်အမြန် ပြုလုပ်နိုင်မယ့်နည်းလမ်း (၉) ခု

မနက်ခင်းအစော သွားစရာရှိတဲ့အခါ၊ အချိန်မရတဲ့အခါ၊ နေမကောင်းတဲ့အခါ ရေမချိုးဖြစ်တော့ပါဘူး။ ရေမချိုးဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်ကို သန့်ရှင်းပြီး အနံ့အသက်ဆိုးတွေ မထွက်အောင် အလျင်အမြန်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းသီးရှာလကာရည်

ရေတစ်ခွက်ထဲမှာ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရောမွှေပြီး ဖျန်းဘူးထဲကို ထည့်လိုက်ပါ။ ပြီးနောက် ဆံပင်နဲ့ ခန္ဓာကိုယ်မှာ အနံ့အသက်ဆိုး ထွက်နေတဲ့နေရာတွေကို ဖျန်းပေးပြီး ပိတ်စလေးနဲ့ သုတ်လိုက်ရုံပါပဲ။ ပန်းသီးရှာလကာရည်က အသားအရေရဲ့ pH level ကို ထိန်းပေးပါတယ်။

၂။ Fabric refrseher

အဝတ်အစားတွေက အနံ့ဆိုးတွေ ထွက်နေပြီး လျှော်ဖို့ အချိန်မရတဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ Fabric refrseher ကို အနံ့ဆိုးထွက်နေတဲ့အဝတ်အစားတွေမှာ ဖျန်းပေးလို့ရပါတယ်။ အချိန်တိုအတွင်း အဝတ်အစားရဲ့အနံ့ဆိုးတွေ ပျောက်သွားမှာပါ။

၃။ ဆန်ဆေးရည်

မျက်နှာမှာ အဆီအရမ်းပြန်နေတဲ့အခါ တစ်ရှူးအစိုကို ဆန်ဆေးရည်ထဲမှာ နှစ်ပြီး မျက်နှာမှာ ကပ်ပေးပါ။ ဆန်ဆေးရည်က မျက်နှာက အဆီတွေကို စုပ်ယူ‌ပေးပြီး ချွေးပေါက်တွေကို ပွင့်သွားစေပါတယ်။ လည်ပင်းမှာ ဂျီးတွေ အရမ်းထူနေရင်လည်း ပြောင်စင်သွားစေပါတယ်။

၄။ ကိုယ်လိမ်းပေါင်ဒါ

နေ့စဉ်ရေမချိုးဖြစ်တဲ့အခါတွေမှာ ကိုယ်လိမ်းပေါင်ဒါက အရမ်းအသုံးဝင်ပါတယ်။ ကိုယ်လိမ်းပေါင်ဒါကို ချိုင်းကြား၊ ခြေထောက်နဲ့ ခန္ဓာကိုယ်က ချွေးထွက်များတဲ့နေရာတွေမှာ လိမ်းပေးရင် အနံ့ဆိုးတွေ စုပ်ယူပြီးသားဖြစ်ပါပဲ။

၅။ Dry brushing

ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေဖို့ Dry brushing ပြုလုပ်ပေးနိုင်ပါတယ်။ ဘရက်ရှ်ကို ရေနဲ့မဆွတ်ဘဲ ခြေထောက်မှာ ပွတ်တိုက်ပေးရုံပါပဲ။ ဒီနည်းက ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီးသား ဖြစ်စေပါတယ်။

၆။ ရေစိုတစ်ရှူး

ရေမချိုးဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ ရေစိုတစ်ရှူးနဲ့ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးလို့ရသလို ရေစွတ်ထားတဲ့ ပိတ်စလေးနဲ့လည်း ပွတ်တိုက်ပေးနိုင်ပါတယ်။

၇။ Lotion နဲ့ ရေမွှေး

ရေချိုးဖို့ အချိန်လုံးဝမရှိတော့တဲ့အခါမှာ ခန္ဓာကိုယ်ကို ရေမွှေးဖျန်းလိုက်ပါ။ ရေမွှေးကို ကြာရှည်မွှေးနေဖစို့ လက်ကောင်ဝတ်၊ ဒူးအနောက်၊ တံတောင်ဆစ်၊ လည်ပင်း၊ ခါးနေရာမှာ ဖျန်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် Lotion လိမ်းလိုက်ရင်လည်း ခန္ဓာကိုယ်က မွှေးသွားမှာပါ။

၈။ Dry shampoo

ဆံပင်က အဆီတွေအရမ်းထွက်နေပြီး ခေါင်းလျှော်ဖို့ အချိန်မရတဲ့အခါ Dry shampoo ကို အသုံးပြုနိုင်ပါတယ်။ Dry shampoo ကို ဆံပင်မှာ ဖျန်းပေးပြီး ၁၀ မိနစ်ကြာ ထားလိုက်ပါ။ ပြီးနောက် ခေါင်းဖြီးပေးလိုက်ရုံပါပဲ။

၉။ ရနံ့ဆီ

ခန္ဓာကိုယ်က ဘက်တီးရီးယားတွေကြောင့် အနံ့ဆိုးတွေ ထွက်လာပါတယ်။ ပက်ပါမင့်ရနံ့ဆီ၊ လိမ္မော်ရနံ့ဆီတို့လို ရနံ့မွှေးမွှေးလေးတွေက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Bonus

ရေနေ့စဉ်ချိုးတာက စိတ်ရောခန္ဓာကိုယ်ကိုပါ လန်းဆန်းစေပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ကြိမ်ခန့်ရေချိုးရင် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့အဆီတွေ နည်းသွားပြီး အသားအရေခြောက်တာကို ခံစားရစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments