အလွန်အကျွံမစားသင့်တဲ့ အစားအစာ (၁၀) မျိုး

ပေါင်မုန့်၊ ကြက်ဥ၊ ငှက်ပျောသီး၊ နွားနို့တို့ဟာ လူသားတွေရဲ့ နေ့စဉ်အစားအစာတွေပါ။ ဒါပေမယ့် တစ်ခါတရံမှာ ဒီအစားအစာတွေကို အများကြီး စားမိသွားတတ်ပါတယ်။

အများကြီးစားမိသွားတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဘယ်လိုအစားအစာတွေကို တစ်နေ့တာအတွက် ဘယ်လောက်ပဲ စားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ တစ်နေ့ကို ငှက်ပျောသီး ၂ လုံး

ငှက်ပျောသီးက ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ ငှက်ပျောသီးကို တစ်နေ့ ၂ လုံးစားပေးရုံနဲ့ လုံလောက်ပါတယ်။ ငှက်ပျောသီးက အစားစားချင်စိတ်ကို ထိန်းပေးပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့အားအင်ကို ချက်ချင်းဖြည့်ပေးပါတယ်။

၂။ တစ်ပတ်ကို ကြက်ဥ ၇ လုံး

အချို့က တစ်ရက်ကို ကြက်ဥ ၂ လုံးခန့် စားကြပါတယ်။ တကယ်တော့ တစ်ပတ်လုံးမှာမှ ကြက်ဥ ၇ လုံးပဲ စားသင့်ပြီး ဒီပမာဏထက် ပိုမစားသင့်ပါဘူး။

၃။ ဆား တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ တစ်နေ့ကို ဆား ၆ ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဆား ၆ ဂရမ်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းနီးပါးပါပဲ။ ချိစ်၊ အာလူးကြော်တွေ စားမယ်ဆိုရင် ဆားကို ဒီထက်ပိုလျှော့ပြီး စားသင့်ပါတယ်။

၄။ သံလွင်ဆီ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

တစ်နေ့ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့် စားပေးရင် ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။ သံလွင်ဆီကို အပူချိန်မြင့်မြင့်နဲ့ ချက်ရင် သူ့ရဲ့အာနိသင်တွေက ဆုံးရှုံးသွားပါတယ်။

၅။ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း

အမျိုးသမီးတွေအတွက် တစ်နေ့ကို သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်းထက်ပိုပြီး မစားသုံးသင့်ပါဘူး။ အမျိုးသားတွေကတော့ တစ်နေ့ကို သကြားလက်ဖက်ရည်ဇွန်း ၉ ဇွန်းအထိ စားသုံးလို့ရပါတယ်။ ဒီပမာဏထက်ပိုပြီး စားသုံးတဲ့အခါ ဆီးချိုနဲ့ အဝလွန်တာ ဖြစ်ပေါ်လာနိုင်ပါတယ်။

၆။ တစ်နေ့ကို နွားနို့ ၃ ခွက်

အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ တစ်ရက်ကို နွားနို့ ၇၃၂ မီလီလီတာ သောက်သုံးရင် လုံလောက်ပါတယ်။ နွားနို့နဲ့ ဓာတ်မတည့်တဲ့အခါမှာတော့ လုံးဝမသောက်သုံးလည်း ရပါတယ်။

၇။ တစ်ရက်ကို ရေနွေးကြမ်း ၃ ခွက်

တစ်ရက်ကို ရေနွေးကြမ်း ၃ ခွက်ပုံမှန်သောက်ပေးရင် လေဖြတ်ရောဂါကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်စွာ ညဘက်အိပ်မပျော်တာကို ခံစားရရင် ရေနွေးကြမ်းကို မသောက်သုံးသင့်ပါဘူး။

၈။ ကော်ဖီ တစ်ရက်ကို ၃ ခွက်

Black coffee ကို တစ်ရက် ၃ ခွက်ခန့် သောက်သုံးပေးရင် အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ချေနည်းသွားတယ်လို့ ဆိုပါတယ်။ တစ်ရက်ကို ၃ ခွက်ထက် ပိုသောက်တဲ့အခါ ညဘက်အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။

၉။ တစ်နေ့ကို လိမ္မော်သီးတစ်လုံး

တစ်နေ့ကို လိမ္မော်သီးစားပေးရုံနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စီကို ရရှိမှာပါ။ လိမ္မော်သီးကို ညဘက်မှာတော့ မစားသင့်ပါဘူးနော်။

၁၀။ တစ်နေ့ကို ပေါင်မုန့် ၆ ချပ်

ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်အလေးချိန် ထိန်းချင်တာပဲ ဖြစ်ဖြစ် တစ်ရက်ကို ပေါင်မုန့် ၆ ချပ် စားပေးနိုင်ပါတယ်။ ပေါင်မုန့်အဖြူဆိုရင်တော့ ပေါင်မုန့် ၃ ချပ်ပဲ စားပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments