ရေဆေးသင့်တဲ့အစားအစာတွေနဲ့ ရေမဆေးသင့်တဲ့အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာဖြစ်ဖို့ သန့်ရှင်းဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ရေဆေးသင့်တဲ့အစားအစာတွေနဲ့ ရေမဆေးသင့်တဲ့ အစားအစာတွေလည်း ရှိပါသေးတယ်။

ရေမဆေးသင့်တဲ့အစားအစာများ

၁။ ကြက်ဥ

ကြက်ဥကို ဝယ်လာပြီးတဲ့နောက်မှာ ရေဆေးပြီး မသိမ်းဆင့်ထားသင့်ပါဘူး။ ရေမဆေးဘဲ သိမ်းထားတဲ့ကြက်ဥကို အခန်းအပူချိန်မှာထားရင် အချိန်အကြာကြီး အထားခံပါတယ်။ ကြက်ဥကို ရေဆေးပြီးသိမ်းရင် ကြာကြာအထားမခံပါဘူး။ ကြက်ဥကို ချက်ခါနီးမှသာ ရေဆေးသင့်ပါတယ်။

၂။ အသားအစိမ်း

အရင်ခေတ်ကတော့ အသားတွေကို ဝယ်လာပြီးတဲ့နောက်မှာ ရေဆေးသင့်တယ်လို့ လူကြီးတွေ ညွှန်ပြကြပါတယ်။ အသားတွေမှာ ရောဂါတွေပါလာတဲ့အခါ ရေဆေးလိုက်ရင် ရောဂါတွေက ပိုပြီး ပျံ့နှံ့သွားတတ်ပါတယ်။

အသားတွေကို အပူပေးလိုက်တာနဲ့ သူ့ရဲ့ဘက်တီးရီးယားတွေက အလိုလိုဖယ်ရှားပြီးသားဖြစ်သွားပါတယ်။

၃။ ကြက်သွန်နီ

ကြက်သွန်နီတွေကို အခွံက ဖုံးပေးထားတာဖြစ်လို့ ရေဆေးပေးစရာမလိုပါဘူး။ ဒါပေမယ့် ကြက်သွန်နီမှာ မြေကြီးတွေပေနေရင်တော့ ခပ်မြန်မြန်ဆေးပေးသင့်ပါတယ်။ ရေဆေးတဲ့အခါ ဆပ်ပြာကို အသုံးမပြုသင့်ပါဘူး။

၄။ မှို

မှိုကို ရေဆေးလိုက်တဲ့အခါ သူ့မှာပါဝင်တဲ့အာဟာရဓာတ်တွေနဲ့ အချိုဓာတ်တွေ ပါဝင်သွားပါတယ်။ မှိုကို ရေစိုဝတ်လေးနဲ့ သန့်ရှင်းရေးလုပ်ပေးလို့ ရပါတယ်။

၅။ ဆန်

အချို့တွေက ဆန်ဆေးရည် ကြည်လာတဲ့အထိ ဆန်ကို ရေဆေးကြပါတယ်။ ဒါပေမယ့် ဆန်ကို အကြိမ်ပေါင်းများစွာ ရေဆေးရင် သူ့ရဲ့အာဟာရဓာတ်တွေက ရေနဲ့အတူ ပါသွားပါတယ်။

ဆန်ကို ရေမဆေးဘဲ ဆူပွက်နေတဲ့ရေထဲမှာ ၅ မိနစ်ခန့် ပြုတ်လိုက်ပါ။ ပြီးနောက် ရေကို သွန်လိုက်ပြီး ပုံမှန်အတိုင်းချက်လိုက်ရုံပါပဲ။

ရေဆေးသင့်တဲ့အစားအစာများ

၁။ ဟင်းရွက်များ

ဟင်းရွက်တွေကို သေချာရေဆေးသင့်ပါတယ်။ အချို့သောဟင်းရွက်တွေကို ဖျန်းဆေးတွေ သုံးထားတာကြောင့် ဆားရည်ထဲမှာတောင် ထည့်ပြီး စိမ်ထားသင့်ပါတယ်။ ဟင်းရွက်တွေကို အရောင်ပိုလှဖို့အတွက် ရှာလကာရည် သို့မဟုတ် မုန့်ဖုတ်ဆော်ဒါထည့်ပြီး ရေစိမ်ထားလို့ ရပါတယ်။

၂။ အခွံမာသီး

အသီးခြောက်တွေနဲ့ အခွံမာသီးတွေကို ရေဆေးပြီးမှ စားသင့်ပါတယ်။ အခွံမာသီးတွေကို ပလက်စတစ်အိတ်တွေနဲ့ ထုတ်ထားပေမယ့်လည်း ဓာတုဆေးတွေ ပါဝင်နေနိုင်သေးတာကြောင့် ဆေးသင့်ပါတယ်။

၃။ ယောက်သွား

ယောက်သွားတွေကို ခဲထားတဲ့အထုပ် ဝယ်လာတယ်ဆိုရင်တောင် ရေဆေးသင့်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်မဟုတ်ဘဲ အခွံအပိုင်းအစအကျန်တွေက သွားနဲ့ ခံတွင်းကို ထိခိုက်စေနိုင်တာကြောင့်ပါ။

၄။ သံဘူးများ

သံဘူး၊ ဆီသွပ်ဘူးတွေကို ဝယ်လာပြီးနောက် ချက်စားတော့မယ်ဆိုရင် ဘူးကို သေချာရေဆေးပေးသင့်ပါတယ်။ ဘူးရဲ့အခွံမှာ ဖုန်နဲ့ အညစ်အကြေးတွေက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေတာကြောင့်ပါ။

Bonus

ကော်ဖီအေးဘူးတွေနဲ့ ဖျော်ရည်ဘူးတွေမှာလည်း ဖုန်တွေ ကပ်နေနိင်တာကြောင့် မသောက်ခင်မှာ ဘူးကို ရေဆေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments