လူတစ်ယောက်ရဲ့ခြေထောက် တစ်ဖက်နဲ့တစ်ဖက် အရှည်မညီတာက တွေ့ရခဲပါတယ်။ အချို့တွေက မွေးတုန်းက ခြေထောက်အရှည်ညီပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ခြေထောက်တစ်ဖက်နဲ့တစ်ဖက် အရှည်မညီတော့ပါဘူး။
ခြေထောက်တစ်ဖက်နဲ့တစ်ဖက် အတိုအရှည်မညီရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အရိုးထိခိုက်ခြင်း
ခြေထောက်ကျိုးတဲ့အခါ သို့မဟုတ် ခြေထောက်ကြွက်သားတွေ ထိခိုက်မိတဲ့အခါ ခြေထောက်တစ်ဖက်က တိုသွားပါတယ်။
ခြေထောက်ကျိုးသွားပြီးတဲ့အခါ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေ၊ ခြေထောက်အားပြုလုပ်ရတဲ့အလုပ်တွေ လုပ်ဖို့ ခက်ခဲသွားပါတယ်။ အချို့အခြေအနေတွေမှာတော့ ခြေထောက်ကျိုးသွားပြီးတဲ့အခါ ခြေထောက်က ပိုကြီးလာတတ်ပါတယ်။
၂။ အားကစားကြောင့်ရရှိသောဒဏ်ရာများ
ကလေးအရွယ်မှာ အားကစားလုပ်ရင်းနဲ့ ခြေချောင်းလေးတွေ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ ဘောလုံး၊ စကိတ်၊ ရေခဲစကိတ်စတဲ့အားကစားတွေက ခြေထောက်ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အားကစားတွေပါ။
၃။ ခြေချောင်းလေးတွေကို အသုံးပြုမှုများခြင်း
အားစကားလုပ်တဲ့အခါမှာ လက်မောင်း၊ ခြေထောက်တွေကို အသုံးပြုရပြီး ခြေချောင်းလေးတွေမှာ အားစိုက်ထားပါတယ်။ အားကစားလုပ်တာကောင်းပေမယ့် အားကစားတစ်မျိုးတည်းကို နှစ်နဲ့ချီကြာပြီး စွဲလုပ်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
၄။ ပြုတ်ကျခြင်း
ပြုတ်ကျတာ၊ လိမ့်ကျတာ၊ တိုက်မိတာတို့ကနေ အရိုးတွေကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ကလေးအရွယ်မှာ တစ်နေရာရာကနေ ပြုတ်ကျတာကြောင့် အရိုးရဲ့ကြီးထွားမှုမှာ အနှောင့်အယှက်ဖြစ်သွားစေပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ ခါးရိုးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပါ ခံစားရစေပါတယ်။
၅။ အန္တရာယ်များတဲ့ ကစားနည်းများ
ကလေးဘဝမှာ ကစားနည်းမျိုးစုံကစားတာက ပျော်စရာအရမ်းကောင်းပါတယ်။ ဒါပေမယ့် အချို့သော ကစားနည်းတွေက ပျော်ဖို့ထက် အန္တရာယ်က ပိုများနေတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့လှုပ်ရှားမှုတွေ၊ ကစားနည်းတွေကို သတိထားကြည့်သင့်ပါတယ်။
၆။ မမှန်ကန်သော ကိုယ်နေဟန်ထား
ကိုယ်နေဟန်ထားမမှန်ကန်တဲ့အခါ ခြေထောက်က တစ်ဖက်နဲ့တစ်ဖက်အတိုအရှည်မညီတော့ပါဘူး။ ခြေထောက်ချိတ်ထိုင်တာကလည်း ကိုယ်နေဟန်ထားကို မလှမပဖြစ်စေတဲ့အပြင် ရေရှည်မှာ ခြေထောက်အရှည်ချင်းမညီတော့ပါဘူး။
၇။ ရောဂါများ
အရိုးနဲ့ အရိုးနုမှာ အကြိတ်ဖြစ်ရင် အရိုးရဲ့ကြီးထွားမှုတွေအတွက် အဟန့်အထားဖြစ်လာပါတယ်။ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေကြောင့် အရိုးကြီးထွားမှု အနှောင့်အယှက်ဖြစ်ပြီး ခြေထောက်တစ်ဖက်နဲ့တစ်ဖက် အတိုအရှည်မညီတော့ပါဘူး။
Zombie (lovemedia)
0 Comments