နိုင်ငံတိုင်းမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ထုံးတမ်းဓလေ့တွေရှိကြပါတယ်။ နိုင်ငံအချို့ရဲ့ ထူးထူးဆန်းဆန်းရိုးရာထုံးတမ်းတွေက မြန်မာနိုင်ငံက ထုံးတမ်းတွေနဲ့လည်း တူညီနေပါတယ်။ အဲဒါကြောင့် ကမ္ဘာပေါ်က နိုင်ငံအချို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ထုံးတမ်းဓလေ့တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဂရိမှာ ကလေးတွေရဲ့ သွားကျိုးလေးတွေကိုအိမ်ခေါင်မိုးပေါ် ပစ်တင်ကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကလေးတွေရဲ့ သွားကျိုးလေးတွေကို ခေါင်းအုံးအောက်မှာ ထားအိပ်သလို ဂရိနိုင်ငံမှာလည်း ကလေးတွေ သွားကျိုးရင် ကျိုးသွားတဲ့ သွားလေးကိုခေါင်မိုးပေါ် ပစ်တင်လိုက်ကြပါတယ်။
သွားကို ခေါင်မိုးပေါ် ပစ်တင်လိုက်ရင် ကလေးရဲ့ အနာဂတ်ကောင်းပြီး တစ်အိမ်လုံးအတွက်လည်း ကံကောင်းခြင်းတွေ ရောက်လာမယ်လို့ ယုံကြည်ကြပါတယ်။
၂။ အင်ဒိုနီးရှားနိုင်ငံမှာ လက်ထပ်ပြီးသားဇနီးမောင်နှံတွေက တင်းကြပ်တဲ့စည်းကမ်းတွေကို လိုက်နာရပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ Tidong အသိုက်အဝန်းမှာ လက်ထပ်ပြီးပြီးချင်း စုံတွဲတွေက ၃ ရက်တိတိ အိမ်သာကို အသုံးမပြုရပါဘူး။
လက်ထပ်ပြီးတဲ့ရက်ကနေ ၃ ရက် အိမ်သာကို အသုံးမပြုရင် ကံကောင်းခြင်းတွေက နှစ်ပေါင်းများစွာ ရရှိတယ်လို့ ယူဆကြပါတယ်။ ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် အသက်တိုတယ်လို့ ယုံကြည်ထားကြပါတယ်။
၃။ ဒိန်းမတ်နိုင်ငံမှာ အိမ်ထောင်မရှိတဲ့သူတွေကို သစ်ကြံပိုးမှုန့်နဲ့ ရေချိုးပေးကြပါတယ်။
ဒိန်းမတ်နိုင်ငံက လူတစ်ယောက်ဟာ အသက် ၂၅ နှစ်ပြည့်ပြီးတဲ့အထိ အိမ်ထောင်မရှိသေးရင် သူငယ်ချင်းတွေက သစ်ကြံပိုးမှုန့်နဲ့ ရေနဲ့ရောပြီး ရေချိုးပေးကြပါတယ်။
ဒီရိုးရာကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာတာကြတာပါ။ ဒါပေမယ့် သစ်ကြံပိုးမှုန့်နဲ့ ရေချိုးပေးတဲ့ ရိုးရာကို ယနေ့ခေတ်မှာတော့ အပျော်သဘောနဲ့သာ ပြုလုပ်ကြပါတော့တယ်။
၄။ ဖိလစ်ပိုင်နိုင်ငံမှာ အသက်ကြီးတဲ့သူတွေကို ခါးညွှတ်ပြီး အရိုအသေပေးကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဒီရိုးရာကို မာနို လို့ခေါ်ကြပါတယ်။ အသက်ငယ်သူတွေက အသက်ကြီးသူတွေရဲ့လက်ကို နဖူးပေါ်မှာ တင်ပြီး အရိုအသေပေးကြပါတယ်။ နှုတ်ဆက်တဲ့အခါမှာလည်း အသက်ကြီးသူတွေရဲ့ ဆုတောင်းစကားကို ခံယူကြပါတယ်။
၅။ ထိုင်းနိုင်ငံမှာ မျောက်တွေကို ဘူဖေးကျွေးပါတယ်။
နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့မှာချမ်းသာတဲ့လူတွေက Macsques ကို ရောက်လာပြီး မျောက်တွေကို အစာကျွေးကြပါတယ်။
မျောက်တွေကို အသီးအနှံနဲ့ အသီးအရွက်တွေကို ဘူဖေးကျွေးတာကြောင့် မျောက်တွေက အားရပါးရစားကြပါတယ်။ မျောက်တွေကို အစာကျွေးတာက ကံကောင်းစေတယ်လို့ ယုံကြည်တာကြောင့်ပါ။
၆။ ဂျာမနီနိုင်ငံမှာတော့ သတို့သမီးလောင်းရဲ့အိမ်ရှေ့မှာ ပစ္စည်းတွေကို ခွဲကြပါတယ်။
စုံတွဲတွေ လက်မထပ်ခင် တစ်ပတ်အလိုမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အခြားသောလူတွေက သတို့သမီးရဲ့မိဘအိမ်ရှေ့မှာ မလိုအပ်တဲ့ပစ္စည်းတွေ၊ ပန်းကန်ပြားတွေ ယူလာပြီး ခွဲကြပါတယ်။
ပစ္စည်းတွေ ခွဲပြီးနောက်မှာတော့ သတို့သားရဲ့မိဘတွေက ခွဲထားတဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလာလုပ်ပေးရပါတယ်။ ကြုံလာမယ့်ပြဿနာတွေကို အတူတကွဖြေရှင်းမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
၇။ ဘော့စ်နီးနိုင်ငံမှာ နွေဦးရောက်တဲ့အခါ ကြက်ဥမွှေကြော် စားကြပါတယ်။
နွေဦးရာသီကို ကြိုဆိုတဲ့အနေနဲ့ Bosna မြစ်ဘေးမှာ မီးပုံပွဲ ပြုလုပ်ပါတယ်။ အဲဒီနောက် သံဒယ်အိုးအကြီးကြီးထဲမှာ ကြက်ဥတွေ ဖောက်ထည့်ပြီး ကြက်ဥမွှေကြော် စားကြပါတယ်။
၈။ Gluucestershire မှာ ချိစ်တွေကို တောင်ပေါ်ကနေ လှိမ့်ချကြပါတယ်။
Cooper တောင်မှာ အလေးချိန် ၆ ပေါင်ကနေ ၈ ပေါင်ခန့် ရှိတဲ့ ချိစ်တွေကို တောင်ပေါ်ကနေ လှိမ့်ချကြပါတယ်။ အဲဒီနောက် အဲဒီလူတွေက တောင်ပေါ်ကနေ ပြေးဆင်းပြီး ချိစ်တွေကို လိုက်ဖမ်းကြပါတယ်။
တောင်က မတ်စောက်တာကြောင့် အချို့တွေက လက်တွေပါ ကျိုးကြပါတယ်။ ဒီရိုးရာကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကတည်းက ပြုလုပ်ခဲ့တာပါ။
၉။ ကနေဒါနိုင်ငံမှာ ဆံပင်တွေကို ရေခဲတဲ့ပြိုင်ပွဲပြုလုပ်ပါတယ်။
ကနေဒါနိုင်ငံမှာ အပူချိန်အနှုတ် ၄ ဒီဂရီဖာရင်ဟိုက်အထိ ရောက်တဲ့အခါ လူတွေက ရေပူစမ်းကို သွားကြပါတယ်။
အဲဒီနောက် ဦးခေါင်းကို ရေထဲနှစ်ပြီး ဆံပင်တွေ ရေခဲအောင် ပြုလုပ်ပြီး ယှဉ်ပြိုင်ကြပါတယ်။ ဆံပင်နဲ့ မုတ်ဆိတ်တွေ ချက်ချင်းခဲသွားရင် ရေကန်ဘေးက ခေါင်းလောင်းလေးကို နှိပ်လိုက်လို့ရပါတယ်။
၁၀။ မက္ကဆီကိုနိုင်ငံမှာ မွေးနေ့ကိတ်ပေါ်ကို မွေးနေ့ရှင်ရဲ့မျက်နှာနဲ့ ဖိချလေ့ရှိကြပါတယ်။
မွေးနေ့ရှင်ကို မွေးနေ့ကိတ်ပထမဆုံး စားရအောင်လို့ ကိတ်ကို မျက်နှာနဲ့ ဖိကပ်လိုက်ကြပါတယ်။ အဲဒီနောက်မှသာ အခြားသူတွေကို မွေးနေ့ကိတ်ကျွေးကြပါတယ်။
Zombie (lovemedia)
0 Comments