အသားအရေအတွက် ဗီတာမင်စီ serumရဲ့ အကျိုးပြုပုံ (၆) ခု

ဗီတာမင်စီက ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ထို့အတူ ဗီတာမင်စီ serum ကလည်း အသားအရေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ အဲဒါကြောင့် အသားအရေအတွက် ဗီတာမင်စီ serum ရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆဲလ်တွေကို ပြန်လည်မွေးဖွားလာစေခြင်း

ဗီတာမင်စီ serum ကို အစွမ်းထက်တဲ့အင်တီအောက်ဆီးဒင့်လို့ခေါ်ကြပါတယ်။ ဘာ့ကြောင်လဲဆိုတော့ ဆဲလ်အသစ်တွေကို ပြန်လည် မွေးဖွားလာစေလို့ပါ။ ဗီတာမင်စီ serum ကို အရေပြားမှာ တိုက်ရိုက်လိမ်းရင် အသားအရေက အချိန်တိုအတွင်းမှာ ပြန်လည် ကောင်းမွန်လာပါတယ်။

၂။ နေရောင်ဒဏ်ကနေ ကာကွယ်ပေးခြင်း

ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်နှာမှာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ဖြစ်ပေါ်လာပါတယ်။ လေထုညစ်ညမ်းမှုကြောင့်လည်း အသားအရေမလှပတော့ပါဘူး။

ဒါပေမယ့် ဗီတာမင်စီ serum ကို နေ့စဉ်လိမ်းပေးရင်တော့ လေထုညစ်ညမ်းမှုနဲ့ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ မလှမပဖြစ်မှာကို စိတ်မပူရတော့ပါဘူး။

၃။ ဝက်ခြံကို ကုသပေးခြင်း

ဗီတာမင်စီ serum က မျက်နှာအသားအရေ ရောင်ရမ်းတာနဲ့ နီမြန်းတာတာကို သက်သာစေပါတယ်။ ဗီတာမင်စီ serum ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံက သိသိသာသာ သက်သာသွားပါတယ်။

အသားအရေကို တိုက်ရိုက်လိမ်းပေးတဲ့အခါမှာလည်း ကော်လဂျင်ထုတ်လုပ်မှုကို တိုးမြင့်ပေးတာကြောင့် အရေးအကြောင်းလည်း နည်းပါးသွားမှာပါ။

၄။ အိုမင်းရင့်ရော်မှုတွေကို လျှော့ချပေးခြင်း

ဗီတာမင်စီ serum ကို ပုံမှန်လိမ်းပေးလေလေ ရေရှည်မှာ အိုမင်းရင့်ရော်မှု နှေးကွေးလေလေပါပဲ။ ဗီတာမင်စီ serum ကြောင့် အသားအရေက စိုပြေပြီး တင်းရင်းနေမှာပါ။

ငယ်ရွယ်စဉ်မှာတော့ အရမ်းမသိသာပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ဗီတာမင်စီ serum အမြဲလိမ်းသူက သိသိသာသာ နုပျိုနေပါတယ်။

၅။ မျက်နှာအသားအရေကို ညီညာစေခြင်း

ဗီတာမင်စီ serum ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အမည်းစက်နဲ့ အစက်အပြောက်တွေကို နည်းပါးသွားစေတာပါ။ မျက်လုံးအောက်က အညိုအမည်းတွေကိုလည်း ပါးသွားစေပါတယ်။ နေ့စဉ်စွဲလိမ်းတဲ့အခါ မျက်နှာအသားအရေညီညာပြီး သဘာဝအတိုင်း glow နေမှာပါ။

၆။ အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်း

ရေဓာတ်မပြည့်ဝရင် အသားအရေ လျော့ရဲလာပါတယ်။ ဗီတာမင်စီ serum က အသားအရေမှာ ရေဓာတ်တွေကိုလည်း ထိန်းသိမ်းပေးထားပါသေးတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက် ရေကိုတော့ များများသောက်ပေးသင့်ပါတယ်။

Bonus

ဗီတာမင်စီ serum နဲ့ ဓာတ်မတည့်တာက အရမ်းကို ရှားပါးပါတယ်။ ဒါပေမယ့် အသားအရေနဲ့ တည့်မတည့်စမ်းသပ်ဖို့အတွက် ခန္ဓာကိုယ်မှာ အနည်းငယ်စမ်းသုံးပြီးမှသာ ဝယ်ယူသင့်ပါတယ်။ အစားအစာထဲမှာ ဗီတာမင်စီပါဝင်တဲ့စားစရာတွေကို ထည့်သွင်းစားသုံးပေးရင် ပိုပြီး လှပနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments