ကမ္ဘာကျော်မင်းသမီးကြီး Sandra Bullock နဲ့ပတ်သက်ပြီး လူသိနည်းတဲ့အကြောင်းအရာ (၆) ချက်

ကမ္ဘာကျော်မင်းသမီးကြီး Sandra Bullock ဆိုရင် မသိသူက ခပ်ရှားရှားပါပဲ။ သူမဟာ အသက် ၅၈ နှစ်အရွယ်ရှိပေမယ့်လည်း အသက်နဲ့မလိုက်ဖက်အောင် နုပျိုပါတယ်။ Sandra Bullock နဲ့ပတ်သက်ပြီး လူသိနည်းတဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Sandra Bullock ဟာ ယမကာဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ဖူးပါတယ်။

Sandra Bullock ဟာ အော်စကာဆုတွေမရခင်၊ မအောင်မြင်ခင်တုန်းက ယမကာဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ သူမရဲ့အလုပ်အကိုင်အတွက် အထောက်အကူဖြစ်စေဖို့ စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့တာပါ။

၂။ ဘဲလေးအကကိုလည်း သင်ကြားခဲ့ပါတယ်။

Sandra Bullock က ဘက်စ်ကတ်ဘောနဲ့ ရင်းနှီးသူမဟုတ်ပေမယ့်လည်း အထက်တန်းကျောင်းသူဘဝတုန်းက ကျောင်းက အသင်းတွေကို အကြိတ်အနယ်အားပေးခဲ့ပါတယ်။ ဒါ့အပြင် သူမက ငယ်ငယ်တုန်းက ဘဲလေးအကကိုလည်း သင်ကြားခဲ့သူပါ။

၃။ ဂျာမန်ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါတယ်။

Sandra Bullock ရဲ့အမေဟာ ဂျာမန်ဘာသာစကားဆရာမတစ်ယောက်ဖြစ်သလို အော်ပရာအဆိုတော်အနေနဲ့လည်း အသက်မွေးခဲ့ပါတယ်။ သူမရဲ့မိဘတွေက ဂျာမနီမှာပဲ လက်ထပ်ခဲ့ကြတာပါ။

Sandra Bullock ကို Washington,D.C မှာ မွေးပေမယ့်လည်း ဂျာမန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ပါတယ်။

၄။ သူမက စီးပွားရေးမှာလည်း အောင်မြင်သူပါ။

Sandra Bullock က Fortis Films ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း လုပ်ကိုင်ပါတယ်။ အဲဒီထုတ်လုပ်ရေးကို ၁၉၉၀ ခုနှစ်တွေကတည်းက တည်ထောင်ခဲ့တာပါ။

သူမရဲ့ ကုမ္ပဏီကနေ နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Hope Floats, Practical Magic, Miss Conegeniality, All About Steve, The Lost City တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားတွေထဲမှာလည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၅။ သူမရဲ့ကလေးတွေက နံပါတ်တစ် ဦးစားပေးပါ။

Sandra Bullock က ကလေးတွေကို အချိန်ပေးနိုင်ဖို့အတွက် ရိုက်ကူးရေးတွေကနေ အနားယူလေ့ရှိပါတယ်။ သူမမှာ Louis ဆိုတဲ့ သားတစ်ယောက်နဲ့ Laila ဆိုတဲ့ သမီးတစ်ယောက်ရှိပါတယ်။

ကလေးနှစ်ယောက်လုံးကို မွေးစားထားတာဖြစ်ပြီး တစ်ကိုယ်တော်အမေတစ်ယောက်အဖြစ် ကလေးတွေကို ပြုစုပျိုးထောင်ပါတယ်။

၆။ Sandra Bullock က လူတွေကို ကူညီရတာကို သဘောကျသူပါ။

Sandra Bullock က အလှူအတန်းရက်ရောသူပါ။ ဒါပေမယ့် သူမရဲ့အလှူတွေကို လူတွေသိအောင် မကြေညာတတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမရဲ့အလှူပမာဏက အမေရိကန်ဒေါ်လာ ၅ မီလီယံအထိ ရှိခဲ့ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments