ချိစ်ကို အရသာမပျက်ဘဲ သိမ်းဆည်းနည်း

များသောအားဖြင့် ချိစ်တွေကို ပလက်စတစ်အိတ်တွေထဲမှာ ထုပ်ပိုးပြီး ရောင်းချလေ့ရှိကြပါတယ်။ ချိစ်တွေကို ဝယ်ပြီးတဲ့အခါမှာ ရေခဲသေတ္တာထဲမှာပဲ သိမ်းထားလေ့ရှိပါတယ်။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ချိစ်တွေကို စားပြီးနောက် ကျန်တာကို ပလက်စတစ်အိတ်နဲ့ ပိတ်ပြီး သိမ်းထားတာက မကောင်းပါဘူး။

ဖောက်ပြီးနောက် ပလက်စတစ်အိတ်နဲ့ ထည့်ပြီးသိမ်းထားတာက ချိစ်ရဲ့အရသာကို ပျက်စေပါတယ်။ အဲဒါကြောင့် ချိစ်ကို အရသာမပျက်ဘဲ သိမ်းဆည်းနည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိုအပ်သောပစ္စည်းများ

- ပလက်စတစ်ဘူး သို့မဟုတ် ဇစ်အိတ်

- ချိစ်တွေကို သိမ်းထားလို့ရမယ့် စက္ကူ

ချိစ်အခဲကို ထုပ်ပိုးထားတဲ့ ပလက်စတစ်တွေအားလုံးကို ခွာလိုက်ပါ။ စက္ကူကို ချိစ်ထည့်လို့ရအောင် ညှပ်လိုက်ပြီး စက္ကူနဲ့ ချိစ်နဲ့ပတ်လိုက်ပါ။ အရမ်းတင်းတင်းကျပ်ကျပ်မပတ်ဘဲ လေအနည်းငယ်ဝင်အောင်လို့ ထားပါ။

ပြီးနောက် ချိစ်ကို နောက်ဆုံးစားသင့်တဲ့ ရက်စွဲကို စက္ကူပေါ်မှာ ရေးလိုက်ပါ။ စက္ကူပတ်ထားတဲ့ချိစ်ကို လေလုံတဲ့ ဘူး သို့မဟုတ် ဇစ်အိတ်ထဲမှာ ထည့်ပြီး သိမ်းထားလိုက်လို့ရပါပြီ။

ချိစ်အပြားတွေကို သိမ်းဆည်းနည်း

ချိစ်အပြားနဲ့ ချိစ်အမျှင်လေးတွေကိုလည်း စက္ကူနဲ့ပတ်ပြီး ဘူးထဲမှာ သိမ်းထားလို့ရပါတယ်။ စက္ကူပေါ်မှာ ချိစ်ကို နောက်ဆုံးစားသင့်တဲ့ ရက်စွဲကို ရေးဖို့ မမေ့ပါနဲ့နော်။ ချိစ်ကို လောလောဆယ် မစားဖြစ်သေးဘူးဆိုရင် အအေးခန်းထဲမှာ သိမ်းထားတာက အကောင်းဆုံးပါ။

ချိစ်ကို ဇစ်အိတ်ထဲမှာ သိမ်းမယ်ဆိုရင် ချိစ်ပြားတစ်ခုနဲ့ တစ်ခုကြားမှာ မကပ်အောင် ပြောင်းကော်မှုန့်ကို ဖြူးလိုက်ပါ။ ဒါ့အပြင် အိတ်ကိုလည်း အလုံပိတ်မထားသင့်ဘဲ လေဝင်လေထွက်ကောင်းအောင်လည်း ထားသင့်ပါသေးတယ်။ ပြီးနောက် အအေးခန်းထဲမှာ သိမ်းထားလို့ ရပါပြီ။

ဆားရည်စိမ်ထားတဲ့ ချိစ်ကို သိမ်းဆည်းနည်း

ဆားရည်စိမ်ထားတဲ့ ချိစ်ကို သိမ်းဆည်းနည်းက အရင်က နည်းလမ်းတွေနဲ့ ကွဲပြားပါတယ်။ သူ့ကိုတော့ အထုပ်ဖောက်ပြီးတာနဲ့ ကုန်အောင် စားသင့်ပါတယ်။

ဒါပေမယ့် မကုန်တဲ့အခါမှာ ချိစ်ကို ဘူးထဲကို ပြောင်းထည့်လိုက်ပါ။ ပြီးနောက် သူ့မှာပါတဲ့အရည်တွေကိုပါ ဘူးထဲ လောင်းချလိုက်ပါ။ အဖုံးကို လုံအောင်ပိတ်ပြီး သိမ်းထားလို့ရပါပြီ။

ချိစ်ကို ရေခဲသေတ္တာထဲမှာ ဘယ်လောက်ကြာကြာ သိမ်းထားနိုင်လဲ။

အိတ်ကို ဖွင့်ပြီးနောက်မှာတော့ မြန်မြန်စားသင့်ပါတယ်။

- ဆားစိမ်ချိစ် ၃ ရက်

- နူးညံ့တဲ့ချိစ် ၂ ပတ်

- အနည်းငယ်မာတဲ့ချိစ် တစ်လခွဲကနေ ၃ လ

- မာတဲ့ချိစ် တစ်နှစ်

- အေးခဲထားတဲ့ချိစ် ၆ လ သိမ်းဆည်းထားနိုင်ပါတယ်။

ချိစ်ကို ကြာကြာသိမ်းဆည်းနိုင်ဖို့ နည်းလမ်းများ

- ချိစ်ကို ရေခဲသေတ္တာထဲမှာ အအေးခန်းမှာ မသိမ်းသင့်ပါဘူး။

- ချိစ်ကို စက္ကူနဲ့ပတ်ပြီး သိမ်းတာက ကြာရှည်ပိုခံစေပါတယ်။

- ချိစ်ကို တစ်ခါတည်းနဲ့ များများမဝယ်ဘဲ နည်းနည်းချင်းစီပဲ ဝယ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments