Celebrities တွေ အသုံးပြုတဲ့ ဆယ်ဖီရိုက်နည်းလမ်း (၆) ခု

ဆယ်ဖီရိုက်တဲ့အခါ မျက်နှာက မလှလို့ စိတ်တိုင်းမကျဖြစ်နေပြီလား။ အဲဒါဆိုရင်တော့ နာမည်ကြီး celebrities တွေအသုံးပြုတဲ့ ဆယ်ဖီရိုက်နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လျှာကို အာခေါင်မှာ ကပ်ထားလိုက်ပါ။

လျှာအနေအထားပြောင်းလဲသွားတာနဲ့ မျက်နှာပုံစံကလည်း ပြောင်းလဲသွားပါတယ်။ ဆယ်ဖီရိုက်တော့မယ်ဆိုရင် လျှာကို အာခေါင်မှာ ကပ်ထားလိုက်ပြီး ဘေးစောင်းရိုက်လိုက်ပါ။

အဲဒီအခါ မျက်နှာက သေးသွယ်သွားပြီး မေးရိုးလည်း ပေါ်လာပါတယ်။ မျက်နှာဖောင်းနေတာလည်း မသိသာတော့ပါဘူး။

၂။ တင်ပါးကို နောက်ဘက်အနည်းငယ် စောင်းလိုက်ပါ။

တင်ပါးကို နောက်ဘက်အနည်းငယ်စောင်းပြီး ရိုက်တာက ပေါင်တွေကို သေးသွယ်တယ်လို့ ထင်ရစေပါတယ်။ ခန္ဓာကိုယ်ဝနေမှန်းလည်း မသိသာတော့ပါဘူး။ ပြီးနောက် ခါးကို အနည်းငယ် ကိုင်းပြီးမှ ရိုက်ပါ။

၃။ နောက်ကင်မရာကို အသုံးပြုပါ။

နောက်ကင်မရာက ရှေ့ကင်မရာထက် ပိုကောင်းပါတယ်။ ပါတီ သို့မဟုတ် အလင်းရောင်နည်းတဲ့နေရာတွေမှာ နောက်ကင်မရာကိုသာ အသုံးပြုသင့်ပါတယ်။ မှန်ထဲမှာ နောက်ကင်မရာနဲ့ ဆယ်ဖီရိုက်တာက ပြီးပြည့်စုံတဲ့ဓာတ်ပုံကို ရရှိစေမှာပါ။

၄။ သာမန်နောက်ခံကိုသာ အသုံးပြုပါ။

ဆယ်ဖီရိုက်တဲ့အခါ အရမ်းကောင်းတဲ့နောက်ခံဖြစ်နေစရာမလိုဘဲ ကြည့်ကောင်းတဲ့နောက်ခံဖြစ်နေရုံနဲ့ရပါတယ်။ အဓိကကတော့ အလင်းရောင်ပါပဲ။ အရမ်းလင်းနေတဲ့ နေရောင်နဲ့ အရမ်းလင်းနေတဲ့ မီးရောင်ကို ရှောင်သင့်ပါတယ်။

၅။ လက်ကို သက်တောင့်သက်သာထားပါ။

Celebrities တွေက ဆယ်ဖီရိုက်တဲ့အခါ လက်ကိုပါ ထည့်ပြီး ရိုက်ကြပါတယ်။ မျက်နှာကို လက်နဲ့ထောက်ထားတာက ချစ်စရာကောင်းတဲ့အသွင်အပြင်ကို ရရှိစေပါတယ်။

လက်နဲ့ ဆံပင်ကို ဖွနေတာ၊ လည်ပင်းကို လက်နဲ့ကိုင်ထားတာ စတဲ့ပုံစံတွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံကို ရရှိစေမှာပါ။

၆။ မေးစေ့ကို အနည်းငယ်စောင်းလိုက်ပါ။

ဆယ်ဖီရိုက်တဲ့အခါ မျက်နှာကို အတည့်အတိုင်း မထားဘဲ မေးစေ့ကို အနည်းငယ်စောင်းလိုက်ပါ။ မျက်လုံးကလည်း ကင်မရာကို ကြည့်နေသင့်ပါတယ်။ ဒီနည်းကတော့ Kim Kardashian ရဲ့ အကြိုက်ဆုံးနည်းလမ်းဖြစ်ပြီး သူမ အမြဲတမ်းအသုံးပြုပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments