သိုးမွေးအင်္ကျီတွေကို လျှော်ဖွတ်တဲ့အခါ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သိုးမွေးအင်္ကျီတွေကို လျှော်ပုံလျှော်နည်းမှားတဲ့အခါ အင်္ကျီက ပုံစံပျက်ပြီး ဝတ်လို့မရနိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။
အဲဒါကြောင့် သိုးမွေးအင်္ကျီတွေကို ပုံစံမပျက်အောင် ဘယ်လိုလျှော်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
လိုအပ်သောပစ္စည်းများ
သိုးမွေးအင်္ကျီတွေကို အခြားသောအထည်တွေနဲ့ ခွဲလျှော်သင့်ပါတယ်။ သိုးမွေးအင်္ကျီက အမွေးအမျှင်တွေက အခြားသောအင်္ကျီတွေမှာ ကပ်သွားတတ်တာကြောင့်ပါ။
- စက်နဲ့လျှော်မယ်ဆိုရင် ဆပ်ပြာရည်နဲ့ သိုးမွေးအင်္ကျီကို နူးညံ့စေတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။
- လက်နဲ့လျှော်မယ်ဆိုရင်တော့ ခေါင်းလျှော်ရည်၊ conditoner တို့ကို အသုံးပြုနိုင်ပါတယ်။
စက်နဲ့လျှော်ခြင်း
စက်နဲ့လျှော်တဲ့အခါ အပူချိန်က ၈၆ ဒီဂရီဖာရင်ဟိုက်ထက် မပိုသင့်ပါဘူး။ သိုးမွေးအင်္ကျီတွေကို အခြောက်ခံစက်ထဲမှာ အခြောက်ခံရင် အမွေးအမျှင်တွေက စက်ထဲမှာ ကပ်နေတတ်ပါတယ်။
အဲဒါကြောင့် စက်နဲ့လျှော်ပြီးတဲ့အခါ သဘာဝလေနဲ့သာ အခြောက်ခံသင့်ပါတယ်။ သိုးမွေးအင်္ကျီတွေကို ပိုက်အိတ်လေးနဲ့ သပ်သပ်ထည့်ပြီး လျှော်တာကတော့ အကောင်းဆုံးပါ။
လက်နဲ့လျှော်ခြင်း
ရေအေး သို့မဟုတ် ရေနွေးထဲမှာ ဆပ်ပြာရည်နဲ့ conditoner ကို ထည့်လိုက်ပါ။ သိုးမွေးထည်ကို ဖြည်းဖြည်းချင်း ထည့်လိုက်ပြီး ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဆပ်ပြာရည်ထည့်ပြီးမှသာ သိုးမွေးထည်ကို ထည့်သင့်ပါတယ်။
အင်္ကျီလက်နဲ့ လည်ပင်းနေရာတွေမှာ အစွန်းတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုနေရာတွေမှာ ဆပ်ပြာမြှုပ်လေး တင်ထားပေးလို့ရပါတယ်။ ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါအနည်းငယ်ကို ဖြူးပေးပြီး ၁၅ မိနစ်ကြာ ထားလိုက်ပါ။
သိုးမွေးအင်္ကျီတွေရဲ့အရောင်တွေ မကျွတ်သွားအောင်လို့ ရှာလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်ပေးနိုင်ပါတယ်။ ရှာလကာရည်ထည့်ပေးတဲ့အခါ အရောင်လည်း မပြယ်တော့ဘဲ အနံ့ဆိုးလည်း ပြောင်းစင်သွားပါတယ်။
အခြောက်ခံခြင်းနဲ့ မီးပူတိုက်ခြင်း
သိုးမွေးထည်တွေကို လျှော်ပြီးတဲ့အခါမှာ အရည်ကို တဖြည်းဖြည်းချင်းပဲ ညှစ်ပါ။ အင်္ကျီကို လိမ်ပြီးညှစ်လိုက်ရင် အထည်ရဲ့ပုံစံတွေ ပျက်သွားနိုင်တာကြောင့်ပါ။ သိုးမွေးထည်တွေကို သဘာဝလေနဲ့အခြောက်ခံတာက အကောင်းဆုံးပါ။
ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံမယ်ဆိုရင် ၁၀ လက်မခွာပြီး လေမှုတ်ပေးလို့ရပါတယ်။ သိုးမွေးထည်ကို မီးပူတိုက်မယ်ဆိုရင် အပေါ်ကနေ ပိတ်စတစ်စခန့် ခံပြီးမှသာ မီးပူတိုက်သင့်ပါတယ်
Zombie (lovemedia)
0 Comments