ရထားတစီးပေါ်မှာ၂၄ နှစ် အရွယ်ရှိတဲ့ ကောင်လေးက ရထား ပြတင်းပေါက်ကနေ သူ့အဖေကို အော်ပြောလိုက်တယ်။
"အဖေရယ် ကြည့်ပါအုံး သစ်ပင်တွေက သားတို့ရဲ့ အနောက်ဖက်ကို ရွေ့နေတယ်"
အဖေဖြစ်သူက ပြုံးပြလိုက်တယ်။ ဘေးမှာရှိနေတဲ့ စုံတွဲဇနီးမောင်နှံ ကတော့ သနားတဲ့ အကြည့်တွေနဲ့ ကောင်လေးကို ကြည့်နေချိန်မှာပဲ ကောင်လေးက ပြန်ပြောတယ်။
"အဖေရေ ကြည့်ပါအုံး တိမ်တွေက သားတို့ အနောက်ကို လိုက်နေတယ်"
အဲဒါနဲ့ ဟိုလင်မယားက မနေနိုင်ဖြစ်လို့ သူ့အဖေကို ပြောလိုက်တယ်။
"ရှင့်ရဲ့ သားကို ဘာလို့ ဆရာဝန် သွားမပြတာလဲ"
အဖေဖြစ်သူက "ငါတို့ သားအဖက အခုမှ ဆေးရုံကဆင်းလာတာပါ။ ငါ့သားက မွေးကတည်းက မျက်စိ မမြင်ရဘူး။ ဒီနေ့မှ ကမ္ဘာကြီးကို ပထမဆုံး မြင်တွေ့ခွင့်ရတာ။ ဒီနေ့မှ မျက်မမြင် ဘဝကနေ ကျွတ်တာပါ" လို့ ပြန်ဖြေလိုက်တယ်။
ဒါကြောင့် လူတဦးရဲ့ နောက်ကွယ်မှာ ကိုယ်မသိသေးတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် အကြောင်းအရာတွေ ရှိနေတတ်ပါတယ်။
လူတဦးစီတိုင်းရဲ့ အဖြစ်မှန်တွေဟာ သင့်ကို အံ့အားသင့်စေမှာပါ။ ဒါကြောင့် အပေါ်ယံကြည့်ပြီး မဝေဖန် မဆုံးဖြတ်ပါနဲ့။ crd
Zawgyi
အေပၚယံကိုၾကည့္ၿပီး မဆုံးျဖတ္လိုက္ပါနဲ႔
ရထားတစီးေပၚမွာ၂၄ ႏွစ္ အ႐ြယ္ရွိတဲ့ ေကာင္ေလးက ရထား ျပတင္းေပါက္ကေန သူ႔အေဖကို ေအာ္ေျပာလိုက္တယ္။ "အေဖရယ္ ၾကည့္ပါအုံး သစ္ပင္ေတြက သားတို႔ရဲ႕ အေနာက္ဖက္ကို ေ႐ြ႕ေနတယ္"
အေဖျဖစ္သူက ၿပဳံးျပလိုက္တယ္။ ေဘးမွာရွိေနတဲ့ စုံတြဲဇနီးေမာင္ႏွံ ကေတာ့ သနားတဲ့ အၾကည့္ေတြနဲ႔ ေကာင္ေလးကို ၾကည့္ေနခ်ိန္မွာပဲ ေကာင္ေလးက ျပန္ေျပာတယ္။ "အေဖေရ ၾကည့္ပါအုံး တိမ္ေတြက သားတို႔ အေနာက္ကို လိုက္ေနတယ္"
အဲဒါနဲ႔ ဟိုလင္မယားက မေနႏိုင္ျဖစ္လို႔ သူ႔အေဖကို ေျပာလိုက္တယ္။ "ရွင့္ရဲ႕ သားကို ဘာလို႔ ဆရာဝန္ သြားမျပတာလဲ"
အေဖျဖစ္သူက "ငါတို႔ သားအဖက အခုမွ ေဆး႐ုံကဆင္းလာတာပါ။ ငါ့သားက ေမြးကတည္းက မ်က္စိ မျမင္ရဘူး။ ဒီေန႔မွ ကမာၻႀကီးကို ပထမဆုံး ျမင္ေတြ႕ခြင့္ရတာ။ ဒီေန႔မွ မ်က္မျမင္ ဘဝကေန ကြၽတ္တာပါ" လို႔ ျပန္ေျဖလိုက္တယ္။
ဒါေၾကာင့္ လူတဦးရဲ႕ ေနာက္ကြယ္မွာ ကိုယ္မသိေသးတဲ့ ဝမ္းနည္းစရာ အျဖစ္အပ်က္ အေၾကာင္းအရာေတြ ရွိေနတတ္ပါတယ္။လူတဦးစီတိုင္းရဲ႕ အျဖစ္မွန္ေတြဟာ သင့္ကို အံ့အားသင့္ေစမွာပါ။ ဒါေၾကာင့္ အေပၚယံၾကည့္ၿပီး မေဝဖန္ မဆုံးျဖတ္ပါနဲ႔။ crd
0 Comments