ခေါင်းကိုက်တာကို ဆေးမသောက်ဘဲ မိနစ် ၂၀ အတွင်း သက်သာစေမယ့်နည်းလမ်း

ခေါင်းကိုက်တာက အရမ်းကို ဆိုးရွားတဲ့ခံစားမှုပါပဲ။ ခေါင်းကိုက်တဲ့အခါမှာ ခေါင်းကိုက်ပျေက်ဆေးမရှိရင် အင်မတန်အခက်ကြုံမှာပါ။

အင်ဒီယားနားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ခေါင်းကိုက်တာကို အလျင်မြန်ဆုံးပျောက်ကင်းစေမယ့်နည်းလမ်းတစ်ရပ်ကို ရှာတွေ့ခဲ့ပါတယ်။


Elizabeth Hayes ဆိုတဲ့ အင်ဒီယားနား အမျိုးသမီးတစ်ယောက်ဟာ ခေါင်းကိုက်တဲ့ဝေဒနာကို ၁၂ နာရီကြာခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်တာကို သက်သာစေမယ့်နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေ၊ အိမ်တွင်းဖြစ်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်ခဲ့ပေမယ့် ခေါင်းကိုက်ဝေဒနာက မသက်သာသွားခဲ့ပါဘူး။ အဲဒါကြောင့် မတူညီတဲ့နည်းလမ်းတွေနဲ့ ရှာဖွေခဲ့ပါတယ်။

အွန်လိုင်းကနေ ရှာဖွေတဲ့အခါ ခေါင်းကိုက်ပျောက်အောက်လို့ လက်မနဲ့လက်ညှိုးကြားမှာ ညှပ်ထားလို့ရတဲ့ကိရိယာလေးတစ်ခုကို တွေ့သွားပါတယ်။


ဒါပေမယ့် သူမှာ အဲဒီပစ္စည်းကို ဝယ်ဖို့အချိန်မရှိတာကြောင့် အိမ်မှာရှိတဲ့အရာတစ်ခုခုနဲ့ စမ်းသပ်ကြည့်ပါတယ်။ အစားအသောက်တွေကို ညှပ်တဲ့ ကလစ်လေးကို လက်မနဲ့လက်ညှိုးကြားမှာ မိနစ် ၂၀ ခန့် ညှပ်ထားလိုက်ပါ။

ဒီနည်းလမ်းနဲ့ အရမ်းကို အဆင်ပြေပြီး ခေါင်းကိုက်သက်သာသွားတဲ့ Elizabeth Hayes က သူမရဲ့နည်းလမ်းကို Facebook မှာ မျှဝေပေးခဲ့ပါတယ်။ အစားအသောက်ကို ညှပ်တဲ့ကလစ်မဟုတ်ဘဲ လက်မနဲ့လက်ညိုးကြားကို တင်းတင်းကြပ်ကြပ်ညှပ်ထားနိုင်မယ့် ဘယ်ကိရိယာကိုမဆို အသုံးပြုနိုင်ပါတယ်။


ညှပ်ထားလို့ရမယ့်ကလစ်မရှိတဲ့အခါ လက်မနဲ့ လက်ညှိုးကြားက ချိုင့်လေးကို အချိန်ကြာရှည်အောင် ဖိထားလိုက်ပါ။

ခေါင်းကိုက်ပျောက်စေဖို့ လက်မနဲ့လက်ညှိုးကြား ဖိထားတဲ့နည်းလမ်းကို တရုတ်တိုင်းရင်းဆေးပညာမှာ ရှေးရှေးတုန်းကတည်းက အသုံးပြုခဲ့ကြပါတယ်။

ကိုယ်တွင်းအင်္ဂါတွေက တစ်ခုခနဲ့တစ်ခု ဆက်စပ်နေပါတယ်။ လက်မနဲ့လက်ညိုးကြားကို ဖိထားပေးရုံနဲ့ ခန္ဓာကိုယ်တွင်းမှာ နာကျင်မှုကို တောင့်ခံနိုင်မယ့် အစွမ်းတွေ ထွက်လာပါတယ်။


တရုတ်ဆေးပညာအရ လက်မနဲ့လက်ညိုးကြားထဲကနေရာလေးကို He Gu လို့ခေါ်ပါတယ်။ အဲဒီနေရာလေးကို ဖိပေးထားရင် စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကို သက်သာစေတာပါ။ အဲဒီနေရာလေးက အူမကြီးနဲ့လည်း ဆက်စပ်နေပါတယ်။

လက်မနဲ့လက်ညိုးကြားကို ဖိထားပေးရုံနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုလည်း သက်သာသွားစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ မပြုလုပ်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments