ဆီးမသွားဘဲ အချိန်ကြာကြာအောင့်ထားရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုး (၄) ခု

အပေါ့သွားဖို့အတွက် အနီးအနားမှာ သန့်စင်ခန်းမရှိတဲ့အခါ၊ အဆင်မပြေတဲ့အခါမှာ အောင့်ထားလိုက်တဲ့အခိုက်အတန့်တွေကို လူတိုင်းနီးပါးကြုံဖူးကြပါတယ်။ အပေါ့သွားချင်တာကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အောင့်ထားရုံနဲ့ ဘာမှမဖြစ်ပါဘူး။

ဒါပေမယ့် အမြဲတမ်းလိုလို အအပေါ့သွားချင်တာကို အောင့်ထားရင်၊ အကြိမ်ပေါင်းများစွာ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။

၁။ ကျောက်ကပ်ကို ထိခိုက်စေခြင်း

ဆီးသွားချင်တာကို မသွားဘဲ အောင့်ထားပါများတဲ့အခါမှာ ဆီးအောင့်ပြီး ပိုးဝင်သွားပါတယ်။ အထူးသဖြင့် ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။ ပြင်းထန်တဲ့အခြေအနေတွေမှာ ကျောက်ကပ်ပိုးဝင်ပြီး အသက်အန္တရာယ်ကို ထိခိုက်လာစေနိုင်ပါတယ်။

၂။ ဆီးအိမ်ကြွက်သားတွေ အားနည်းလာခြင်း

အပေါ့မသွားဘဲ အောင့်ထားတဲ့အချိန်တွေများလာရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။

ဆီးကို အချိန်ကြာကြာ အောင့်ထားရတာကြောင့် ဆီးအိမ်ကြွက်သားနဲ့ တင်ပဆုံကြွက်သားတွေမှာ ဖိအားတွေ ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဆီးအိမ်ကြွက်သားအားနည်းပြီး ဆီးမထိန်းနိုင်တာကို ခံစားရနိုင်ပါတယ်။

၃။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးမသွားဘဲအောင့်ထားရင် ဆီးလမ်းကြောင်းမှာ ပိုးဝင်လာပါတယ်။ ပိုးတွေက ဆတိုးပွားလာပြီး ဆီးအောင့်တာ၊ ဆီးကျဉ်တာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

၄။ ဆီးအိမ်ရဲ့ပုံပျက်လာခြင်း

ပုံမှန်အားဖြင့် ဆီးအိမ်က ပြည့်နေတဲ့အခါ ဘေးကို ပြန့်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် ဆီးအောင့်ထားတဲ့အချိန်များလာရင် ဆီးအိမ်က ပုံမှန်အနေအထားကို ပြန်မရောက်တော့ဘဲ ပုံစံပြောင်းလဲသွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments