ကြက်ဥ ပုပ်၊ မပုပ်ကို အလွယ်ဆုံးစစ်ဆေးနည်း

ကြက်ဥအပုပ်နဲ့ မကောင်းတဲ့ကြက်ဥတွေကို စားခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းမှာ ပိုးဝင်နိုင်ပါတယ်။ ကြက်ဥအပုပ်ကြောင့် အစာအိမ်နာတာ၊ ဖျားနာတာတို့ ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ကြက်ဥ ကောင်း၊ မကောင်းကို စစ်ဆေးနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- ကြက်ဥ

- ရေ

- ပန်းကန်လုံးတစ်လုံး

ပန်းကန်လုံးတစ်လုံးထဲမှာ ရေကို ထည့်ပါ။

ပြီးနောက် ကြက်ဥအစိမ်းကို ထည့်လိုက်ပါ။ ကြက်ဥက ရေထဲကို မြုပ်သွားရင် စားလို့ အဆင်ပြေပါတယ်။ သက်တမ်းမလွန်သေးတာကြောင့် စိတ်ချလက်ချ စားလို့ရနိုင်ပါတယ်။

ကြက်ဥက ရေထဲမှာ အထောင်လိုက်ဖြစ်နေတယ်ဆိုရင် မကြာခင်မှာ သက်တမ်းကုန်တော့မှာပါ။ အဲဒါကြောင့် ခပ်မြန်မြန်စားသင့်ပါတယ်။

ကြက်ဥက ရေထဲမှာ ပေါလောပေါ်နေတယ်ဆိုရင်တော့ လုံးဝမစားသင့်တောပါဘူး။

နည်းလမ်း ၂

ကြက်ဥကို နားနားကပ်ပြီး လှုပ်ကြည့်လိုက်ပါ။ ဘာအသံမှ မကြားရရင် ကြက်ဥက လတ်ဆတ်ပါသေးတယ်။ တစွပ်စွပ်အသံကြားရရင်တော့ ကြက်ဥက စတင်ပြီး ပုပ်နေပါပြီ။ ကြက်ဥထဲက အရည်က အငွေ့ပျံ့နေပြီး အကာနဲ့အနှစ်က စတင်ပြီး ခြောက်ကပ်လာတာကြောင့် အသံကြားရတာပါ။

နည်းလမ်း ၃

ကြက်ဥကို ပန်းကန်ပြားတစ်ချပ်ထဲမှာ ခွဲထည့်လိုက်ပါ။ ကြက်ဥအနံ့က ဟိုက်ဒရိုဂျင်ဆာလဖိုက်အနံ့ထွက်နေရင်တော့ မစားသင့်တော့ပါဘူး။ အနံ့က ပုံမှန်ပဲဆိုရင်တော့ စားလို့ရပါသေးတယ်။

နည်းလမ်း ၄

ကြက်ဥကို ပန်းကန်လုံးတစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ကြက်ဥက လတ်ဆတ်နေသေးရင် ကြက်ဥအနှစ်က တင်းတင်းလေးနဲ့ ဖောင်းဖောင်းလေး ဖြစ်နေပါတယ်။ အကာသားကလည်း ပျစ်နေပါတယ်။

ကြက်ဥက ပုပ်နေတဲ့အခါမှာ ကြက်ဥထဲမှာ အနက်ရောင်နဲ့ အစိမ်းရောင် အစက်အပြောက်တွေကို မြင်ရမှာပါ။ ကြက်ဥအကာသားကလည်း မပျစ်ဘဲ ရေလို ဖြစ်နေတတ်ပါတယ်။

Bonus

- ကြက်ဥကို သေသေချာချာသိမ်းဆည်းထားရင် ၂ ပတ်အထိ လတ်ဆတ်နေနိုင်ပါတယ်။

- ကြက်ဥကို သိမ်းမယ်ဆိုရင် ရေဆေးပြီးတော့ မသိမ်းသင့်ပါဘူး။ ရေဆေးလိုက်တဲ့အခါ ကြက်ဥကို ကာကွယ်ပေးတဲ့ အလွှာလေးက ကွာကျပြီး ကြာကြာအထားမခံတော့ပါဘူး။

- ကြက်ဥရဲ့အနှစ်က လိမ္မော်ရောင်နဲ့ အဝါရောင်ဆိုပြီး ကွဲပြားနေတာက ကြက်မရဲ့အမျိုးအစားပေါ်မူတည်တာကြောင့် ဘာမှမဖြစ်ပါဘူး။

- ကြက်ဥကို ရေခဲသေတ္တာရဲ့ တံခါးမှာပါတဲ့အကန့်တွေမှာ မသိမ်းသင့်ပါဘူး။ အပူချိန်က မကြာခဏပြောင်းလဲတာကြောင့် ကြက်ဥက မြန်မြန်ပုပ်သွားတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments