လူတစ်ယောက်နဲ့တစ်ယောက်မှာ ဆွဲဆောင်မှုရှိပုံချင်း မတူညီနိုင်ပါဘူး။ အချို့တွေအတွက် ဆွဲဆောင်မှုရှိနေတဲ့အရာဟာ အချို့တွေအတွက်တော့ ငြီးငွေ့ဖွယ်ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကတော့ သင့်ကို ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် ပေါ်လွင်နေစေမှာပါ။
၁။ နှုတ်ခမ်းနီအနီရောင်
အနီရောင်နှုတ်ခမ်းနီက နွေးထွေးခြင်းနဲ့ အကောင်းမြင်ခြင်း စွမ်းအားရှီပါတယ်။ မျက်လုံး၊ နှုတ်ခမ်း၊ မျက်ခုံးတွေက အချိန်တွေ ကြာလာရင် အရောင်မှိန်လာပါတယ်။
အဲဒီလိုအရောင်မှိန်နေတဲ့အချိန်တွေမှာတောင် အနီရောင်နှုတ်ခမ်းနီရဲရဲက သင့်ကို ပြည့်စုံသွားစေပါတယ်။ နှုတ်ခမ်းနီအနီရောင်က မိန်းမဆန်ခြင်းကိုလည်း ဖော်ပြရာရောက်ပါတယ်။
၂။ ခေါင်းကို အနည်းငယ် စောင်းလိုက်ခြင်း
ခေါင်းကို အမြဲတမ်းစောင်းထားရမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်တဲ့အခါမှသာ စောင်းထားသင့်တာပါ။ ခေါင်းကို အနည်းငယ်စောင်းပြီး ဓာတ်ပုံရိုက်တာက သင့်ကို ပိုပြီး လှပသွားစေပါတယ်။
ခေါင်းစောင်းလိုက်တဲ့အချိန်မှာ မျက်နှာကြွက်သားတွေက ပြေလျှော့သွားပြီး အပြုံးတွေကလည်း ပိုပြီး သဘာဝဆန်လာပါတယ်။
၃။ မျက်လုံးတွေနဲ့ ပြုံးခြင်း
ပြုံးတဲ့အခါမှာ ပိုပြီးတော့ အသက်ဝင်အောင်လို့ မျက်လုံးတွေပါ ပြုံးလိုက်ပါ။ မျက်လုံးပါထည့်ပြီးပြုံးပါများရင် မျက်လုံးဘေးမှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ ဒါပေမယ့် သင့်ရဲ့မျက်နှာအလှတွေက မျက်လုံးရဲ့အပြုံးကြောင့် ထင်ရှားလာပါတယ်။
၄။ အမာရွတ်
ကိန်းဂဏန်းအချက်အလက်တွေအရ အမျိုးသမီးတွေက မျက်နှာမှာ အမာရွတ်ရှိတဲ့အမျိုးသားတွေကို ပိုပြီး သဘောကျလေ့ရှိပါတယ်။
မျက်နှာမှာ အမာရွတ်ရှိခြင်းက ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ယောက်ျားဆန်ခြင်းကို ဖော်ပြနေသလိုပါပဲ။ အမာရွတ်တွေကို မဖုံးကွယ်ဘဲ သဘာဝအတိုင်း ထားတာက သင့်ကို ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် မြင်စေပါတယ်။
၅။ ပါးအို့နီ
ပန်းရောင်ပြေးနေတဲ့ ပါးပြင်လေးတွေက အမျိုးသမီးတွေကို အရမ်းဆွဲဆောင်မှုရှိစေတဲ့အရာပါ။ သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့ပါးက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာခြင်းနဲ့ လှပခြင်းကို ဖော်ပြပေးပါတယ်။ ဒါ့အပြင် ပန်းရောင်ပါးပြင်ရှိတဲ့မိန်းကလေးတွေကို အမျိုးသားတွေက ပိုသဘောကျတတ်ကြပါတယ်။
၆။ လည်ထောင်အင်္ကျီဝတ်ခြင်း
အမျိုးသမီးအများစုက လည်ထောင်အင်္ကျီဝတ်ရတာကို သိပ်သဘောမကျပါဘူး။ တကယ်တော့ အမျိုးသမီးတွေက လည်ထောင်အင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။
လည်ထောင်အင်္ကျီဝတ်လိုက်ရင် ဆွဲဆောင်မှုပိုရှိလာပြီး မျက်နှာမှာရှိတဲ့ လှပတဲ့အစိတ်အပိုင်းတွေလည်း ပေါ်လွင်လာပါတယ်။
Zombie (lovemedia)
0 Comments