လူသားတွေလိုပဲ အပင်တွေကိုလည်း ကျန်းမာနေအောင် ဂရုစိုက်ပေဖို့ လိုအပ်ပါတယ်။ အပင်လေးတွေက လေထုကို သန့်စင်ပေးပြီး စိတ်ကို ကြည်လင်စေပါတယ်။
ဒါပေမယ့် ရေတွေအများကြီးလောင်းမိတဲ့အခါ၊ ရေတွေနည်းနည်းပဲ လောင်းမိတဲ့အခါ အပင်လေး မရှင်သန်နိုင်တော့ပါဘူး။
မရှင်သန်တော့ဘဲ ခပ်ယဲ့ယဲ့ဖြစ်နေတဲ့အပင်တွေကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရေမလုံလောက်လို့ ခြောက်သွေ့နေတဲ့အပင်
အပင်ရဲ့အရွက်ခြောက်တွေနဲ့ ညှိုးနွမ်းနေတဲ့ပင်စည်ကို ဖြတ်ထုတ်လိုက်ပါ။ အပင်ကို မြေကြီးထဲကနေ ဖြည်းဖြည်းချင်း ဆွဲထုတ်ပြီး ပိုကြီးထဲ အိုးထဲကို ပြောင်းစိုက်လိုက်ပါ။ အပင်ကို ရေပုံမှန်လောင်းပေးပြီး စိုက်လို့ရပါပြီ။
အပင်ကို နေရောင်ခြည်အောက်မှာ ထားလို့ရသလို အပေါ်ကနေ ပလက်စတစ်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ လေဝင်လေထွက်ကောင်းအောင်လို့ ပလက်စတစ်မှာ အပေါက်လေးတွေ ဖောက်ပေးထားဖို့ လိုအပ်ပါတယ်။
၂။ ရေများနေတဲ့ အပင်
အပင်ကို အိုးထဲကနေ အမြစ်ပါအောင် ဖြည်းဖြည်းချင်းဆွဲထုတ်ပြီး ရေဆေးပေးလိုက်ပါ။ အပင်ရဲ့အမြစ်က မည်းပြီး ဖွာထွက်နေရင် ပြန်စိုက်လို့မရတော့ပါဘူး။
အပင်ရဲ့အမြစ်က အနည်းငယ်စိမ်းနေသေးရင်တော့ နေရောင်ခြည်တိုက်ရိုက် မကျရောက်တဲ့နေရာမှာ ရက်အနည်းငယ်ကြာ ထားပြီးမှ ပြန်စိုက်ပါ။
၃။ မှိုတက်နေတဲ့အပင်
အပင်က အရွက်တွေအားလုံးကို ပိတ်စတစ်စနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ အပင်က မှိုတက်နေတဲ့အခါ အိုးနဲ့ မြေကြီးကို အသစ်လဲပြီး စိုက်ပျိုးသင့်ပါတယ်။ မှိုကို ကာကွယ်ပေးနိုင်တဲ့ ပိုးသတ်ဆေးကိုလည်း ထည့်သွင်းစိုက်နိုင်ပါတယ်။
၄။ အင်းဆက်ပိုးကျနေတဲ့အပင်
ပိုးကျနေတဲ့သစ်ရွက်တွေနဲ့ ပင်စည်တွေကို ဖယ်ရှားလိုက်ပါ။ အပင်ကို နေရောင်ခြည်တိုက်ရိုက်မရပေမယ့် အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ခဏထားပေးပါ။ မြေဩဇာများများထည့်ပြီး မြေကြီးနဲ့အိုးပြောင်းပြီးနောက် ပြန်စိုက်လို့ရပါပြီ။
Bonus
အပင်တစ်ပင်ကို ပြန်စိုက်လို့ရ၊ မရအလွယ်ဆုံး ခွဲခြားနိုင်မယ့်နည်းလမ်းတွေကတော့
- ပင်စည်ကို စစ်ဆေးကြည့်ပါ။ ပြန်စိုက်လို့ရတဲ့အပင်က ကျစ်လျစ်ပြီး စိမ်းနေပါသေးတယ်။
- အမြစ်ကလည်း မာနေသင့်ပါတယ်။ အမြစ်က အရမ်းပျော့နေရင် မရှင်နိုင်တော့ပါဘူး။
- အမြစ်က မာနေပေမယ့် ပင်စည်က သေနေရင်လည်း ပြန်စိုက်ဖို့ အဆင်မပြေတော့ပါဘူး။
Zombie (lovemedia)
0 Comments