အရည်ရွှမ်းပင်တွေအတွက် သာမန်မြေကြီးက မသင့်တော်ပါဘူး။ အရည်ရွှမ်းပင်တွေအတွက် အထူးပေါင်းစပ်ထားတဲ့ မြေကြီးကိုသာ ဝယ်သင့်ပါတယ်။ သာမန်မြေကြီးနဲ့ ဖော့ကျောက်ကို ရောစပ်ပြီးတော့လည်း စိုက်နိုင်ပါတယ်။
အရည်ရွှမ်းပင်တွေက ရေနဲ့ အကြာကြီးထိတွေ့ရတာမကြိုက်တာကြောင့် အောက်ခြေမှာ အပေါက်ပါတဲ့ ပန်းအိုးကိုသာ ရွေးချယ်သင့်ပါတယ်။ အဲဒါမှသာ ရေက ပန်းအိုးအောက်ခြေကနေ ထွက်သွားနိုင်မှာပါ။ ကျောက်ပန်းအိုးထက် ရွှံ့ပန်းအိုးကို ရွေးချယ်သင့်ပါတယ်။
အရည်ရွှမ်းပင်ကို ဘယ်လိုရေလောင်းနိုင်မလဲ။
အရည်ရွှမ်းပင်ကို နေ့စဉ်ရေလောင်းပေးလို့မရပါဘူး။ ဒီအပင်တွေက ကန္တာရထဲကနေလာတာကြောင့် ရေတွေကို အများကြီးမကြိုက်ပါဘူး။ မြေကြီးကိုသာ ရေများများလောင်းပေးတာ အကောင်းဆုံးပါ။
၁၀ ရက်တစ်ကြိမ် သို့မဟုတ် ၁၄ ရက်တစ်ကြိမ် ရေလောင်းပေးနိုင်ပါတယ်။ ဖျန်းဘူးနဲ့ ရေမလောင်းသင့်ပါဘူး။ ဖျန်းဘူးနဲ့ ရေလောင်းရင် အရွက်ပဲ ရေစိုပြီး မြေကြီးထဲအထိ အစိုဓာတ်မဝင်တော့ပါဘူး။
အရည်ရွှမ်းပင်ကို မြေဩဇာ ဘယ်အချိန်မှာ ထည့်သင့်လဲ။
အရည်ရွှမ်းပင်တွေကို နွေရာသီမှာ မြေဩဇာကျွေးပေးနိုင်ပါတယ်။ ဆောင်းရာသီမှာတော့ မြေဩဇာထည့်ပေးဖို့ မလိုအပ်ပါဘူး။
အရည်ရွမ်းပင်ကို ဘယ်အချိန်မှာ အိုးပြောင်းပြီး စိုက်သင့်လဲ။
အရည်ရွှမ်းပင်ကို အိုးပြောင်းပြီး စိုက်ချင်တဲ့အခါ နွေရာသီအစပိုင်းမှာ ပြောင်းလဲစိုက်နိုင်ပါတယ်။ ဒါပေမယ့် ပန်းပွင့်နေတဲ့အချိန်မှာတော့ ပြောင်းပြီးမစိုက်သင့်ပါဘူး။ ပန်းပွင့်ပြီးမှသာ ပြောင်းလဲစိုက်သင့်ပါတယ်။
ပန်းအိုးကို နှစ်စဉ်ပြောင်းလဲပြီးတော့လည်း စိုက်ဖို့မလိုအပ်ပါဘူး။ အမြစ်က အိုးထဲမှာ အရမ်းတင်းကြပ်နေပြီး ရေထွက်ပေါက်မရှိတော့တဲ့အခါမှသာ ပြောင်းလဲပြီး စိုက်သင့်ပါတယ်။ အိုးပြောင်းလဲစိုက်တဲ့အခါ မြေအသစ်၊ ပိုကြီးတဲ့အိုးနဲ့ စိုက်ပေးသင့်ပါတယ်။
အရည်ရွှမ်းပင်ကို ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။
အရည်ရွှမ်းပင်တွေက နေရောင်ခြည်ကို သဘောကျတာကြောင့် နေရောင်ခြည်ကောင်းကောင်းရတဲ့ ပြတင်းပေါက်၊ တောင်အရပ်နဲ့ အိမ်မှာ နေရောင်ခြည်ကျရောက်တဲ့နေရာတွေမှာ စိုက်ပျိူးနိုင်ပါတယ်။
အရည်ရွှမ်းပင်တွေမှာ ဖုန်တွေ ပေနေတတ်တာကြောင့် ပိတ်စလေးကို ရေစွတ်ပြီး အပင်ရဲ့အရွက်တွေကို သန့်ရှင်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် စုတ်တံကို ရေစွတ်ပြီးတော့လည်း သန့်ရှင်းပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments