ကမ္ဘာပေါ်က နိုင်ငံအချို့ရဲ့ ထူးထူးဆန်းဆန်းဥပဒေ (၁၀) ခု

နိုင်ငံတိုင်းမှာ မတူညီတဲ့ ဥပဒေတွေ ရှိကြပါတယ်။ အချို့သော ဥပဒေတွေက အရမ်းကို ထူးဆန်းနေတတ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာပေါ်က နိုင်ငံအချို့ရဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပေါ်တူဂီနိုင်ငံမှာ အလုပ်ချိန်ပြီးသွားတဲ့အခါ အလုပ်ရှင်က ဝန်ထမ်းတွေကို ဖုန်းဆက်တာက ဥပဒေနဲ့ဆန့်ကျင်ပါတယ်။

အလုပ်လုပ်တဲ့အခါ တရားမျှတမှုရရှိစေဖို့ ပေါ်တူဂီနိုင်ငံမှာ ဥပဒေအသစ်တစ်ရပ်ကို ၂၀၂၁ ခုနှစ်မှ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒါကတော့ အလုပ်ချိန်ကျော်လွန်သွားတဲ့အခါ အလုပ်ရှင်တွေက ဝန်ထမ်းတွေကို ဆက်သွယ်တာက ဥပဒေနဲ့ ဆန့်ကျင်ပါတယ်။

အရေးပေါ်အခြေအနေမဟုတ်ဘဲ အလုပ်ရှင်တွေက ဝန်ထမ်းတွေကို ဖုန်းဆက်တာ၊ စာပို့တာ၊ အီးမေးလ်ပို့တာတွေ လုပ်လို့မရပါဘူး။

၂။ နော်ဝေးနိုင်ငံမှာ နာမည်ကျော်တွေက သူတို့ရဲ့ဓာတ်ပုံကို ပြုပြင်ထားကြောင်း ဝန်ခံရပါတယ်။

ခန္ဓာကိုယ်ကို ဝေဖန်အပြစ်တင်တာတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေလျှော့ချဖို့ နာမည်ကြီး influencer တွေက သူတို့ရဲ့ဓာတ်ပုံတွေကို ပြင်ထားတဲ့အခါ ပြင်ထားကြောင်း ဝန်ခံရပါတယ်။

၃။ ဆွစ်ဇာလန်နိုင်ငံ Basel မြို့မှာ အဆောက်အဦးအသစ်တွေက အိမ်ခေါင်မိုးအစိမ်းရောင်ဖြစ်အောင် ပြုလုပ်ရပါတယ်။

အစိမ်းရောင်မြို့တော်ဖြစ်စေဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ Basel မြို့မှာ အသစ်ဆောက်ထားတဲ့ အဆောက်အဦးတွေကို အိမ်ခေါင်မိုးအစိမ်းရောင်ဖြစ်အောင် အပင်တွေ စိုက်ပျိုးရပါတယ်။

ပြုပြင်ထားတဲ့အဆောက်အဦးတွေကိုလည်း ခေါင်းမိုးအစိမ်းရောင်ဖြစ်အောင် ပြုလုပ်ရပါတယ်။ ခေါင်မိုး‌ပေါ်မှာ အပင်တွေစိုက်ထားတာကြောင့် လေထုညစ်ညမ်းမှုလည်း သက်သာသွားပါတယ်။

၄။ အင်္ဂလန်နိုင်ငံ Wales မှာ ကလေးတစ်ယောက်မွေးရင် သစ်ပင် ၂ ပင်စိုက်ရပါတယ်။

Wales အစိုးရက သူတို့ရဲ့ဒေသအတွင်းမှာ ကလေးတစ်ယောက်မွေးရင် သစ်ပင် ၂ ပင်စိုက်ဖို့ ဥပဒေထုတ်ပြန်ထားပါတယ်။ ကလေးတွေကို မွေးစားမယ်ဆိုရင်လည်း သစ်ပင် ၂ ပင်စိုက်ရပါတယ်။

၅။ စပိန်ုနိုင်ငံမှာ သစ်သီးတွေဝယ်မယ်ဆိုရင် ပလက်စတစ်အိတ်ကို အသုံးမပြုရပါဘူး။

ဒီဥပဒေကတော့ စပိန်ုနိုင်ငံမှာ ၂၀၂၃ ခုနှစ်ကစပြီး အသက်ဝင်လာတာပါ။ နိုင်ငံတွင်းမှာ သစ်သီးတွေ၊ အသီးအရွက်တွေ ဝယ်မယ်ဆိုရင် ပလက်စတစ်အိတ်မသုံးရဘဲ ပြန်လည်အသုံးပြုလို့ရတဲ့ အိတ်တွေကိုသာ သုံးရပါတယ်။

၆။ ဆွစ်ဇာလန်မှာ ပူးမွေးတာက တရားမဝင်ပါဘူး။

ပူးလေးတွေက လူခင်တဲ့တိရစ္ဆာန်လေးတွေဖြစ်ပြီး ခဏခဏ အထီးကျန်တတ်ပါတယ်။ အဲဒါကြောင့် ဆွစ်ဇာလန်နိုင်ငံမှာတော့ ပူးမွေးခွင့်မပြုထားပါဘူး။

၇။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ စတိုးဆိုင်က စားလို့ရသေးတဲ့အစားအစာတွေကို လှူခွင့်ပေးထားပါတယ်။

၂၀၂၂ ခုနှစ်အစပိုင်းကစပြီး စတိုးဆိုင်၊ စားသောက်ဆိုင်တွေက စားလို့ရသေးတဲ့ အစားအစာအကြွင်းအကျန်တွေကို လိုအပ်သူတွေဆီ လှူဒါန်းပေးဖို့ ခွင့်ပြုထားပါတယ်။ အဲဒါကြောင့် အစားအစာတွေက အလေအလွင့်မဖြစ်တော့ပါဘူး။

၈။ တောင်အာဖရိကမှာ ခြင်္သေ့ကို လှောင်အိမ်ထဲမှာ မွေးမြူခွင့်မပေးထားပါဘူး။

တောင်အာဖရိကနိုင်ငံမှာ ခြင်္သေ့တွေကို သဘာဝအတိုင်း နေထိုင်ခွင့်ရစေဖို့ လှောင်အိမ်ထဲမှာ မွေးခွင့်မပြုတော့ပါဘူး။ ခြင်္သေ့တွေကို အမဲလိုက်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။

၉။ ပြင်သစ်နိုင်ငံမှာ ခရီးတိုလေးတွေကို လေယာဉ်နဲ့ သွားခွင့်မပြုပါဘူး။

ပျံသန်းချိန် ၂ နာရီခွဲအောက် ခရီးတွေကို လေယာဉ်နဲ့မသွားဘဲ ရထားနဲ့ပဲ သွားဖို့ ပြင်သစ်နိုင်ငံမှာ ထုတ်ပြန်ထားပါတယ်။ ရထားတွေက ဈေးသက်သာပြီး လေယာဉ်ထက် လေထုညစ်ညမ်းမှုလည်း နည်းပါးတာကြောင့်ပါ။

၁၀။ အမေရိကန်နိုင်ငံက အချို့ပြည်နယ်တွေမှာ ခွေးတွေကို နှင်းတောထဲထားတာက ဥပဒေနဲ့မညီညွတ်ပါဘူး။

၂၀၂၀ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံက အချို့ပြည်နယ်တွေမှာ ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အရမ်းပူတဲ့ ရာသီဥတု သို့မဟုတ် အရမ်းအေးတဲ့ ရာသီဥတုတွေမှာ ခွေးတွေကို အိမ်အပြင်ဘက်မှာ မိနစ် ၃၀ ထက်ကြာအောင် ထုတ်ထားတာက ဥပဒေနဲ့ ဆန့်ကျင်တာပါ။ ဒီဥပဒေက ခွေးလေးတွေကို ကာကွယ်ဖို့အတွက် ရည်ရွယ်တာပါ။

Zombie (lovemedia)

Post a Comment

0 Comments