တဘက်တစ်ထည်ကို ဘာကြောင့် ၂ ရက်ထက်ပိုပီး မသုံးသင့်တာလဲ

မနက်ခင်းပိုင်းမှာ မျက်နှာသစ်ပြီးနောက် မျက်နှာခြောက်သွားအောင် တဘက်နဲ့ လျင်လျင်မြန်မြန်သုတ်လိုက်ကြပါတယ်။ တဘက်ကို ရေချိုးခန်းထဲမှာ လှမ်းထားခဲ့တဲ့အခါ ဘက်တီးရီးယားတွေက ပိုမိုပေါက်ဖွားလာပါတယ်။

တဘက်တစ်ထည်ကို ၂ ရက်တစ်ကြိမ် လျှော်သင့်တဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝက်ခြံတွေ ထွက်လာခြင်း

Skincare တွေ ပြုလုပ်ပေမယ့် ဝက်ခြံတွေ ထွက်လာရတဲ့အကြောင်းအရင်းတွေထဲမှာ တဘက်မသန့်ရှင်းတာလည်း ပါဝင်ပါတယ်။ တဘက်က စိုထိုင်းပြီး မသန့်ရှင်းတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေက အဆက်မပြတ်နိုင်တော့ပါဘူး။

တဘက်မှာ မျက်နှာက အဆီ၊ ဖုန်၊ ဆဲလ်သေတွေလည်း ရှိနေပါတယ်။ အဲဒါကြောင့် တဘက်တစ်ထည်တည်းကို ကြာရှည်မသုံးဘဲ နှစ်ရက်ကို တစ်ကြိမ်ပုံမှန်လျှော်ပေးသင့်ပါတယ်။

၂။ အသားအရေယားယံခြင်း

ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်တွေက တဘက်ကို မကြာခဏလျှော်ပေးသင့်ပါတယ်။ တဘက်တစ်ထည်တည်းကို တစ်ပတ်၊ ဆယ်ရက်ခန့် ကြာအောင် သုံးရင် အသားအရေယားတာ၊ အဖုအပိန့်တွေ ပေါက်တာတို့ ကြုံတွေ့လာနိုင်ပါတယ်။

တဘက်ကို ဂရုစိုက်ပြီး လျှော်ပေးရုံနဲ့ အသားအရေပြဿနာတွေ နည်းပါးသွားနိုင်ပါတယ်။

၃။ ချွေးပေါက်တွေ ပိတ်လာခြင်း

တဘက်တစ်ထည်တည်းကို ရက်ပေါင်းများစွာ အသုံးပြုတာက ပုံမှန်အသားအရေရှိသူတွေကိုတောင် အသားအရေမလှမပဖြစ်လာစေပါတယ်။

မျက်နှာမှာ ဝက်ခြံတွေ ရှိနေရင် ဝက်ခြံတွေ ပိုဆိုးလာပါတယ်။ အသားအရေ ချွေးပေါက်တွေ ပိတ်ပြီး skincare သလောက် မထိရောက်တော့ပါဘူး။

၄။ ဆံပင်ကျွတ်လာခြင်း

အရည်အသွေးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်နဲ့ conditioner က ဆံပင်ကို လှပနေစေပါတယ်။ ဒါပေမယ့် ရက်ပေါင်းများစွာ မလျှော်ဘဲ ထားထားတဲ့ တဘက်နဲ့ ခေါင်းကို ပတ်ထားတာက ဆံပင်ကျန်းမာရေးအတွက် မကောင်းပါဘူး။

တဘက်မှာ ရှိနေတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေက ဦးရေပြားကို ကူးဆက်ပြီး ဦးရေပြားခြောက်သွေ့လာပါတယ်။ အဲဒီကနေ ဆံပင်တွေ မကြာခဏကျွတ်လာပါတယ်။ ခေါင်းလျှော်ရည်ပတ်တဲ့ တဘက်ကိုလည်း ၂ ရက်တစ်ကြိမ်ခန့် လျှော်ပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments