နာနတ်ပင်ကို အိမ်မှာတင် အလွယ်တကူစိုက်ပျိုးနည်း

နာနတ်သီးစားတဲ့အခါ နာနတ်သီးရဲ့အရွက်တွေကို လွှင့်ပစ်လေ့ရှိပါတယ်။ ဒါပေမယ့် နာနတ်သီးရဲ့ ထိပ်ပိုင်းအရွက်ကနေ နာနတ်ပင်ကို ပြန်လည် စိုက်ပျိုးလို့ရပါတယ်။

လိုအပ်သောပစ္စည်းများ

- နာနတ်သီးတစ်လုံးရဲ့ထိပ်ပိုင်း

- ၂၄ စင်တီမီတာကနေ ၃၀ စင်တီမီတာအထိ မြင့်တဲ့ဖန်ခွက်

- မြေကြီး

- ရေသန့်ဘူးအလွတ်တစ်လုံး

- ရေ

နတ်သီးကို ပြန်လည်စိုက်ပျိုးနည်း

- နာနတ်သီးရဲ့ထိပ်ပိုင်းကို ဖြတ်ယူလိုက်ပါ။

- နာနတ်သီးရဲ့အရွက်အနည်းငယ်ကို ဖယ်ရှားလိုက်ရင် ပင်စည်ကို မြင်ရပါတယ်။

- ဖြတ်ထားတဲ့ နာနတ်သီးရဲ့ ထိပ်ပိုင်းကို ရေထဲမှာ အထောင်လိုက် ထည့်ထားလိုက်ပါ။

- ပင်စည်ကနေ အမြစ် ၃ စင်တီမီတာခန့်ထွက်လာတဲ့အထိ စောင့်ပေးပါ။

- ဖန်ခွက်ထဲကို မြေကြီးတွေ ထည့်ပါ။

- ရေသန့်ဘူးအလွတ်ကို အလယ်ကနေ ဖြတ်ပြီး မြေကြီးထဲမှာ ဇောက်ထိုးစိုက်လိုက်ပါ။ အပေါ်မှာ ၄ စင်တီမီတာခန့် ချန်ထားပြီး ဘူးရဲ့အောက်ခံကို ဖြတ်လိုက်ပါ။

- နာနတ်သီးရဲ့အမြစ်ကို ဘူးပေါ်မှာ စိုက်လိုက်ပြီး မြေကြီးတွေ ဖုံးလိုက်လို့ရပါပြီ။

- နာနတ်ပင်ကို ပုံမှန်ရေလောင်းပေးပါ။ ရေတွေကို အများကြီးလောင်းရင်လည်း မရှင်နိုင်ပါဘူး။ ဒါပေမယ့် မြေကြီးကတော့ စိုစွတ်နေသင့်ပါတယ်။

- နာနတ်ရဲ့ပင်စည် တဖြည်းဖြည်းကြီးလာဖို့ တစ်လကနေ ၄ လအထိ ကြာပါတယ်။ အပင်ကြီးလာတာနဲ့အမျှ အိုးပြောင်းပြီး စိုက်ဖို့ လိုအပ်ပါတယ်။

Bonus

- နာနတ်သီးဝယ်တဲ့အခါ အရွက်တွေ စိမ်းနေတဲ့အသီးကိုသာ ဝယ်ပါ။ အရွက်တွေ ခြောက်ပြီး အညိုရောင်သန်းနေရင် မဝယ်သင့်ပါဘူး။

- နာနတ်သီးက နေရောင်ခြည်ကို သဘောကျပါတယ်။

- နာနတ်သီးကို အိုးထဲမှာ စိုက်တဲ့အခါ အပေါ်ယံမြေကြီးကို မယူသင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments