သူငယ်တန်းအရွယ်ကလေးတွေကို ညစဉ်စာဖတ်ပြခြင်းဖြင့် အနာဂတ်မှာရရှိလာမယ့်အကျိုးကျေးဇူးများ

ကလေးတွေကို စာဖတ်ပြဖို့ အချိန်က လူကြီးမိဘတွေအတွက် ခက်ခဲနေတတ်ပါတယ်။ လူကြီးတွေမှာ အချိန်မရတာကြောင့် ကလေးအတွက် စာဖတ်ပြဖို့အတွက် အချိန်သပ်သပ်မပေးနိုင်ကြပါဘူး။

ဒါပေမယ့် သူငယ်တန်းအရွယ်ကလေးတွေကို စာဖတ်ပြတာက ကလေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာပါ။

စာအုပ် ၅ အုပ်က ကလေးတွေကို အများကြီး ကွဲပြားခြားနားသွားအောင် လုပ်ပေးနိုင်ပါတယ်။

ကလေးတွေကို အသက် ၅ နှစ်မတိုင်ခင်မှာ နေ့စဉ်စာအုပ်ဖတ်ပြသင့်ပါတယ်။ စာအုပ် ၅ အုပ်ခန့် ဖတ်ပြရင် ကလေးတွေမှာ စကားလုံးဝေါဟာရအသစ် ၁.၄ သန်းခန့် တိုးတက်သွားပါတယ်။

ဒီပမာဏက ကလေးအတွက် စကားလုံးအသစ်တွေ အများကြီး မှတ်မိစေပြီး အတွေးအခေါ်တွေပါ ကောင်းလာစေပါတယ်။

စာဖတ်တဲ့အကျင့်ကို ပျိုးထောင်ပေးနိုင်ခြင်း


မိဘတွေက စာအုပ်ကို အသံထွက်ပြီး ဖတ်ပြတဲ့အခါ ကလေးတွေက စကားလုံးအသစ်တွေကို မှတ်မိလာပြီး စာလုံးပေါင်းတွေကိုလည်း လေ့လာချင်လာပါတယ်။

သူငယ်တန်းအရွယ်ကတည်းက ဖတ်ပြမယ်ဆိုရင် ကျောင်းစာသင်ယူတဲ့အခါမှာလည်း အထောက်အကူဖြစ်လာမှာပါ။ စာကို မြန်မြန်ဖတ်လာနိုင်ပြီး စာဖတ်တဲ့အလေ့အကျင့်ကောင်းကိုလည်း ရရှိသွားပါတယ်။

စာဖတ်တာက စကားပြောတာထက် ပိုကောင်းပါတယ်။


မိဘတွေက ကလေးတွေနဲ့ မအိပ်ခင် စကားပြောလေ့ရှိပါတယ်။ စကားပြောတာထက် စာဖတ်တာက ကလေးအတွက် ပိုပြီး အကျိုးရှိစေပါတယ်။ စာဖတ်တဲ့အခါ အကြောင်းအရာများစွာ ပါဝင်နိုင်ပါတယ်။


စာထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကနေတဆင့် ကလေးတွေအတွက် ဘဝသင်ခန်းစာတွေကို သင်ကြားပေးနိုင်သလို လိမ္မာယဉ်ကျေးသူအဖြစ်လည်း သွန်သင်ဆုံးမပေးနိုင်ပါတယ်။ မိဘနဲ့ကလေးအကြားမှာလည်း ရင်းနှီးမှုတွေ ပိုတိုးလာစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments