အမြင်အာရုံချို့တဲ့သူ အယောက်တစ်ထောင်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ Youtuber

အသက် ၂၄ နှစ်အရွယ် Jimmy Donaldson ကို Mr.Beast လို့ လူသိများကြပါတယ်။ သူဟာ Youtuberတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးကို ပိုကောင်းတဲ့နေချင့်စဖွယ်နေရာတစ်ခုဖြစ်အောင် ဖန်တိးချင်သူပါ။


Jimmy Donaldson က ကမ္ဘာတစ်ဝှမ်းက အမြင်အာရုံချို့တဲ့သူ အယောက် ၁၀၀၀ ကို ရွေးချယ်ပြီး မျက်လုံးခွဲစိတ်ဖို့၊ အမြင်အာရုံပြန်လည်ရရှိဖို့ ကူညီပေးခဲ့ပါတယ်။


Jimmy Donaldson က ခွဲစိတ်ဆရာဝန် Jeff Levenson ကို ဆက်သွယ်ခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ရဲ့အဆိုအရ မျက်လုံးကို ပြန်လည်ကောင်းလာအောင် ခွဲစိတ်ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံချို့တဲ့သူအများစုဟာ ငွေကြေးမတတ်နိုင်တာကြောင့် ခွဲစိတ်ဖို့နဲ့ အလှမ်းဝေးနေပါတယ်။


အဲဒါကြောင့် အိမ်ရာမဲ့ပြီး မျက်လုံးခွဲစိတ်ဖို့ အမှန်တကယ် လိုအပ်သူတွေကို Youtuber Jimmy Donaldsonနဲ့ သူ့ရဲ့အဖွဲ့ဟာ ဆယ်သွယ်ခဲ့ပါတယ်။


ဒါ့အပြင် SEE International အဖွဲ့ကို ဆက်သွယ်ခဲ့တဲ့အခါ ကမ္ဘာတစ်ဝှမ်းကနေ အမြင်အာရုံချို့တဲ့နေသူပေါင်း အယောက် ၁၀၀၀ ရဲ့ စာရင်းကို ရရှိခဲ့ပါတယ်။


လူဦးရေအယောက် ၁၀၀၀ ထဲမှာ မက္ကဆီကို၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ဗီယက်နမ်၊ ကင်ညာနဲ့ Nambia နိုင်ငံတို့က လူနာတွေ ပါဝင်ခဲ့ပါတယ်။


အဲဒီနောက် မျက်လုံးအမြင်အာရုံချို့တဲ့သူအယောက် ၁၀၀၀ ကို ခွဲစိတ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လူနာတွေရဲ့ ယခင်အခြေအနေနဲ့ ယခုအခြေအနေ ကွာခြားသွားပုံကိုလည်း Jimmy Donaldson က ဗွီဒီယိုလေးတစ်ပုဒ်ပြုလုပ်ခဲ့ပါတယ်။


ဒါ့အပြင် Jimmy Donaldson က ဒေါ်လာ ၁၀၀၀၀ ကိုလည်း သူ့ရဲ့လူနာတွေအတွက် မဲဖောက်ပေးခဲ့ပါတယ်။ မျက်လုံးခွဲစိတ်ပြီးနောက် ကောလိပ်ဆက်တက်ဖို့ လိုအပ်တဲ့ကျောင်းသားလေးအတွက်လည်း ဒေါ်လာ ၅၀၀၀၀ ကို လှူဒါန်းပေးခဲ့ပါတယ်။


Jimmy Donaldson ရဲ့ အလှူတွေကို သူ့ရဲ့ယူကျူချန်နယ်မှာ ကြည့်ရှုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments