နေ့စဉ်အပြေးလေ့ကျင့်ခန်းလုပ်ရုံနဲ့ ရရှိလာမယ့်အကျိုးကျေးဇူးများ

ကမ္ဘာ့အသက်ကြီးဆုံး မာရသွန်အပြေးသမားကတော့ Fauja Singh ပါ။ သူဟာ အသက် ၁၀၁ နှစ်ရှိပြီဖြစ်ပြီး တစ်နာရီနဲ့ ၃၂ မိနစ်အတွင်း ၆.၂၅ မိုင် ပြေးနိုင်ခဲ့ပါတယ်။

ပြေးတာက ကိုယ်အလေးချိန်ကို လျော့ကျစေရုံမက အသက်လည်းရှည်စေပါတယ်။ အဲဒါကြောင့် နေ့စဉ်ပြေးရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြေးတာက အသက်ရှည်စေပါတယ်။

လေ့လာချက်တစ်ခုအရ နေ့စဉ် ၅ မိနစ်ကြာ အချိန်ပေးပြီး ပြေးရုံနဲ့ အသက် ရှည်စေပါတယ်။ ပြေးတာကြောင့် နှလုံးသွေးကြောနဲ့ပတ်သတ်တဲ့ရောဂါတွေ ဖြစ်နိုင်ချေက လျှော့ကျသွားပါတယ်။

နေ့စဉ်ပြေးနေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ ပျမ်းမျှသက်တမ်းထက် ၃ နှစ်ပိုပြီး အသက်ရှည်တာကို တွေ့ရပါတယ်။

ပြေးပေးရုံနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

နေထိုင်မှုပုံစံ၊ အစားအသောက်၊ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် စတဲ့အကြောင်းအချက်တွေကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ဖြစ်ပွားလာပါတယ်။

နေ့စဉ်ပြေးနေသူတစ်ယောက်ဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ကင်ဆာရောဂါဖြစ်နိုင်ချေက ၂၃ ရာခိုင်နှုန်းအထိ လျော့သွားပါတယ်။

တစ်ပတ်ကို မိနစ် ၅၀ ကြာပေးပေးရုံနဲ့ ကျန်းမာရေးက သိသိသာသာ ကောင်းလာပြီး ဇီဝကမ္မဖြစ်စဉ်က တိုးတက်လာပါတယ်။

နောက်ထပ်လေ့လာမှုတစ်ခုအရ တစ်နာရီကြာပြေးရင် အသက် ၇ နာရီပိုရှည်တယ်လို့ ဆိုပါတယ်။ ပြေးတာအပြင် စက်ဘီးစီးတာကလည်း ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမယ့် မြန်မြန်အဆီကျလွယ်ပြီး ကျန်းမာရေးကို ကောင်းစေတာကတော့ ပြေးတာပါပဲ။

ပြေးတာက စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။

လှုပ်လှုပ်ရှားရှားမနေဘဲ အထိုင်များတာက အသက်တိုစေပါတယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲပြီး နေ့စဉ်ပြေးပေးရုံနဲ့ စိတ်ဓာတ်တွေက ကြံ့ခိုင်လာပါတယ်။

စိတ်ဖိစီးမှုတွေလည်း လျှော့ကျပြီး အာရုံစိုက်မှုလည်း ပိုကောင်းလာပါတယ်။ ချွေးလည်း များများထွက်တာကြောင့် အသားအရေလည်း လှလာမှာပါ။

Bonus

သူမကတော့ နေ့စဉ်ပြေးပြီး ကိုယ်အလေးချိန် ၂၄၃ ပေါင်ကနေ ၁၄၅ ပေါင်အထိ လျှော့ချနိုင်ခဲ့သူပါ။ ဘယ်ဘက်ပုံကတော့ 5K marathon ကို ပထမဆုံးအကြိမ်ပြေးတုန်းက ၃၇ မိနစ်ကြာခဲ့တုန်းကပုံပါ။

ညာဘက်ပုံကတော့ ၁၇ လကြာပြီးနောက် 21K marathonကို တစ်နာရီနဲ့ ၅၁ မိနစ်သာ အချိန်ယူပြီး ပြေးနိုင်ခဲ့တဲ့ပုံဖြစ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments