ကြောင်ချစ်တတ်သူတွေအတွက် ဘီဘီစီက ကမ္ဘာ့အသေးဆုံးကြောင်လေးအကြောင်းကို မျှဝေခဲ့ပါတယ်။ ကြောင်လေးကို ကြည့်လိုက်ရင်တော့ ကြောက်ပေါက်စလေးလို့ပဲ ထင်ရပါတယ်။
ဒါပေမယ့် သေချာကြည့်တဲ့အခါမှာတော့ ကြောင်လေးက အရွယ်ရောက်နေတဲ့ ကြောင်ထီးလေးပါ။ ကြောင်လေးက သင့်ရဲ့လက်ဖဝါးလောက် အရွယ်အစားပဲ ရှိပါတယ်။
ကြောင်လေး သစ်ရွက်တွေနဲ့ ကစားရုံတင်မကပါဘူး။ ကိုယ်ယောင်ဖျောက်ဖို့အတွက် သစ်ရွက်တွေကိုပါ အသုံးပြုလေ့ရှိပါတယ်။ ဒီကြောင်လေးတွေက ပုံမှန်အားဖြင့် အဖော်မဲ့နေတတ်ပါတယ်။
ဒါပေမယ့် သူတို့တွေက သွက်သွက်လက်လက်နဲ့ အဆော့လည်း သန်ပါတယ်။ ကမ္ဘာ့အသေးဆုံးကြောင်လေးက အရိုင်းဖြစ်နေပေမယ့်လည်း အချို့တွေကတော့ အိမ်မှာ မွေးလို့ရနိုင်မယ်လို့ သုံးသပ်ကြပါတယ်။
ကမ္ဘာ့အသေးဆုံးကြောင်လေးရဲ့မျက်လုံးက လူသားတွေရဲ့မျက်လုံးထက် ၆ ဆ ပိုမိုစူးရှပါတယ်။ သူတို့တွေရဲ့ မျက်လုံးက အမြဲလိုလို စူးစမ်းရှာဖွေနေတတ်ပါတယ်။
ကမ္ဘာ့အသေးဆုံးကြောင်လေးတွေက အာရှဒေသမှာ နေထိုင်ကြပါတယ်။ အိန္ဒိယနဲ့ သီရီလင်္ကာမှာ အတွေ့ရများပြီး နီပေါနိုင်ငံမှာလည်း အနည်းငယ်တွေ့ရပါတယ်။ သူတို့လေးတွေက စိုစွတ်တဲ့ သစ်တောတွေမှာ အနေများပါတယ်။ မြက်ထူတဲ့တောထဲမှာလည်း ရှင်သန်နိုင်ကြပါတယ်။
ကမ္ဘာ့အသေးဆုံးကြောင်လေးတွေကို ဥပဒေအရ ကာကွယ်ပေးထားပါတယ်။ ကြောင်လေးတွေကို အမဲလိုက်တာ၊ အရောင်းအဝယ်ပြုလုပ်တာဟာ အိန္ဒိယနဲ့ သီရီလင်္ကာနိုင်ငံမှာ တရားမဝင်ပါဘူး။
ဒါပေမယ့် လူသားတွေကတော့ ကြောင်လေးတွေကို လိုက်ဖမ်းဆဲပါပဲ။ အခုဆိုရင်တော့ ကမ္ဘာပေါ်က အသေးဆုံးကြောင်လေးတွေရဲ့အကောင်ရေက အလွန်ကို နည်းပါးလာပါပြီ။
ရုပ်သံ
Zombie (lovemedia)
0 Comments