ဥက္ကဋ္ဌက မိန်းကလေး ဝန်ထမ်း(၂) ဦးကို ရုံးခန်းထဲခေါ် ပြီးစကားပြောတယ်။ အခန်းထဲရောက်တော့ ကောင်မလေးတယောက်က ရာထူးတိုး ခံရတယ်။ နောက်တယောက်ကတော့ ဒီလိုရာထူးတိုးရင် သူကျန်ခဲ့လိမ့်မယ်လို့ မထင်ထားတော့ အံ့သြသွားတယ်။
"B မင်းရာထူးတိုးတယ်၊ ကုမ္ဗဏီအုပ်စုတစုရဲ့ ခေါင်းဆောင်ဖြစ်သွားပါပြီ"
ဒီလိုကြားတာနဲ့ ကောင်မလေး A က ချက်ချင်း ပြန်မေးလိုက်တယ်။
"ကျမတခုခု အမှားလုပ်ခဲ့မိလို့လား၊ ဒါမှမဟုတ် ကျွန်မနောက်ကျမှ ရောက်လို့လား"
ဥက္ကဌက ပြန်ဖြေတယ်။ "မဟုတ်ပါဘူး"
"ဒါဆိုရင် ဘာဖြစ်လို့ ကျမက ရာထူးမတိုးတာလဲ၊ ကျမက သူ့ထက်တောင်အရင် ဒီကုမ္ဗဏီမှာ အလုပ်လုပ်တာလေ"
ဥက္ကဌက ဘာမှပြန်မဖြေတော့ဘူး။ ဒါပေမဲ့ ကောင်မလေး (၂) ယောက်လုံးကို အလုပ်တခု ပေးလိုက်တယ်။ ကောင်မလေး (၂) ယောက်လုံးကို ကုမ္ပဏီပစ္စည်း လာလေ့လာမယ့် နိုင်ငံခြားကုမ္ဗဏီကို ဆက်သွယ်ခိုင်းတယ်။ ဒီလိုနဲ့ (၁၀) မိနစ်နောက်ပိုင်း ကောင်မလေး A က အခန်းထဲကို ဝင်လာတယ်။
ဥက္ကဋ္ဌ - "ဘယ်လိုလဲ Customer ကုမ္ပဏီကို ဆက်သွယ်လို့ရပြီလား"
A - "ရပါပြီရှင့် Customer တွေက နောင်တပတ်အတွင်း ပစ္စည်းတွေ လာကြည့်လိမ့်မယ်"
ဥက္ကဌ - "နောက်တပတ် ဘယ်နေ့လဲ"
A - "အင်း ကျမ မမေးမိလိုက်ဘူး၊ ကျမနောက်တကြိမ် ဖုန်းဆက်ပြီး မေးလိုက်ပါ့မယ်"
ဥက္ကဌ - "ဘယ်နှစ်ယောက်လာမှာလဲ"
A - "ခုနက ဆရာ ကျမကို ဒီအချက်မေးဖို့ မပြောလိုက်ဘူးနော်"
ဥက္ကဌ - "ပြီးတော့ ဘယ်လိုလာကြမှာလဲ၊ လေကြောင်းနဲ့လား၊ ကားနဲ့ လာမှာလား"
A - "ခုနက ဆရာ ကျမကို ဒီအချက်လည်း မေးဖို့ မပြောလိုက်ဘူးနော်"
ဒီလိုနဲ့ ဥက္ကဌက အချက်အလက်ကို စက္ကူပေါ် ချရေးပြီး ကောင်မလေး B ကို အခန်းထဲလာဖို့ ခေါ်လိုက်တယ်။ B အခန်းထဲရောက်တာနဲ့ အလုပ်အကြောင်းကို အသေးစိတ် ပြောပြတယ်။
"customer တွေ ကျမတို့ ကုမ္ဗဏီကို နောင်တပတ် သောကြာနေ့ရောက်မယ်။ လေယဉ်စီးပြီး လာပါမယ်။ လေယာဉ်က ဟိုကနေ (၃) နာရီလောက်တက်မယ်။ ဒီကို (၆) နာရီလောက် ရောက်မယ်။
Team အကုန်လုံး (၅) ယောက် ပါပါမယ်။ ပြီးတော့ သူတို့ကိုလေယာဉ်ကွင်းမှာ ကျမတို့ရုံးက သွားကြိုမယ့်သူ စီစဉ်ပေးထားပြီးလို့ ပြောပေးပြီးပါပြီ။
ကျမကို ဟိုတယ် ချက်ချင်း Booking လုပ်ထားခိုင်းမှာလား။ ပစ္စည်းပြမယ့် နေရာနဲ့ အနီးဆုံး ဟိုတယ်ဆိုရင် အဆင်ပြေဆုံး ဖြစ်မှာပါ။ ဒါကြောင့် နည်းနည်းစောစော booking လုပ်ရအောင်ပါ။
အော် ပြီးတော့ နောက်တချက်က ကျမ နောက်တပတ်ရဲ့ ရာသီဥတုကို ကြည့်လိုက်သေးတယ်။ တပတ်လုံး မိုးရွာဖို့ ရှိတယ်။ အဲ့ဒါကို customer ဆီ ပြောပေးပြီးပါပြီ။ အစီအစဉ် အပြောင်းအလဲ ရှိမှာဆိုးလို့ပါ"
B ပြောလို့ ပြီးသွားတာနဲ့ ဥက္ကဌက A ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ A အရမ်း ရှက်သွားပါတယ်။ သူအလုပ် လုပ်တာ တကယ်မကောင်းမှန်း သူသိလိုက်ရတယ်။ သူမ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူမ အဲ့ဒီရက်ပဲ ထွက်စာ တင်လိုက်ပါတယ်။ အိမ်ရောက်တာနဲ့ သူ့ဆရာဟောင်းဆီကနေ message စာလေး ရောက်လာတယ်။
မင်းဘာပဲလုပ်လုပ် အောင်မြင်နိုင်မယ့် အရေးကြီးဆုံးအချက်က (၁) ဘယ်ကုမ္ဗဏီမှ ပျင်းတဲ့အလုပ်သမားကို မခေါ်ထား ရေရှည် လက်မတွဲထားချင်ဘူး။
(၂) ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်အရင်ကြိုးစားပါ။ ပိုက်ဆံရဖို့ပဲ မကြည့်ပါနဲ့။ ကိုယ်သာတန်ဖိုးရှိတယ် လုပ်နေတဲ့အလုပ်အပေါ် တန်ဖိုးထား စေတနာထားရင် ပိုက်ဆံနဲ့ ရပိုင်ခွင့် ဆိုတာ အလိုလိုနေရင်းနဲ့ကိုယ့်ဆီရောက်လာမှာပါ။
(၃) ဘယ်အလုပ်မဆို ခက်ခဲတာပဲ အားစိုက်ရတာပဲ လွယ်ကူတဲ့အလုပ် ဆိုတာမရှိပါဘူး။
(၄) အလုပ်တိုင်းမှာ ပြဿသနာရှိတယ်ဆိုတာ သာမာန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါ။ ပြသနာမရှိမှပဲ ထူးဆန်းပါလိမ့်မယ်။
(၅) တခုခု လုပ်ရတဲ့ချိန်မှာ ပိုက်ဆံမရဘူးဆိုရင် ဗဟုသုတရတယ်လို့ မှတ်ထားလိုက်ပါ။ ဗဟုသုတမရဘူး ဆိုရင် အတွေ့အကြုံရတယ်လို့ မှတ်ပါ။ အကယ်၍ နှစ်မျိုးလုံးရတယ်ဆိုရင် ဘယ်တော့မှ ထမင်းငတ်မသေဘူး။
(၆) အလုပ်မှာ ကိုယ့်ရဲ့အသင်းသားတွေကို မပြောင်းလဲနိုင်တဲ့ အချိန်မှာ ကိုယ့်ရဲ့အမြင် vision ကို အရင်ပြောင်းလဲပါ။
သူမ ဒီစာလေးဖတ်ပြီးတဲ့ချိန်မှာ သူမအတိတ်က အလုပ်လုပ်လာတာ တကယ်စိတ်နှစ်ပြီး မလုပ်ခဲ့မှန်း သူမ သိလိုက်တယ်။ ပြီးနောက် သူမရဲ့ဆရာဆီကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်တဲ့ စာလေး ပို့လိုက်တယ်။
သူမအတွက် ကျတော့ ဒီနေ့ကစပြီးအလုပ်အသစ်ကို လျှောက်ပြီး အရင်ထက် ပိုကြိုးစားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဥက္ကဌက သူမကို ကောင်းကောင်း သင်ခန်းစာ ပေးနိုင်ခဲ့ပါတယ်။ အလုပ်တိုင်းက တခုနဲ့တခု မတူတဲ့ ပြသနာတွေ အခက်အခဲတွေ ရှိကျစမြဲပါပဲ။ Nan September Sein
0 Comments